မြန်မာကနေ တရားမဝင်တင်သွင်းထားတဲ့ထုတ်ကုန်တွေအတွက် အများပြည်သူကျန်းမာရေးသတိပေးချက်ကို အမေရိကန်ပြည်နယ်(၉)ခုမှာ ထုတ်ပြန်

 419

Pika (NP News) - အောက်တိုဘာ ၂၇

အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနရဲ့အစားအစာဘေးကင်းရေးနှင့်စစ်ဆေးရေးဝန်ဆောင်မှု (FSIS) က မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ အသားနဲ့ကြက်ထွက်ကုန်အမျိုးမျိုးအတွက် အများပြည်သူ ကျန်းမာရေးသတိပေးချက်တစ်ခုကို ပြည်နယ်(၉)ခုမှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ အသားနဲ့ ကြက်ထွက်ကုန်တွေဟာ အမေရိကန်နိုင်ငံတွင်းကို ဘယ်လိုရောက်ရှိလာသလဲဆိုတာကို FSIS က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အများပြည်သူကျန်းမာရေးသတိပေးချက်ပါရှိတဲ့ထုတ်ကုန်တွေဟာ ထုတ်လုပ်တဲ့ရက်စွဲ ဒါမှမဟုတ် USDA စစ်ဆေးရေးအမှတ်အသား မပါရှိဘူးလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ ထုတ်ကုန်တွေကို အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ အိုင်အိုဝါ၊ ကန်းဆက်၊ မေရီလန်း၊ မင်နီဆိုတာ၊ နီဘရာစကာ၊ Oklahoma နဲ့ တက္ကဆက်ပြည်နယ်တို့မှာရှိတဲ့လက်လီရောင်းချတဲ့နေရာတွေကို တင်ပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

FSIS ဟာ လက်လီရောင်းချတဲ့ဆိုင်တစ်ဆိုင်ကို စောင့်ကြည့်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး အမေရိကန်ကိုတင်ပို့ဖို့ အရည်အချင်းမပြည့်မှီတဲ့ မြန်မာနိုင်ငံကထွက်တဲ့ အသားနဲ့ကြက်ထွက်ကုန်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယခုလို အများပြည်သူသတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း မြန်မာကနေ တရားမဝင်တင်ပို့ထားတဲ့ထုတ်ကုန်တွေကို စားသုံးမိတာကြောင့် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အတည်ပြုအစီရင်ခံစာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြန်မာကနေ တရားမဝင်တင်ပို့ထားတဲ့ထုတ်ကုန်အချို့ဟာ စားသုံးသူတွေနဲ့ လက်လီရောင်းချတဲ့ဆိုင်တွေမှာ ရှိနေသေးမှာကို စိုးရိမ်မိတယ်လို့ FSIS က ပြောကြားထားပါတယ်။ ပြီးတော့ အဲဒီထုတ်ကုန်တွေကို ဝယ်ယူထားမိတဲ့ လက်လီရောင်းချတဲ့ဆိုင်တွေကိုလည်း စားသုံးသူတွေကို ရောင်းချခြင်းမျိုးမလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် မြန်မာကတင်ပို့ထားတဲ့ ထုတ်ကုန်တွေကို ဝယ်ယူထားမိတဲ့ စားသုံးသူတွေကိုလည်း စားသုံးတာမျိုးမလုပ်ဖို့နဲ့ စွန့်ပစ်တာမျိုး ဒါမှမဟုတ် ဝယ်ယူထားတဲ့ဆိုင်တွေကို ပြန်လည်အပ်နှံကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ျမန္မာကေန တရားမဝင္တင္သြင္းထားတဲ့ထုတ္ကုန္ေတြအတြက္ အမ်ားျပည္သူက်န္းမာေရးသတိေပးခ်က္ကို အေမရိကန္ျပည္နယ္(၉)ခုမွာ ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၂၇

အေမရိကန္လယ္ယာစိုက္ပ်ိဳးေရးဌာနရဲ႕အစားအစာေဘးကင္းေရးႏွင့္စစ္ေဆးေရးဝန္ေဆာင္မႈ (FSIS) က ျမန္မာႏိုင္ငံကေန တရားမဝင္တင္သြင္းထားတဲ့ အသားနဲ႔ၾကက္ထြက္ကုန္အမ်ိဳးမ်ိဳးအတြက္ အမ်ားျပည္သူ က်န္းမာေရးသတိေပးခ်က္တစ္ခုကို ျပည္နယ္(၉)ခုမွာ ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ျမန္မာႏိုင္ငံကေန တရားမဝင္တင္သြင္းထားတဲ့ အသားနဲ႔ ၾကက္ထြက္ကုန္ေတြဟာ အေမရိကန္ႏိုင္ငံတြင္းကို ဘယ္လိုေရာက္ရွိလာသလဲဆိုတာကို FSIS က စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။
အမ်ားျပည္သူက်န္းမာေရးသတိေပးခ်က္ပါရွိတဲ့ထုတ္ကုန္ေတြဟာ ထုတ္လုပ္တဲ့ရက္စြဲ ဒါမွမဟုတ္ USDA စစ္ေဆးေရးအမွတ္အသား မပါရွိဘူးလို႔လည္း သိရပါတယ္။ ျမန္မာႏိုင္ငံကေန တရားမဝင္တင္သြင္းထားတဲ့ ထုတ္ကုန္ေတြကို အရီဇိုးနား၊ ကယ္လီဖိုးနီးယား၊ အိုင္အိုဝါ၊ ကန္းဆက္၊ ေမရီလန္း၊ မင္နီဆိုတာ၊ နီဘရာစကာ၊ Oklahoma နဲ႔ တကၠဆက္ျပည္နယ္တို႔မွာရွိတဲ့လက္လီေရာင္းခ်တဲ့ေနရာေတြကို တင္ပို႔ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

FSIS ဟာ လက္လီေရာင္းခ်တဲ့ဆိုင္တစ္ဆိုင္ကို ေစာင့္ၾကည့္စစ္ေဆးမႈေတြလုပ္ေဆာင္ခဲ့ၿပီး အေမရိကန္ကိုတင္ပို႔ဖို႔ အရည္အခ်င္းမျပည့္မွီတဲ့ ျမန္မာႏိုင္ငံကထြက္တဲ့ အသားနဲ႔ၾကက္ထြက္ကုန္ေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ယခုလို အမ်ားျပည္သူသတိေပးခ်က္တစ္ခု ထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း ျမန္မာကေန တရားမဝင္တင္ပို႔ထားတဲ့ထုတ္ကုန္ေတြကို စားသုံးမိတာေၾကာင့္ ဆိုး႐ြားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့တယ္ဆိုတဲ့ အတည္ျပဳအစီရင္ခံစာေတြေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ ျမန္မာကေန တရားမဝင္တင္ပို႔ထားတဲ့ထုတ္ကုန္အခ်ိဳ႕ဟာ စားသုံးသူေတြနဲ႔ လက္လီေရာင္းခ်တဲ့ဆိုင္ေတြမွာ ရွိေနေသးမွာကို စိုးရိမ္မိတယ္လို႔ FSIS က ေျပာၾကားထားပါတယ္။ ၿပီးေတာ့ အဲဒီထုတ္ကုန္ေတြကို ဝယ္ယူထားမိတဲ့ လက္လီေရာင္းခ်တဲ့ဆိုင္ေတြကိုလည္း စားသုံးသူေတြကို ေရာင္းခ်ျခင္းမ်ိဳးမလုပ္ၾကဖို႔ တိုက္တြန္းထားတယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ ျမန္မာကတင္ပို႔ထားတဲ့ ထုတ္ကုန္ေတြကို ဝယ္ယူထားမိတဲ့ စားသုံးသူေတြကိုလည္း စားသုံးတာမ်ိဳးမလုပ္ဖို႔နဲ႔ စြန႔္ပစ္တာမ်ိဳး ဒါမွမဟုတ္ ဝယ္ယူထားတဲ့ဆိုင္ေတြကို ျပန္လည္အပ္ႏွံၾကဖို႔ တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.