မန္တလေးမြို့သို့ ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို ရင်ဆိုင်နေကြရ

 2478

သန့်ဇင် (NP News) - ဇူလိုင် ၁၆

မန္တလေးမြို့သို့ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်းကြီးမြင့်ခြင်း ဒဏ်ကို ရင်ဆိုင်နေကြရကြောင်း စစ်ရှောင်ပြည်သူများအား လိုက်လံကူညီပေးနေသည့် မန္တလေးမြို့ခံတစ်ဦးက NP News သို့ပြောသည်။

MNDAA နှင့် TNLA အဖွဲ့က နောင်ချိုမြို့၊ ကျောက်မဲမြို့ နှင့် မိုးကုတ်မြို့တို့တွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့သည့်အပြင် လားရှိုးမြို့နှင့်အနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရာတွင် စစ်ဘေးရှောင်အများအပြား သည် ၎င်းတို့အတွက် ဘေးကင်းမည်ဟု ယူဆသော မန္တလေးမြို့သို့ ဦးတည်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူစစ်ဘေးရှောင်ပြည်သူများသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းနှင့် မန္တလေးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဘေးကင်းသောနေရာအသီးသီးသို့ တိမ်းရှောင်နေကြရ ကြောင်းသိရသည်။ “ နေရာဒေသအသီးသီးကနေ စစ်ဘေးရှောင်လာတဲ့လူတွေထဲမှာ တချို့က အိမ်ငှား ဖို့ကို တော်တော်ကိုအခက်အခဲဖြစ်နေကြတာဗျ။ အဲဒါကြောင့် ဘုန်းကြီးကျောင်းတွေမှာတောင် ပြည့်နေ ကြပြီ။ ဘုန်းကြီးကျောင်းတွေမှာ ဆိုရင်လည်း အလွှာပေါင်းစုံကနေလာနေကြတာ။ တချို့ကလည်း သူတို့ နဲ့ ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းလေးမှာ သွားပြီးနေကြတာတို့ တချို့ကလည်း စစ်ဘေးသာ ရှောင်လာကြတာ ပိုက်ဆံကလည်း မပါကြဘူးပေါ့။ အိမ်ငှားရမယ်ဆိုရင် တစ်လချင်းပေးလေးတွေနဲ့ အိမ်ရှင်တွေက ငှားရင် အဆင်ပြေကြတယ်။ ပါလာတဲ့ရွှေတိုငွေစလေးတွေ ရောင်းပြီး (၃)လလောက် တော့ကြိတ်မှိတ်ပြီးနေကြမယ်ပေါ့။ အဲဒါကိုမှ အိမ်ရှင်တချို့က ကောင်းပေမယ့် တချို့အိမ်ရှင်တွေက ပွဲစားတွေနဲ့လုပ်စားကြတာလည်း အများကြီးပါပဲ။ ပွဲစားတွေကလည်း ပွဲစားခ မရရင် လုပ်မပေးချင် ကြဘူး” ဟု စစ်ရှောင်ပြည်သူများအား လိုက်လံကူညီပေးနေသည့် မန္တလေးမြို့ခံတစ်ဦး ကပြောသည်။

ထို့ပြင် မန္တလေးမြို့၌ အိမ်ငှားရာတွင် ယခင်က လုံးချင်းအိမ်တစ်လုံးအတွက် ငှားရမ်းခမှာ တစ်လလျှင် ငွေကျပ်(၁၇၀ဝဝဝ)ပေးရပြီး လက်ရှိတွင် ဈေးနှုန်း နှစ်ဆခန့်တက်သွားသည့်အပြင် ၃လ (သို့မဟုတ်) ၆ လစာချုပ်ချုပ်ဆိုမှသာ ငှားရမ်းပေးမည့် အိမ်ရှင်များလည်းရှိကြောင်း သိရသည်။

“ အိမ်ငှားခ ဈေးတင်တောင်းတာကလည်းရှိတယ်။ မန္တလေးမှာက အရင်တည်းက အိမ်ငှားခ ဈေးကြီးတယ်။ ပုံမှန်အိမ်ငှားခဈေးနှုန်းတွေက ၇ သောင်း၊ ၈ သောင်းပေါ့။ တချို့အိမ်ရှင်တွေက တော်ပါ တယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်တည်းက ဒီဈေးပါပဲ။ စီးပွားရေးကျပ်တည်းနေတဲ့ကာလမှာလည်း ဒီဈေး ပါပဲ။ ဒါပေမဲ့ တချို့တွေက ပွဲစားတွေနဲ့ပေါင်းပြီး တစ်လချင်း ငွေမချေရတော့ဘဲ (၆)လတို့၊ (၃)လတို့ ဆိုပြီး ဖြစ်လာတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ ဝင်ရောက်စစ်ဘေးရှောင်သူများသည် လည်း အိမ်ငှားခဈေးနှုန်းကြီးမြင့်ခြင်းအပြင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း လားရှိုးမြို့မှစစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ရှမ်းမြောက်ဘက်က စစ်ရှောင်လာတဲ့လူ တော်တော်များများက ရှမ်းတောင်ပိုင်းက တောင်ကြီးတို့၊ ရပ်စောက်တို့ဘက်မှာရှောင်ကြတာများတယ်။ မန္တလေးဘက်မှာလည်း ရှောင်ကြတာ တွေရှိတယ်။ ဘုန်းကြီး ကျောင်းတွေမှာလည်း လူတွေပြွတ်သိပ်နေတာပဲ။ တချို့ဆို အိမ်လေးသေး သေးလေးတွေနဲ့ အခန်းသေးသေးလေးတွေကိုတောင် မတန်တဆ ဈေးတွေပေးပြီး ငှားနေနေရတာ ရှိတယ်” ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာစိတ်ဖြင့် အကူအညီပေးသူများလည်းရှိနေပြီး တချို့က ၎င်းတို့၏လုပ်ငန်းများတွင် စစ်ဘေးရှောင်ပြည်သူများဝင် ရောက်လုပ်ကိုင်နိုင်ကြောင်း ဖိတ်ခေါ်စာများကို ၎င်းတို့၏လူမှုကွန်ရက် Facebook စာမျက်နှာများထက် တွင် အသီးသီးအသိပေးထားကြသည်ကိုလည်း တွေ့မြင်ရသည်။

zawgyi version
မႏၲေလးၿမိဳ႕သို႔ ဝင္ေရာက္ခိုလႈံသည့္ စစ္ေရွာင္ျပည္သူအခ်ိဳ႕ အိမ္ငွားခေဈးႏႈန္း ႀကီးျမင့္ျခင္းဒဏ္ကို ရင္ဆိုင္ေနၾကရ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၆

မႏၲေလးၿမိဳ႕သို႔ဝင္ေရာက္ခိုလႈံသည့္ စစ္ေရွာင္ျပည္သူအခ်ိဳ႕ အိမ္ငွားခေဈးႏႈန္းႀကီးျမင့္ျခင္း ဒဏ္ကို ရင္ဆိုင္ေနၾကရေၾကာင္း စစ္ေရွာင္ျပည္သူမ်ားအား လိုက္လံကူညီေပးေနသည့္ မႏၲေလးၿမိဳ႕ခံတစ္ဦးက NP News သို႔ေျပာသည္။

MNDAA ႏွင့္ TNLA အဖြဲ႕က ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ ႏွင့္ မိုးကုတ္ၿမိဳ႕တို႔တြင္ တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ား ျပန္လည္ေဖာ္ေဆာင္ခဲ့သည့္အျပင္ လားရႈိးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္လည္း တိုက္ပြဲမ်ား ေၾကာင့္ ေဒသခံျပည္သူအမ်ားအျပား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ရာတြင္ စစ္ေဘးေရွာင္အမ်ားအျပား သည္ ၎တို႔အတြက္ ေဘးကင္းမည္ဟု ယူဆေသာ မႏၲေလးၿမိဳ႕သို႔ ဦးတည္တိမ္းေရွာင္ခဲ့ၾကျခင္းျဖစ္သည္။

အလားတူစစ္ေဘးေရွာင္ျပည္သူမ်ားသည္ ျမန္မာႏိုင္ငံအလယ္ပိုင္း၊ ေအာက္ပိုင္းႏွင့္ မႏၲေလးၿမိဳ႕ အပါအဝင္ ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ ေဘးကင္းေသာေနရာအသီးသီးသို႔ တိမ္းေရွာင္ေနၾကရ ေၾကာင္းသိရသည္။ “ ေနရာေဒသအသီးသီးကေန စစ္ေဘးေရွာင္လာတဲ့လူေတြထဲမွာ တခ်ိဳ႕က အိမ္ငွား ဖို႔ကို ေတာ္ေတာ္ကိုအခက္အခဲျဖစ္ေနၾကတာဗ်။ အဲဒါေၾကာင့္ ဘုန္းႀကီးေက်ာင္းေတြမွာေတာင္ ျပည့္ေန ၾကၿပီ။ ဘုန္းႀကီးေက်ာင္းေတြမွာ ဆိုရင္လည္း အလႊာေပါင္းစုံကေနလာေနၾကတာ။ တခ်ိဳ႕ကလည္း သူတို႔ နဲ႔ ရင္းႏွီးတဲ့ ဘုန္းႀကီးေက်ာင္းေလးမွာ သြားၿပီးေနၾကတာတို႔ တခ်ိဳ႕ကလည္း စစ္ေဘးသာ ေရွာင္လာၾကတာ ပိုက္ဆံကလည္း မပါၾကဘူးေပါ့။ အိမ္ငွားရမယ္ဆိုရင္ တစ္လခ်င္းေပးေလးေတြနဲ႔ အိမ္ရွင္ေတြက ငွားရင္ အဆင္ေျပၾကတယ္။ ပါလာတဲ့ေ႐ႊတိုေငြစေလးေတြ ေရာင္းၿပီး (၃)လေလာက္ ေတာ့ႀကိတ္မွိတ္ၿပီးေနၾကမယ္ေပါ့။ အဲဒါကိုမွ အိမ္ရွင္တခ်ိဳ႕က ေကာင္းေပမယ့္ တခ်ိဳ႕အိမ္ရွင္ေတြက ပြဲစားေတြနဲ႔လုပ္စားၾကတာလည္း အမ်ားႀကီးပါပဲ။ ပြဲစားေတြကလည္း ပြဲစားခ မရရင္ လုပ္မေပးခ်င္ ၾကဘူး” ဟု စစ္ေရွာင္ျပည္သူမ်ားအား လိုက္လံကူညီေပးေနသည့္ မႏၲေလးၿမိဳ႕ခံတစ္ဦး ကေျပာသည္။

ထို႔ျပင္ မႏၲေလးၿမိဳ႕၌ အိမ္ငွားရာတြင္ ယခင္က လုံးခ်င္းအိမ္တစ္လုံးအတြက္ ငွားရမ္းခမွာ တစ္လလွ်င္ ေငြက်ပ္(၁၇၀ဝဝဝ)ေပးရၿပီး လက္ရွိတြင္ ေဈးႏႈန္း ႏွစ္ဆခန႔္တက္သြားသည့္အျပင္ ၃လ (သို႔မဟုတ္) ၆ လစာခ်ဳပ္ခ်ဳပ္ဆိုမွသာ ငွားရမ္းေပးမည့္ အိမ္ရွင္မ်ားလည္းရွိေၾကာင္း သိရသည္။

“ အိမ္ငွားခ ေဈးတင္ေတာင္းတာကလည္းရွိတယ္။ မႏၲေလးမွာက အရင္တည္းက အိမ္ငွားခ ေဈးႀကီးတယ္။ ပုံမွန္အိမ္ငွားခေဈးႏႈန္းေတြက ၇ ေသာင္း၊ ၈ ေသာင္းေပါ့။ တခ်ိဳ႕အိမ္ရွင္ေတြက ေတာ္ပါ တယ္။ လြန္ခဲ့တဲ့ (၂)ႏွစ္ေလာက္တည္းက ဒီေဈးပါပဲ။ စီးပြားေရးက်ပ္တည္းေနတဲ့ကာလမွာလည္း ဒီေဈး ပါပဲ။ ဒါေပမဲ့ တခ်ိဳ႕ေတြက ပြဲစားေတြနဲ႔ေပါင္းၿပီး တစ္လခ်င္း ေငြမေခ်ရေတာ့ဘဲ (၆)လတို႔၊ (၃)လတို႔ ဆိုၿပီး ျဖစ္လာတယ္” ဟု ၎ကဆက္လက္ေျပာသည္။

အလားတူ ရွမ္းျပည္နယ္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕သို႔ ဝင္ေရာက္စစ္ေဘးေရွာင္သူမ်ားသည္ လည္း အိမ္ငွားခေဈးႏႈန္းႀကီးျမင့္ျခင္းအျပင္ ကုန္ေဈးႏႈန္း ႀကီးျမင့္ျခင္းမ်ားေၾကာင့္ အခက္အခဲမ်ားစြာ ျဖစ္ေပၚလ်က္ရွိေၾကာင္း လားရႈိးၿမိဳ႕မွစစ္ေရွာင္လာသူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

“ ရွမ္းေျမာက္ဘက္က စစ္ေရွာင္လာတဲ့လူ ေတာ္ေတာ္မ်ားမ်ားက ရွမ္းေတာင္ပိုင္းက ေတာင္ႀကီးတို႔၊ ရပ္ေစာက္တို႔ဘက္မွာေရွာင္ၾကတာမ်ားတယ္။ မႏၲေလးဘက္မွာလည္း ေရွာင္ၾကတာ ေတြရွိတယ္။ ဘုန္းႀကီး ေက်ာင္းေတြမွာလည္း လူေတြႁပြတ္သိပ္ေနတာပဲ။ တခ်ိဳ႕ဆို အိမ္ေလးေသး ေသးေလးေတြနဲ႔ အခန္းေသးေသးေလးေတြကိုေတာင္ မတန္တဆ ေဈးေတြေပးၿပီး ငွားေနေနရတာ ရွိတယ္” ဟု ၎ကေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာစိတ္ျဖင့္ အကူအညီေပးသူမ်ားလည္းရွိေနၿပီး တခ်ိဳ႕က ၎တို႔၏လုပ္ငန္းမ်ားတြင္ စစ္ေဘးေရွာင္ျပည္သူမ်ားဝင္ ေရာက္လုပ္ကိုင္ႏိုင္ေၾကာင္း ဖိတ္ေခၚစာမ်ားကို ၎တို႔၏လူမႈကြန္ရက္ Facebook စာမ်က္ႏွာမ်ားထက္ တြင္ အသီးသီးအသိေပးထားၾကသည္ကိုလည္း ေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.