မိုးလွန်ကာလတွင် ရေကြီးသောဖြစ်စဉ် ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင်တစ်ဦး သတိပေး

 956

စော (NP News) - ဇူလိုင် ၁၈

မိုးနှောင်း၊ မိုးလွန်ကာလတွင် ရေကြီးသောဖြစ်စဉ် ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က NP News ကတဆင့် သတိပေးခန့်မှန်းပြောကြားသည်။

ယခုနှစ်၊ မိုးဦးရာသီနဲ့ မိုးလယ်ရာသီတွင် မိုးများခြင်း၊ ရေကြီးခြင်း နှင့် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်းများ ကြုံတွေ့နေရကာ လက်ရှိတွင် မြစ်ရေကြီးသည့် အ‌ခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းကဆိုထား သည်။

“မိုးနှောင်းကာလ၊ မိုးလွန်ကာလတွေမှာက ကြိုတင်ပြီးတော့ ခန့်မှန်းထားတာက အခုဒီနှစ်အစပိုင်းမှာဖြစ်တဲ့ အယ်လ်နီညိုက ပူပြင်းခြောက်သွေ့တဲ့ အစွန်းရောက်ရာသီဥတုဖြစ်တယ်။ အခုနှစ်ကုန်ပိုင်းမှာက အေးမြစိုစွတ်တဲ့ လာနီညိုဆိုတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်ဖြစ်မယ်။ ဖြစ်တယ်ဆိုရင် မိုးနှောင်း၊ မိုးလွန်ကာလတွေမှာလည်း ရေကြီးတဲ့ဖြစ်စဉ်တွေဖြစ်နိုင်တယ်။ ဆောင်းရာသီမှာလည်း အအေးလိုင်းဖြတ်တာတွေလည်း ဖြစ်နိုင်တယ်။ အဲဒါတွေတော့ သတိထားကြဖို့ လိုပါမယ်”ဟု ဦးဝင်းနိုင်က ပြောသည်။

အဆိုပါမြစ်ရေကြီးမှုဖြစ်စဉ်တွင် ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရာသီဥတုပြောင်း လဲခြင်း၊ သစ်တောများပြုန်းတီးခြင်းတို့နှင့်ဆက်စပ်မှုရှိနေပြီး ယခုနှစ်စပိုင်းတွင် အစွန်းရောက်ရာသီဥတုဖြစ်စဉ်ဖြစ်သော အယ်လ်နီညီုနှစ်လည်းဖြစ်ခဲ့ကြောင်း သိရသည်။

“အရင်ဆုံးလုပ်သင့်တာက ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးခြင်း လျော့ကျလာအောင်၊ သစ်တောပြုန်းတီးမှုတွေ လျော့သွားအောင် ဒါတွေအရင်ဆုံးလုပ်ရမှာပေ့ါနော်။ တစ်ကမ္ဘာလုံးလည်း လုပ်တော့လုပ်နေကြတယ်။ အိန္ဒိယဆိုလည်း သူ့စီမံကိန်းတွေဆွဲပြီးလုပ်ကြတယ်။ ကျွန်တော်တို့ဆီမှာလည်း သစ်ပင်တွေစိုက်ကြတာတို့ ၊ သစ်‌တောတွေပြန်ပြီး ပျိုးထောင်တာတို့၊ အဲဒီဟာတွေ လုပ်တဲ့နေရာတွေလည်း လုပ်တယ်။ ခုတ်တဲ့နေရာတွေလည်း ခုတ်တယ်ဆိုတော့ မမျှတသေးဘူးဖြစ်နေတာပေ့ါ။ အဲဒီဟာတွေကို ကိုယ့်ရဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာအောင်အရင်ဆုံးလုပ်မှ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို ခံနိုင်မှာပါ။ သက်သာမှာပါ။ လျော့သွားမှာပါ“ဟု ၎င်းက အကြံပြုပြောဆိုထားသည်။

ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မိုးတွင်းကာလ၌ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ သတင်းများကိုလည်း အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်လျက်ရှိသည်။ ရေကြီးရေလျှံဖြစ်ပွားရာနေရာများသို့ ကယ်ဆယ်ရေးထွက်ရာတွင် ကားများ ကြံခိုင်မှုရှိရန်၊ ရေဘေးသင့်ပြည်သူများ၊ ကယ်ဆယ်ရေးသမားများအတွက် စားနပ်ရိက္ခာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ လက်နှိပ်ဓာတ်မီး၊ ကြိုးစသည့် ကယ်ဆယ်ရေးပစ္စည်းများကို ပြင်ဆင်ပေးထားကြောင်း သိရသည်။

zawgyi version
မိုးလြန္ကာလတြင္ ေရႀကီးေသာျဖစ္စဥ္ ထပ္မံျဖစ္ပြားႏိုင္ေၾကာင္း မိုးေလဝ သပညာရွင္တစ္ဦး သတိေပး
ေစာ (NP News) - ဇူလိုင္ ၁၈

မိုးေႏွာင္း၊ မိုးလြန္ကာလတြင္ ေရႀကီးေသာျဖစ္စဥ္ ထပ္မံျဖစ္ပြားႏိုင္ေၾကာင္း မိုးေလဝသပညာရွင္တစ္ဦးျဖစ္သူ ဦးဝင္းႏိုင္က NP News ကတဆင့္ သတိ ေပးခန႔္မွန္းေျပာၾကားသည္။

ယခုႏွစ္၊ မိုးဦးရာသီနဲ႔ မိုးလယ္ရာသီတြင္ မိုးမ်ားျခင္း၊ ေရႀကီးျခင္း ႏွင့္ ေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚျခင္းမ်ား ႀကဳံေတြ႕ေနရကာ လက္ရွိတြင္ ျမစ္ေရႀကီးသည့္ အ‌ေျခအေနကို ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း ၎ကဆိုထား သည္။

“မိုးေႏွာင္းကာလ၊ မိုးလြန္ကာလေတြမွာက ႀကိဳတင္ၿပီးေတာ့ ခန႔္မွန္းထားတာက အခုဒီႏွစ္အစပိုင္းမွာျဖစ္တဲ့ အယ္လ္နီညိဳက ပူျပင္းေျခာက္ေသြ႕တဲ့ အစြန္းေရာက္ရာသီဥတုျဖစ္တယ္။ အခုႏွစ္ကုန္ပိုင္းမွာက ေအးျမစိုစြတ္တဲ့ လာနီညိဳဆိုတဲ့ အစြန္းေရာက္ ရာသီဥတုျဖစ္စဥ္ျဖစ္မယ္။ ျဖစ္တယ္ဆိုရင္ မိုးေႏွာင္း၊ မိုးလြန္ကာလေတြမွာလည္း ေရႀကီးတဲ့ျဖစ္စဥ္ေတြျဖစ္ႏိုင္တယ္။ ေဆာင္းရာသီမွာလည္း အေအးလိုင္းျဖတ္တာေတြလည္း ျဖစ္ႏိုင္တယ္။ အဲဒါေတြေတာ့ သတိထားၾကဖို႔ လိုပါမယ္”ဟု ဦးဝင္းႏိုင္က ေျပာသည္။

အဆိုပါျမစ္ေရႀကီးမႈျဖစ္စဥ္တြင္ ကမာၻႀကီး ပူေႏြးလာျခင္း၊ ရာသီဥတုေျပာင္း လဲျခင္း၊ သစ္ေတာမ်ားျပဳန္းတီးျခင္းတို႔ႏွင့္ဆက္စပ္မႈရွိေနၿပီး ယခုႏွစ္စပိုင္းတြင္ အစြန္းေရာက္ရာသီဥတုျဖစ္စဥ္ျဖစ္ေသာ အယ္လ္နီညီဳႏွစ္လည္းျဖစ္ခဲ့ေၾကာင္း သိရသည္။

“အရင္ဆုံးလုပ္သင့္တာက ရာသီဥတုေျပာင္းလဲျခင္း၊ ကမာၻႀကီးပူေႏြးျခင္း ေလ်ာ့က်လာေအာင္၊ သစ္ေတာျပဳန္းတီးမႈေတြ ေလ်ာ့သြားေအာင္ ဒါေတြအရင္ဆုံးလုပ္ရမွာေပ့ါေနာ္။ တစ္ကမာၻလုံးလည္း လုပ္ေတာ့လုပ္ေနၾကတယ္။ အိႏၵိယဆိုလည္း သူ႔စီမံကိန္းေတြဆြဲၿပီးလုပ္ၾကတယ္။ ကြၽန္ေတာ္တို႔ဆီမွာလည္း သစ္ပင္ေတြစိုက္ၾကတာတို႔ ၊ သစ္‌ေတာေတြျပန္ၿပီး ပ်ိဳးေထာင္တာတို႔၊ အဲဒီဟာေတြ လုပ္တဲ့ေနရာေတြလည္း လုပ္တယ္။ ခုတ္တဲ့ေနရာေတြလည္း ခုတ္တယ္ဆိုေတာ့ မမွ်တေသးဘူးျဖစ္ေနတာေပ့ါ။ အဲဒီဟာေတြကို ကိုယ့္ရဲ႕ သဘာဝပတ္ဝန္းက်င္ စိမ္းလန္းစိုေျပလာေအာင္အရင္ဆုံးလုပ္မွ ရာသီဥတုေျပာင္းလဲမႈရဲ႕ ဆိုးက်ိဳးေတြကို ခံႏိုင္မွာပါ။ သက္သာမွာပါ။ ေလ်ာ့သြားမွာပါ“ဟု ၎က အႀကံျပဳေျပာဆိုထားသည္။

ထို႔ျပင္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ မိုးတြင္းကာလ၌ျဖစ္ေပၚလာႏိုင္သည့္ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ ပတ္သက္၍ သတင္းမ်ားကိုလည္း အခ်ိန္ႏွင့္တေျပးညီ အသိေပးထုတ္ျပန္လ်က္ရွိသည္။ ေရႀကီးေရလွ်ံျဖစ္ပြားရာေနရာမ်ားသို႔ ကယ္ဆယ္ေရးထြက္ရာတြင္ ကားမ်ား ႀကံခိုင္မႈရွိရန္၊ ေရေဘးသင့္ျပည္သူမ်ား၊ ကယ္ဆယ္ေရးသမားမ်ားအတြက္ စားနပ္ရိကၡာမ်ား၊ တစ္ကိုယ္ရည္သုံးပစၥည္း၊ လက္ႏွိပ္ဓာတ္မီး၊ ႀကိဳးစသည့္ ကယ္ဆယ္ေရးပစၥည္းမ်ားကို ျပင္ဆင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.