ယူကရိန်းနှင့်စစ်ပွဲတွင် လူသစ် နှစ်သိန်းနီးပါး စုဆောင်းနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော

 734

ဂျန်ဇက် (NP News) - ဇူလိုင် ၁၆

ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း စစ်သားအဖြစ် လူပေါင်း (၂) သိန်းနီးပါးကို လူသစ်စုဆောင်းနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ တစ်ရက်ကို လူပေါင်း (၁၀ဝဝ)နီးပါး စစ်သားအဖြစ် လူသစ် စုဆောင်းနိုင်ခဲ့တယ်” ဟု ပြောသည်။ ရုရှားသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနှင့် စစ်ပွဲ ဖြစ်လာ ခဲ့ပြီးနောက်ပိုင်း လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်တွင် ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ရုရှားစစ်သား (၇)သိန်းကျော် ဖြန့်ကြက်ချထားကြောင်း ရုရှားသမ္မတ ပူတင်က ပြောသည်။

ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲအတွက် လူပေါင်း (၃)သိန်းကို စစ်သားအဖြစ် လူသစ်စုဆောင်း ရန်စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။ ယူကရိန်းသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ရုရှားကို ကြီးမားသော တန်ပြန်ထိုးစစ်ဆင်ခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့သည့်အတွက် လက်ရှိအချိန်တွင် လူသစ်ထပ်မံစုဆောင်းရန် ရုန်းကန်နေရကြောင်းသိရသည်။ သို့သော်လည်း ယူကရိန်း သမ္မတသစ်သည် စစ်သားအသစ်များထပ်မံ စုဆောင်းနိုင်ရန်အတွက် စစ်မှုထမ်းရမည့် အသက်အရွယ် ကန့်သတ်ချက်များကို အသက် (၂၇)နှစ်မှ (၂၅)နှစ်အထိ လျှော့ချပေးခဲ့ကြောင်းသိရ သည်။

ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံ အပေါ်ပြုလုပ်ခဲ့သော အထူးစစ်ဆင်ရေးစတင်ခဲ့ပြီး နောက် ယူကရိန်းပိုင်နက် (၈၈၀) စတုရန်းကီလိုမီတာကျော် လွတ်မြောက်သွားခဲ့ကြောင်း ပြောသည်။ ရုရှား နှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသော စစ်ပွဲသည် (၃)နှစ်အတွင်း ရောက်ရှိလာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးသလို ဆွေးနွေးနိုင်ခြင်းလည်း မရှိသေး ကြောင်းသိရသည်။

zawgyi version
ယူကရိန္းႏွင့္စစ္ပြဲတြင္ လူသစ္ ႏွစ္သိန္းနီးပါး စုေဆာင္းႏိုင္ခဲ့ဟု ႐ုရွားစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၆

႐ုရွားႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္အတြင္း စစ္သားအျဖစ္ လူေပါင္း (၂) သိန္းနီးပါးကို လူသစ္စုေဆာင္းႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ တစ္ရက္ကို လူေပါင္း (၁၀ဝဝ)နီးပါး စစ္သားအျဖစ္ လူသစ္ စုေဆာင္းႏိုင္ခဲ့တယ္” ဟု ေျပာသည္။ ႐ုရွားသည္ ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္တြင္ ယူကရိန္းႏွင့္ စစ္ပြဲ ျဖစ္လာ ခဲ့ၿပီးေနာက္ပိုင္း လူသစ္စုေဆာင္းမႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ရာ လက္ရွိအခ်ိန္တြင္ ယူကရိန္းႏွင့္ ျဖစ္ပြားေနေသာ စစ္ပြဲအတြင္း ႐ုရွားစစ္သား (၇)သိန္းေက်ာ္ ျဖန႔္ၾကက္ခ်ထားေၾကာင္း ႐ုရွားသမၼတ ပူတင္က ေျပာသည္။

႐ုရွားသည္ ယူကရိန္းႏွင့္စစ္ပြဲအတြက္ လူေပါင္း (၃)သိန္းကို စစ္သားအျဖစ္ လူသစ္စုေဆာင္း ရန္စီစဥ္ထားေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ယူကရိန္းသည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္တြင္ ႐ုရွားကို ႀကီးမားေသာ တန္ျပန္ထိုးစစ္ဆင္ခဲ့ေသာ္လည္း ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရခဲ့သည့္အတြက္ လက္ရွိအခ်ိန္တြင္ လူသစ္ထပ္မံစုေဆာင္းရန္ ႐ုန္းကန္ေနရေၾကာင္းသိရသည္။ သို႔ေသာ္လည္း ယူကရိန္း သမၼတသစ္သည္ စစ္သားအသစ္မ်ားထပ္မံ စုေဆာင္းႏိုင္ရန္အတြက္ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ ကန႔္သတ္ခ်က္မ်ားကို အသက္ (၂၇)ႏွစ္မွ (၂၅)ႏွစ္အထိ ေလွ်ာ့ခ်ေပးခဲ့ေၾကာင္းသိရ သည္။

႐ုရွားသမၼတပူတင္က ယူကရိန္းႏိုင္ငံ အေပၚျပဳလုပ္ခဲ့ေသာ အထူးစစ္ဆင္ေရးစတင္ခဲ့ၿပီး ေနာက္ ယူကရိန္းပိုင္နက္ (၈၈၀) စတုရန္းကီလိုမီတာေက်ာ္ လြတ္ေျမာက္သြားခဲ့ေၾကာင္း ေျပာသည္။ ႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကား ျဖစ္ပြားေနေသာ စစ္ပြဲသည္ (၃)ႏွစ္အတြင္း ေရာက္ရွိလာခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိေသးသလို ေဆြးေႏြးႏိုင္ျခင္းလည္း မရွိေသး ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.