တောင်ကိုရီးယား K-pop လောကမှာ ယောက်ျားလေး idol တွေ နည်းပါးလာ
505
ရောင်နီ (NP News) - ဇူလိုင် ၁၈
တစ်ချိန်က တောင်ကိုရီးယား K-pop စတားတစ်ယောက်ဖြစ်ဖို့ဟာ ကိုရီးယားယောက်ျားလေး၊ မိန်းကလေးတွေ အတွက် ထိပ်တန်းအိပ်မက်တွေထဲက တစ်ခုဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း အဲဒီအိမ်မက်အတွက် မိန်းကလေးတွေက ကြိုးစားနေကြဆဲဖြစ်ပေမယ့် ယောက်ကျားလေး တွေကတော့ ပြိုင်ဆိုင်မှုပြင်ထန်လွန်းခြင်း၊ ခက်ခဲလွန်းခြင်းတို့ကြောင့် ဒီလောကထဲ ဝင်ရောက်လာဖို့ မရွေးချယ်ကြ တော့ပါဘူး။ K Poper တစ်ယောက်အဖြစ် ရပ်တည်ဖို့ သင်တန်းသားတွေဟာ သုံးနှစ်မှ ငါးနှစ်အထိ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေပြုလုပ်ကြရပြီး ပွဲထွက်ခွင့်ရဖို့လည်း အပြင်းအထန်ယှဉ်ပြိုင်ကြရပါတယ်။
ဒါပေမယ့် ပြည်တွင်းတေးဂီတ အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ ၂ နှစ် မှ ၃ နှစ်အတွင်း အမျိုးသားသင်တန်းသားဦးရေ ၃၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပြီး ထရိန်နင်အဖွဲ့မှာ စုစုပေါင်း လူအယောက် ၃၀ ဆိုရင် ယောက်ျားလေးက ၁၀ ယောက်ထက်နည်းလာတယ်လို့ သိရပါတယ်။
အလားအလာရှိတဲ့ လူငယ်တွေက K Poper တွေအပေါ် အေဂျင်စီတွေက ချမှတ်တဲ့တင်းကျပ်တဲ့ စည်းမျည်း စည်းကမ်းတွေကြောင့် K Poper တစ်ယောက်ဖြစ်လာဖို့ မရုန်းကန်ကြတော့ဘဲ Instagram ဒါမှမဟုတ် YouTube မှာ influencer ဖြစ်ဖို့သာ ကြိုးစားလာကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် K-pop boy band idol တွေအတွက်၊ မဖြစ်မနေ စစ်မှုထမ်းဖို့လည်း လိုအပ်သေးသလို စစ်မှုထမ်းပြီး နောက်မှာလည်း အများစုက ပရိသတ်တွေ ဆုံးရှုံးကြရပြီး သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကို ဆက်လက် လုပ်ဆောင်ဖို့ အားနည်းသွားကြတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒါကြောင့် ပြည်တွင်း K-pop အေဂျင်စီတွေ အနေနဲ့ လက်ရှိခေတ်ရေစီးကြောင်းနဲ့အညီ သင်တန်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်း ကျင်ကို ဖန်တီးပေးဖို့ လိုသလို သင်တန်းသားတွေကို လိင်မခွဲခြားဘဲ ဆက်ဆံသင့်တယ်လို့ ဝေဖန်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယား K-pop ေလာကမွာ ေယာက္်ားေလး idol ေတြ နည္းပါးလာ
ေရာင္နီ (NP News) - ဇူလိုင္ ၁၈
တစ္ခ်ိန္က ေတာင္ကိုရီးယား K-pop စတားတစ္ေယာက္ျဖစ္ဖို႔ဟာ ကိုရီးယားေယာက္်ားေလး၊ မိန္းကေလးေတြ အတြက္ ထိပ္တန္းအိပ္မက္ေတြထဲက တစ္ခုျဖစ္ပါတယ္။
အခုလက္ရွိမွာလည္း အဲဒီအိမ္မက္အတြက္ မိန္းကေလးေတြက ႀကိဳးစားေနၾကဆဲျဖစ္ေပမယ့္ ေယာက္က်ားေလး ေတြကေတာ့ ၿပိဳင္ဆိုင္မႈျပင္ထန္လြန္းျခင္း၊ ခက္ခဲလြန္းျခင္းတို႔ေၾကာင့္ ဒီေလာကထဲ ဝင္ေရာက္လာဖို႔ မေ႐ြးခ်ယ္ၾက ေတာ့ပါဘူး။ K Poper တစ္ေယာက္အျဖစ္ ရပ္တည္ဖို႔ သင္တန္းသားေတြဟာ သုံးႏွစ္မွ ငါးႏွစ္အထိ ျပင္းထန္တဲ့ ေလ့က်င့္မႈေတြျပဳလုပ္ၾကရၿပီး ပြဲထြက္ခြင့္ရဖို႔လည္း အျပင္းအထန္ယွဥ္ၿပိဳင္ၾကရပါတယ္။
ဒါေပမယ့္ ျပည္တြင္းေတးဂီတ အဖြဲ႕တစ္ခုရဲ႕တာဝန္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ ၂ ႏွစ္ မွ ၃ ႏွစ္အတြင္း အမ်ိဳးသားသင္တန္းသားဦးေရ ၃၀ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့က်သြားၿပီး ထရိန္နင္အဖြဲ႕မွာ စုစုေပါင္း လူအေယာက္ ၃၀ ဆိုရင္ ေယာက္်ားေလးက ၁၀ ေယာက္ထက္နည္းလာတယ္လို႔ သိရပါတယ္။
အလားအလာရွိတဲ့ လူငယ္ေတြက K Poper ေတြအေပၚ ေအဂ်င္စီေတြက ခ်မွတ္တဲ့တင္းက်ပ္တဲ့ စည္းမ်ည္း စည္းကမ္းေတြေၾကာင့္ K Poper တစ္ေယာက္ျဖစ္လာဖို႔ မ႐ုန္းကန္ၾကေတာ့ဘဲ Instagram ဒါမွမဟုတ္ YouTube မွာ influencer ျဖစ္ဖို႔သာ ႀကိဳးစားလာၾကတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ K-pop boy band idol ေတြအတြက္၊ မျဖစ္မေန စစ္မႈထမ္းဖို႔လည္း လိုအပ္ေသးသလို စစ္မႈထမ္းၿပီး ေနာက္မွာလည္း အမ်ားစုက ပရိသတ္ေတြ ဆုံးရႈံးၾကရၿပီး သူတို႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းကို ဆက္လက္ လုပ္ေဆာင္ဖို႔ အားနည္းသြားၾကတယ္လို႔ သုံးသပ္သူေတြက ဆိုပါတယ္။ ဒါေၾကာင့္ ျပည္တြင္း K-pop ေအဂ်င္စီေတြ အေနနဲ႔ လက္ရွိေခတ္ေရစီးေၾကာင္းနဲ႔အညီ သင္တန္းသားေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ လုပ္ငန္းခြင္ပတ္ဝန္း က်င္ကို ဖန္တီးေပးဖို႔ လိုသလို သင္တန္းသားေတြကို လိင္မခြဲျခားဘဲ ဆက္ဆံသင့္တယ္လို႔ ေဝဖန္သူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။