နေတိုးအဖွဲ့ နှင့် အစ္စရေးတို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို လက်မခံကြောင်း တူရကီသမ္မတပြော

 714

ဂျန်ဇက် (NP News) - ဇူလိုင် ၁၆

အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ် အဖွဲ့နှင့် အစ္စရေးအစိုးရအဖွဲ့ကြား မိတ်ဖက် အဖြစ် ဆောင်ရွက်ခြင်းများ မဖြစ်နိုင်ကြောင်း တူရကီသမ္မတအာဒိုဂမ်ကထုတ်ဖော်ပြောဆိုလိုက်သည်။ တူရကီ သမ္မတက ” ပါလက်စတိုင်းအတွက် အလုံးစုံပြီးပြည်စုံတဲ့ ငြိမ်းချမ်းရေးရချိန်အထိ အစ္စရေးနဲ့ နေတိုး အုပ်စုကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုခွင့်ပြုမှာ မဟုတ်ဘူး” ဟုပြောသည်။ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တူရကီ နိုင်ငံအပါအဝင် အစ္စလာမ် နိုင်ငံများသည် အစ္စရေးနိုင်ငံကို ဝေဖန်တိုက်ခိုက်ခြင်းများ၊ ပိတ်ပင်တားဆီးခြင်းများ လုပ် ဆောင်ခဲ့ကြောင်းသိရသည်။

တူရကီသမ္မတက ၎င်းတို့အနေဖြင့် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲအဆုံး သတ်ရန်အတွက် သံတမန်ရေးနည်းလမ်း အသုံးပြုခြင်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ် ကြောင်း ထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် တူရကီသမ္မတက အမေရိကန် နိုင်ငံနှင့် တူရကီနိုင်ငံကြား အက်ဖ် ၁၆ အမျိုးအစား တိုက်လေယဉ်ရောင်းချမှုများနှင့် ပတ်သက်ပြီး အငြင်း ပွားမှုများကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။ တူရကီသမ္မတက” ကျွန်တော်ဟာ အက်ဖ် ၁၆ တိုက်လေယာဉ် တွေရောင်းချဖို့အတွက် အမေရိကန်သမ္မတနဲ့ ဆွေးနွေးခဲ့တယ်။ ဒီကိစ္စဟာ သီတင်းပတ်သုံးပတ်၊ လေးပတ်အတွင်းဖြေရှင်းလို့ရတဲ့ ပြသာနာမျိုးမဟုတ်ဘူး” ဟုပြောသည်။

တူရကီ သမ္မတသည် အမေရိကန်နိုင်ငံထံမှအက်ဖ် ၁၆ အမျိုးအစား တိုက်လေယာဉ်များ ဝယ်ယူရန်လိုလားခဲ့သော်လည်း အမေရိကန်အထက်လွှတ်တော်သည် တူရကီကို အမေရိကန်ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိ အက်ဖ် ၁၆ တိုက်လေယာဉ်များအပြင် အပိုပစ္စည်းများ ရောင်းချရေးနှင့်ပတ်သက်ပြီး ကန့်သတ်တားမြစ်ခဲ့ကြောင်း သိရသည်။ တူရကီသမ္မတက နေတိုးအဖွဲ့ဝင် နိုင်ငံများကြား အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စုစည်းညီညွတ်ရန်လိုအပ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် တူရကီ နိုင်ငံက အကြမ်းဖက်အဖွဲ့စည်းအဖြစ်သတ်မှတ်ထားသော PKK အဖွဲ့နှင့် ဆက်နွှယ်ပြီး တူရကီနှင့် နေတိုး အဖွဲ့ဝင်နိုင်ငံများကြား အငြင်းပွားမှုများရှိနေကြောင်းသိရသည်။

zawgyi version
ေနတိုးအဖြဲ႕ ႏွင့္ အစၥေရးတို႔ မဟာမိတ္အျဖစ္ ပူးေပါင္းေဆာင္႐ြက္မည့္ အစီအစဥ္ကို လက္မခံေၾကာင္း တူရကီသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၆

အေမရိကန္ဦးေဆာင္ေသာ ေနတိုးမဟာမိတ္ အဖြဲ႕ႏွင့္ အစၥေရးအစိုးရအဖြဲ႕ၾကား မိတ္ဖက္ အျဖစ္ ေဆာင္႐ြက္ျခင္းမ်ား မျဖစ္ႏိုင္ေၾကာင္း တူရကီသမၼတအာဒိုဂမ္ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။ တူရကီ သမၼတက ” ပါလက္စတိုင္းအတြက္ အလုံးစုံၿပီးျပည္စုံတဲ့ ၿငိမ္းခ်မ္းေရးရခ်ိန္အထိ အစၥေရးနဲ႔ ေနတိုး အုပ္စုၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြကိုခြင့္ျပဳမွာ မဟုတ္ဘူး” ဟုေျပာသည္။ အစၥေရးႏွင့္ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တူရကီ ႏိုင္ငံအပါအဝင္ အစၥလာမ္ ႏိုင္ငံမ်ားသည္ အစၥေရးႏိုင္ငံကို ေဝဖန္တိုက္ခိုက္ျခင္းမ်ား၊ ပိတ္ပင္တားဆီးျခင္းမ်ား လုပ္ ေဆာင္ခဲ့ေၾကာင္းသိရသည္။

တူရကီသမၼတက ၎တို႔အေနျဖင့္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲအဆုံး သတ္ရန္အတြက္ သံတမန္ေရးနည္းလမ္း အသုံးျပဳျခင္းမ်ားကို ဆက္လက္လုပ္ကိုင္သြားမည္ျဖစ္ ေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။ ထို႔ျပင္ တူရကီသမၼတက အေမရိကန္ ႏိုင္ငံႏွင့္ တူရကီႏိုင္ငံၾကား အက္ဖ္ ၁၆ အမ်ိဳးအစား တိုက္ေလယဥ္ေရာင္းခ်မႈမ်ားႏွင့္ ပတ္သက္ၿပီး အျငင္း ပြားမႈမ်ားကိုလည္း ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရသည္။ တူရကီသမၼတက” ကြၽန္ေတာ္ဟာ အက္ဖ္ ၁၆ တိုက္ေလယာဥ္ ေတြေရာင္းခ်ဖို႔အတြက္ အေမရိကန္သမၼတနဲ႔ ေဆြးေႏြးခဲ့တယ္။ ဒီကိစၥဟာ သီတင္းပတ္သုံးပတ္၊ ေလးပတ္အတြင္းေျဖရွင္းလို႔ရတဲ့ ျပသာနာမ်ိဳးမဟုတ္ဘူး” ဟုေျပာသည္။

တူရကီ သမၼတသည္ အေမရိကန္ႏိုင္ငံထံမွအက္ဖ္ ၁၆ အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ဝယ္ယူရန္လိုလားခဲ့ေသာ္လည္း အေမရိကန္အထက္လႊတ္ေတာ္သည္ တူရကီကို အေမရိကန္ေဒၚလာ ၂၃ ဘီလ်ံတန္ဖိုးရွိ အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားအျပင္ အပိုပစၥည္းမ်ား ေရာင္းခ်ေရးႏွင့္ပတ္သက္ၿပီး ကန႔္သတ္တားျမစ္ခဲ့ေၾကာင္း သိရသည္။ တူရကီသမၼတက ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံမ်ားၾကား အၾကမ္းဖက္တိုက္ဖ်က္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ စုစည္းညီၫြတ္ရန္လိုအပ္ေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။ လက္ရွိအခ်ိန္တြင္ တူရကီ ႏိုင္ငံက အၾကမ္းဖက္အဖြဲ႕စည္းအျဖစ္သတ္မွတ္ထားေသာ PKK အဖြဲ႕ႏွင့္ ဆက္ႏႊယ္ၿပီး တူရကီႏွင့္ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အျငင္းပြားမႈမ်ားရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.