ဂျိုးဘိုင်ဒန် ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း ထုတ်ဖော်ပြောကြားလာ

 607

ALynn (NP News) - ဇူလိုင် ၁၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ပြင်းထန်သော ကျန်းမာရေးအခြေအ နေရှိပါက ၎င်းအနေဖြင့် ပြန်လည်ရွေးကောက်ခံရန် ဆုံးဖြတ်ချက်ကို ပယ် ဖျက်ရန် စဉ်းစားထားကြောင်းဝန်ခံပြီးနောက် မကြာမီတွင် အပျော့စားလက္ခဏာများနှင့်အတူ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်သည် သတင်းထောက်များအား ၎င်း၏ဇိမ်ခံကားပေါ်မှ လက်မထောင်ကာ "ကျွန်တော် နေလို့ကောင်းပါတယ်"ဟု ပြောကြားခဲ့ပြီး လာ့စ်ဗီးဂတ်စ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကိုဖြတ်ကာ ဒဲလာဝဲရှိ ၎င်း၏ကမ်းခြေနေအိမ်သို့ သီးခြားနေထိုင်ရန် သွားရောက်ခဲ့သည်။ ပြိုင်ဘက် ဒေါ်နယ်ထရမ့်နှင့် ဆိုးရွားသော စကားစစ်ထိုးပွဲအပြီးတွင် ၎င်း၏ ကျန်းမာ ရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ကာ ၎င်း၏နေရာတွင် အခြားသူအား အစားထိုးရန် ဒီမိုကရက်တစ်အချို့မှ တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဘိုင်ဒန်၏ ရောဂါအခြေအနေက အရေးကြီးသော အခိုက် အတန့်တစ်ခုဖြစ်လာခဲ့သည်။ ဘိုင်ဒန်သည် ၎င်းနေ့အစောပိုင်းတွင် မဲဆွယ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရေဒီယိုအင်တာဗျုးကို ပြောကြားခဲ့ပြီးနောက် ၎င်း၏ရွေးကောက်ပွဲရလဒ်ကို အရေးပါစေမည့် လက်တင်နိုအလုပ် သမားများကို ကိုယ်စားပြုသည့် သမဂ္ဂတစ်ခုအား မိန့်ခွန်းပြောခြင်းကို ဖျက်သိမ်းခဲ့ရသည်။

၎င်း၏ပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre က ဘိုင်ဒန်သည် ကာကွယ် ဆေးထိုးပြီး ခုခံအားမြှင့်တင်ထားကြောင်း၊ ယခုအခါ ကိုဗစ်ဆေး Paxlovid ကို သောက်နေပြီး "သီးခြားနေထိုင်ချိန်တွင် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်နေပါသည်"ဟု ပြောကြားခဲ့သည်။ အိမ်ဖြူတော်ဆရာဝန် Kevin O'Connor က ဘိုင်ဒန်သည် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း နှင့် ကိုယ်လက် မအီမသာ ခံစားနေရကြောင်းသိရှိပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံစားနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပင်ဆယ်ဗေးနီးယား လူထုစုဝေးပွဲ၌ ထရမ့်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် အီလွန်မတ်စ်က ထရမ့်ကို ထောက်ခံကြောင်း စနေနေ့ (ဇူလိုင်လ ၁၃ ရက်)တွင် ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်မဲဆန္ဒရှင်များက ၎င်းကိုထောက်ခံကြောင်း ဘိုင်ဒန်က အခိုင် အမာပြောဆိုနေသော်လည်း အေပီနှင့် NORC စင်တာမှ ပြည်သူ့ရေးရာ သုတေသန စစ်တမ်းများအရ သုံးပုံနှစ်ပုံနီးပါးက ၎င်းကို နုတ်ထွက်စေလိုသည်ဟု ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၇ ရက်) တွင် ဖော်ပြခဲ့သည်။

zawgyi version
ဂ်ိဳးဘိုင္ဒန္ ကိုဗစ္-၁၉ ကူးစက္ခံေနရေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာ
ALynn (NP News) - ဇူလိုင္ ၁၈

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ ျပင္းထန္ေသာ က်န္းမာေရးအေျခအ ေနရွိပါက ၎အေနျဖင့္ ျပန္လည္ေ႐ြးေကာက္ခံရန္ ဆုံးျဖတ္ခ်က္ကို ပယ္ ဖ်က္ရန္ စဥ္းစားထားေၾကာင္းဝန္ခံၿပီးေနာက္ မၾကာမီတြင္ အေပ်ာ့စားလကၡဏာမ်ားႏွင့္အတူ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

အသက္ ၈၁ ႏွစ္အ႐ြယ္ ဘိုင္ဒန္သည္ သတင္းေထာက္မ်ားအား ၎၏ဇိမ္ခံကားေပၚမွ လက္မေထာင္ကာ "ကြၽန္ေတာ္ ေနလို႔ေကာင္းပါတယ္"ဟု ေျပာၾကားခဲ့ၿပီး လာ့စ္ဗီးဂတ္စ္သို႔ မဲဆြယ္စည္း႐ုံးေရးခရီးစဥ္ကိုျဖတ္ကာ ဒဲလာဝဲရွိ ၎၏ကမ္းေျခေနအိမ္သို႔ သီးျခားေနထိုင္ရန္ သြားေရာက္ခဲ့သည္။ ၿပိဳင္ဘက္ ေဒၚနယ္ထရမ့္ႏွင့္ ဆိုး႐ြားေသာ စကားစစ္ထိုးပြဲအၿပီးတြင္ ၎၏ က်န္းမာ ေရးႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ား ျဖစ္ေပၚေစခဲ့ကာ ၎၏ေနရာတြင္ အျခားသူအား အစားထိုးရန္ ဒီမိုကရက္တစ္အခ်ိဳ႕မွ ေတာင္းဆိုမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဘိုင္ဒန္၏ ေရာဂါအေျခအေနက အေရးႀကီးေသာ အခိုက္ အတန႔္တစ္ခုျဖစ္လာခဲ့သည္။ ဘိုင္ဒန္သည္ ၎ေန႔အေစာပိုင္းတြင္ မဲဆြယ္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ၿပီး ေရဒီယိုအင္တာဗ်ဳးကို ေျပာၾကားခဲ့ၿပီးေနာက္ ၎၏ေ႐ြးေကာက္ပြဲရလဒ္ကို အေရးပါေစမည့္ လက္တင္ႏိုအလုပ္ သမားမ်ားကို ကိုယ္စားျပဳသည့္ သမဂၢတစ္ခုအား မိန႔္ခြန္းေျပာျခင္းကို ဖ်က္သိမ္းခဲ့ရသည္။

၎၏ေျပာေရးဆိုခြင့္ရွိသူ Karine Jean-Pierre က ဘိုင္ဒန္သည္ ကာကြယ္ ေဆးထိုးၿပီး ခုခံအားျမႇင့္တင္ထားေၾကာင္း၊ ယခုအခါ ကိုဗစ္ေဆး Paxlovid ကို ေသာက္ေနၿပီး "သီးျခားေနထိုင္ခ်ိန္တြင္ ႏိုင္ငံ့တာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္ေနပါသည္"ဟု ေျပာၾကားခဲ့သည္။ အိမ္ျဖဴေတာ္ဆရာဝန္ Kevin O'Connor က ဘိုင္ဒန္သည္ ႏွာရည္ယိုျခင္း၊ ေခ်ာင္းဆိုးျခင္း ႏွင့္ ကိုယ္လက္ မအီမသာ ခံစားေနရေၾကာင္းသိရွိၿပီးေနာက္ ကိုဗစ္ေရာဂါကူးစက္ခံစားေနရသည္ကို စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ပင္ဆယ္ေဗးနီးယား လူထုစုေဝးပြဲ၌ ထရမ့္အား လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈအၿပီးတြင္ အီလြန္မတ္စ္က ထရမ့္ကို ေထာက္ခံေၾကာင္း စေနေန႔ (ဇူလိုင္လ ၁၃ ရက္)တြင္ ေျပာၾကားခဲ့သည္။

ဒီမိုကရက္တစ္မဲဆႏၵရွင္မ်ားက ၎ကိုေထာက္ခံေၾကာင္း ဘိုင္ဒန္က အခိုင္ အမာေျပာဆိုေနေသာ္လည္း ေအပီႏွင့္ NORC စင္တာမွ ျပည္သူ႔ေရးရာ သုေတသန စစ္တမ္းမ်ားအရ သုံးပုံႏွစ္ပုံနီးပါးက ၎ကို ႏုတ္ထြက္ေစလိုသည္ဟု ဗုဒၶဟူးေန႔ (ဇူလိုင္လ ၁၇ ရက္) တြင္ ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.