ဂျပန်မှာ အလွန်အစပ်ကဲတဲ့ Curry chips အစပ် အာလူးကြော်ကို စားသုံးခြင်းကြောင့် အထက်တန်းကျောင်းသူ (၁၄)ဦး ဆေးရုံတက်ခဲ့ရ

 4601

ရောင်နီ(NP News) - ‌ဇူလိုင် ၁၇

ဂျပန်နိုင်ငံမှာ အစပ်ကဲတဲ့ Curry chips အာလူးကြော်ကို စားခြင်းကြောင့် ဇူလိုင်လ ၁၆ ရက်က အထက်တန်းကျောင်းသူ (၁၄)ဦး ဆေးရုံတင်ခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ အာလူးကြော်ကြောင့် အထက်တန်းကျောင်းမှ ကျောင်းသား ၃၀ ကျော် ပျို့အန်ခြင်းနဲ့ ပါးစပ်တစ်ဝိုက် ပြင်းထန်တဲ့ စပ်ပြီးနာကျင်ခြင်းတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ၎င်းတို့ထဲက ကျောင်းသူ (၁၄)ဦးဟာ အခြေအနေ ပြင်းထန်တာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ အဆိုပါ အာလူးကြော်ကို ထုတ်လုပ်သူကတော့ သူ့ရဲ့အာလူးကြော်အထုပ် မျက်နှာစာမှာတင် အသက် ၁၈ နှစ်အောက် ကလေးတွေ စားသုံးခြင်းကို တားမြစ်ထားတာ တွေ့ရပါတယ်။

အဆိုပါ အာလူးကြော်ကို "တစ္ဆေငရုတ်ကောင်း"လို့ လူသိများတဲ့ အလွန်ပူ၊ အစပ်ပြင်းတဲ့ ငရုတ်ကောင်းကို ပမာဏများများ ထည့်သွင်း အသုံးပြုထားတယ်လို့ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာဖော်ပြထားပြီး သွေးတိုးနဲ့ အစာအိမ်အားနည်းသူတွေကိုလည်း လုံးဝမစားဖို့ တားမြစ်ထားတာ တွေ့ရပါတယ်။

zawgyi version
ဂ်ပန္မွာ အလြန္အစပ္ကဲတဲ့ Curry chips အစပ္ အာလူးေၾကာ္ကို စားသုံးျခင္းေၾကာင့္ အထက္တန္းေက်ာင္းသူ (၁၄)ဦး ေဆး႐ုံတက္ခဲ့ရ
ေရာင္နီ(NP News) - ‌ဇူလိုင္ ၁၇

ဂ်ပန္ႏိုင္ငံမွာ အစပ္ကဲတဲ့ Curry chips အာလူးေၾကာ္ကို စားျခင္းေၾကာင့္ ဇူလိုင္လ ၁၆ ရက္က အထက္တန္းေက်ာင္းသူ (၁၄)ဦး ေဆး႐ုံတင္ခဲ့ရတယ္လို႔ ေဒသတြင္း မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

အဆိုပါ အာလူးေၾကာ္ေၾကာင့္ အထက္တန္းေက်ာင္းမွ ေက်ာင္းသား ၃၀ ေက်ာ္ ပ်ိဳ႕အန္ျခင္းနဲ႔ ပါးစပ္တစ္ဝိုက္ ျပင္းထန္တဲ့ စပ္ၿပီးနာက်င္ျခင္းေတြ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။ ၎တို႔ထဲက ေက်ာင္းသူ (၁၄)ဦးဟာ အေျခအေန ျပင္းထန္တာေၾကာင့္ ေဆး႐ုံတင္ခဲ့ရပါတယ္။ အဆိုပါ အာလူးေၾကာ္ကို ထုတ္လုပ္သူကေတာ့ သူ႔ရဲ႕အာလူးေၾကာ္အထုပ္ မ်က္ႏွာစာမွာတင္ အသက္ ၁၈ ႏွစ္ေအာက္ ကေလးေတြ စားသုံးျခင္းကို တားျမစ္ထားတာ ေတြ႕ရပါတယ္။

အဆိုပါ အာလူးေၾကာ္ကို "တေစၦင႐ုတ္ေကာင္း"လို႔ လူသိမ်ားတဲ့ အလြန္ပူ၊ အစပ္ျပင္းတဲ့ င႐ုတ္ေကာင္းကို ပမာဏမ်ားမ်ား ထည့္သြင္း အသုံးျပဳထားတယ္လို႔ ကုမၸဏီရဲ႕ဝက္ဘ္ဆိုက္မွာေဖာ္ျပထားၿပီး ေသြးတိုးနဲ႔ အစာအိမ္အားနည္းသူေတြကိုလည္း လုံးဝမစားဖို႔ တားျမစ္ထားတာ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.