Telematics စနစ် စက်တပ်ဆင်ခြင်းမရှိသည့် ခရီးသည်တင်မော်တော်ယာဉ်ကြီးများကို အောက်တိုဘာလ(၁၆)ရက်မှစ၍ အမြန်လမ်း၌ ဖြတ်သန်းခွင့်မပြုတော့

 4193

စော (NP New) - ဇူလိုင် ၁၈

Telematics စနစ် စက်တပ်ဆင်ခြင်းမရှိသည့် ခရီးသည်တင်မော်တော်ယာဉ်ကြီးများကို အောက်တိုဘာလ(၁၆)ရက်မှစ၍ အမြန်လမ်း၌ ဖြတ်သန်းသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့လမ်းဦးစီးဌာနက အသိပေးကြေညာထားခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများသည် အမြန်လမ်းမကြီးများဥပဒေနှင့်အညီ စည်းကမ်းတကျသွားလာစေရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရန် နှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် Telematics စနစ် စက်များတပ်ဆင်ပြီး (၂၄)နာရီပတ်လုံး စောင့်ကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်နေရာမှာတော့ သတ်မှတ်အရှိန်နှုန်းအတွင်းမှာပဲ မောင်းတယ်။ သတ် မှတ်အရှိန်နှုန်းကို ကျော်ပြီဆိုတာနဲ့ Control Center မှာ လာပြီးတော့ အဲဒီကားနံပါတ်နဲ့ ပေါ်နေပြီ။ အဲဒီကားနံပါတ်မှာ ဘယ်သူမောင်းနေတယ်ဆိုတဲ့ ယာဉ်မောင်းနာမည်ပါမှတ်ပုံတင်ထားတဲ့အခါ ဘယ်သူမောင်းတဲ့ဘယ်ကားနံပါတ်၊ ဘယ်ယာဉ်လိုင်း၊ ဘယ်အမျိုးအစားဒီမှာလာပြီးတော့ သတ်မှတ်အရှိန်နှုန်းထက် ကျော်ပြီးမောင်းနေပါပြီဆိုတာကို တစ်ခါတည်း Control Center မှာ အချက်ပြပါတယ်”ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုကဲ့သို့ အချက်ပြပါက တာဝန်ကျဝန်ထမ်းများက သတ်မှတ်အရှိန်နှုန်းထက်ကျော်နေသည့်အတွက် လျှော့မောင်းရန် ပထမအကြိမ်၊ ဒုတိယအကြိမ် သတိပေးသွားမည်ဖြစ်ပြီး တတိယအကြိမ်သတိပေးရာတွင် လိုက်နာခြင်းမရလျှင် အမြန်လမ်းမကြီး အသုံးပြုခွင့်ကို ၆လ၊ ၃လ စသည် ဖြင့် ပိတ်သိမ်းခြင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Telematics စနစ် စက်တပ်ဆင်ခြင်းအားဖြင့် သတ်မှတ်အရှိန်နှုန်းထက်ကျော်ပါက ချက်ချင်းသတိပေးနိုင်သောကြောင့် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းလာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “Telematics စနစ် တပ်ဆင်ထားခြင်းအားဖြင့် ကျွန်တော်တို့ကားက ဘယ်နေရာမှာ ရောက်နေတယ်။ လမ်းဘယ်နေရာမှာ ရပ်ထားတယ်။ ရပ်ထားရင် google မြေပုံလိုမျိုး လောင်ဂျီကျူ့၊ လတ္တီကျူ့ဘယ်လောက်မှာ ရပ်ထားတယ်။ အဲဒီလိုရပ်ထားတဲ့အခါမှာ စက်သတ်ပြီး ရပ်ထားတာလား။ စက်နှိုးပြီး ရပ်ထားတာလား။ တံခါးတစ်ချပ်ဖွင့်ပြီး ရပ်ထားတာလားဆိုတာထိ Control Center ကနေ အကုန်အတိအကျ ကြည့်လို့ရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ ခရီးသည်တင်မော်တော်ယာဉ်ကြီးများတွင် Telematics စနစ် စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလရက်ပေါင်း (၁၂၀)သတ်မှတ်၍ ဇွန်လ ၁၈ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလလွန်မြောက်သည့် လာမည့် အောက်တိုဘာလ ၁၆ ရက်မှစ၍ Telematics စနစ် စက်တပ်ဆင်းခြင်းမရှိသော ခရီးသည်တင်ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့လမ်းဦးစီးဌာနက ဆိုထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်အမျိုးအစားပေါ်မူတည်၍ မောင်းနှင်ရမည့် ကီလိုမီတာများကို သတ်မှတ်ရာတွင် အိမ်စီးယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)၊ ခရီးသည်တင် express ယာဉ်များအတွက် ကီလိုမီတာ (၉၀) နှင့် Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များအတွက် ကီလိုမီတာ (၆၀)အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

zawgyi version
Telematics စနစ္ စက္တပ္ဆင္ျခင္းမရွိသည့္ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ႀကီးမ်ားကို ေအာက္တိုဘာလ(၁၆)ရက္မွစ၍ အျမန္လမ္း၌ ျဖတ္သန္းခြင့္မျပဳေတာ့

ေစာ (NP New) - ဇူလိုင္ ၁၈

Telematics စနစ္ စက္တပ္ဆင္ျခင္းမရွိသည့္ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ႀကီးမ်ားကို ေအာက္တိုဘာလ(၁၆)ရက္မွစ၍ အျမန္လမ္း၌ ျဖတ္သန္းသုံးစြဲခြင့္ျပဳမည္မဟုတ္ေၾကာင္း အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕လမ္းဦးစီးဌာနက အသိေပးေၾကညာထားျခင္းျဖစ္သည္။

ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ ျဖတ္သန္းသြားလာလ်က္ရွိေသာ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ႀကီးမ်ားသည္ အျမန္လမ္းမႀကီးမ်ားဥပေဒႏွင့္အညီ စည္းကမ္းတက်သြားလာေစရန္၊ သတ္မွတ္မိုင္ႏႈန္းအတိုင္း ေမာင္းႏွင္ရန္ ႏွင့္ ခရီးသြားျပည္သူမ်ား ယာဥ္အႏၲရာယ္ကင္းေဝးေစရန္ Telematics စနစ္ စက္မ်ားတပ္ဆင္ၿပီး (၂၄)နာရီပတ္လုံး ေစာင့္ၾကပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဘယ္ေနရာမွာေတာ့ သတ္မွတ္အရွိန္ႏႈန္းအတြင္းမွာပဲ ေမာင္းတယ္။ သတ္ မွတ္အရွိန္ႏႈန္းကို ေက်ာ္ၿပီဆိုတာနဲ႔ Control Center မွာ လာၿပီးေတာ့ အဲဒီကားနံပါတ္နဲ႔ ေပၚေနၿပီ။ အဲဒီကားနံပါတ္မွာ ဘယ္သူေမာင္းေနတယ္ဆိုတဲ့ ယာဥ္ေမာင္းနာမည္ပါမွတ္ပုံတင္ထားတဲ့အခါ ဘယ္သူေမာင္းတဲ့ဘယ္ကားနံပါတ္၊ ဘယ္ယာဥ္လိုင္း၊ ဘယ္အမ်ိဳးအစားဒီမွာလာၿပီးေတာ့ သတ္မွတ္အရွိန္ႏႈန္းထက္ ေက်ာ္ၿပီးေမာင္းေနပါၿပီဆိုတာကို တစ္ခါတည္း Control Center မွာ အခ်က္ျပပါတယ္”ဟု အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုကဲ့သို႔ အခ်က္ျပပါက တာဝန္က်ဝန္ထမ္းမ်ားက သတ္မွတ္အရွိန္ႏႈန္းထက္ေက်ာ္ေနသည့္အတြက္ ေလွ်ာ့ေမာင္းရန္ ပထမအႀကိမ္၊ ဒုတိယအႀကိမ္ သတိေပးသြားမည္ျဖစ္ၿပီး တတိယအႀကိမ္သတိေပးရာတြင္ လိုက္နာျခင္းမရလွ်င္ အျမန္လမ္းမႀကီး အသုံးျပဳခြင့္ကို ၆လ၊ ၃လ စသည္ ျဖင့္ ပိတ္သိမ္းျခင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Telematics စနစ္ စက္တပ္ဆင္ျခင္းအားျဖင့္ သတ္မွတ္အရွိန္ႏႈန္းထက္ေက်ာ္ပါက ခ်က္ခ်င္းသတိေပးႏိုင္ေသာေၾကာင့္ အျမန္လမ္းမႀကီးတြင္ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္းက်ဆင္းလာမည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။ “Telematics စနစ္ တပ္ဆင္ထားျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ကားက ဘယ္ေနရာမွာ ေရာက္ေနတယ္။ လမ္းဘယ္ေနရာမွာ ရပ္ထားတယ္။ ရပ္ထားရင္ google ေျမပုံလိုမ်ိဳး ေလာင္ဂ်ီက်ဴ႕၊ လတၱီက်ဴ႕ဘယ္ေလာက္မွာ ရပ္ထားတယ္။ အဲဒီလိုရပ္ထားတဲ့အခါမွာ စက္သတ္ၿပီး ရပ္ထားတာလား။ စက္ႏႈိးၿပီး ရပ္ထားတာလား။ တံခါးတစ္ခ်ပ္ဖြင့္ၿပီး ရပ္ထားတာလားဆိုတာထိ Control Center ကေန အကုန္အတိအက် ၾကည့္လို႔ရပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ႀကီးမ်ားတြင္ Telematics စနစ္ စက္တပ္ဆင္ျခင္းႏွင့္ ပညာေပးကာလရက္ေပါင္း (၁၂၀)သတ္မွတ္၍ ဇြန္လ ၁၈ ရက္မွ စက္တင္ဘာလ ၁၅ ရက္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ စက္တပ္ဆင္ျခင္းႏွင့္ ပညာေပးကာလလြန္ေျမာက္သည့္ လာမည့္ ေအာက္တိုဘာလ ၁၆ ရက္မွစ၍ Telematics စနစ္ စက္တပ္ဆင္းျခင္းမရွိေသာ ခရီးသည္တင္ယာဥ္ႀကီးမ်ားကို အျမန္လမ္းသုံးစြဲခြင့္ျပဳမည္မဟုတ္ေၾကာင္း အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕လမ္းဦးစီးဌာနက ဆိုထားသည္။

ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ယာဥ္အမ်ိဳးအစားေပၚမူတည္၍ ေမာင္းႏွင္ရမည့္ ကီလိုမီတာမ်ားကို သတ္မွတ္ရာတြင္ အိမ္စီးယာဥ္မ်ားအတြက္ တစ္နာရီလွ်င္ ကီလိုမီတာ (၁၀၀)၊ ခရီးသည္တင္ express ယာဥ္မ်ားအတြက္ ကီလိုမီတာ (၉၀) ႏွင့္ Light Truck၊ Hijet၊ Telematics စနစ္တပ္ထားသည့္ ကုန္တင္ယာဥ္မ်ားအတြက္ ကီလိုမီတာ (၆၀)အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.