အိန္ဒိယသံရုံးက ကင်ဆာဝေဒနာရှင်များအတွက် ကင်ဆာရောဂါကုသသည့်စက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်းပေးအပ်

 1331

သန့်ဇင် (NP News) - ဇူလိုင် ၁၈

မြန်မာနိုင်ငံဆိုင်ရာ အန္ဒိယသံရုံးက ကင်ဆာဝေဒနာရှင်များအတွက် ထိရောက်သည့် အဆင့်မြင့် Telecobalt ကင်ဆာကုထုံးစက် Bhabhatron II နှင့် Digital Radiotherapy Simulator တို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့(ဇူလိုင်လ ၁၈ ရက်)က ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“Bhabhatron II ဟာ အထူးကုသဖို့လိုအပ်နေတဲ့ ကင်ဆာဝေဒနာရှင်တွေကို ဓာတ်ရောင်ခြည်နဲ့ ကုသခြင်းအတွက် နောက်ဆုံးပေါ်နဲ့ အထိရောက်ဆုံးနည်းပညာဖြစ်ပါတယ်။ ဒီစက်ရဲ့ဘက်စုံအသုံးပြုနိုင်မှုဟာ ခန္ဓာကိုယ်ရဲ့ ကွဲပြားခြားနားတဲ့ အစိတ်အပိုင်းအသီးသီးက ကင်ဆာရောဂါကိုကုသနိုင်ပြီး အိန္ဒိယနဲ့ နိုင်ငံတကာမှာရှိတဲ့ ကင်ဆာဌာန အသီးသီးက ထိရောက်တဲ့ ကုသမှုပုံစံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတာဖြစ်ပါတယ်” ဟု မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur က အဆိုပါအခမ်းအနားတွင် ပြောသည်။

ယခုပေးအပ်ခြင်းသည် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသည် မိတ်ဆွေအိမ်နီးချင်းနိုင်ငံများအတွက် စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နှင့် စီမံကိန်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

အိန္ဒိယနိုင်ငံသည် ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့၊ မုံရွာမြို့၊ စစ်တွေမြို့နှင့် နေပြည်တော်တို့တွင်ရှိသည့် ဆေးရုံများကိုလည်း ဆေးဘက်ဆိုင်ရာ ကိရိယာများထောက်ပံ့ပေးပြီး ကျန်းမာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီများကို တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အိႏၵိယသံ႐ုံးက ကင္ဆာေဝဒနာရွင္မ်ားအတြက္ ကင္ဆာေရာဂါကုသသည့္စက္မ်ားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔လႊဲေျပာင္းေပးအပ္
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၈

ျမန္မာႏိုင္ငံဆိုင္ရာ အႏၵိယသံ႐ုံးက ကင္ဆာေဝဒနာရွင္မ်ားအတြက္ ထိေရာက္သည့္ အဆင့္ျမင့္ Telecobalt ကင္ဆာကုထုံးစက္ Bhabhatron II ႏွင့္ Digital Radiotherapy Simulator တို႔ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းေပးအပ္သည့္ အခမ္းအနားကို ယေန႔(ဇူလိုင္လ ၁၈ ရက္)က ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္ရွိ၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“Bhabhatron II ဟာ အထူးကုသဖို႔လိုအပ္ေနတဲ့ ကင္ဆာေဝဒနာရွင္ေတြကို ဓာတ္ေရာင္ျခည္နဲ႔ ကုသျခင္းအတြက္ ေနာက္ဆုံးေပၚနဲ႔ အထိေရာက္ဆုံးနည္းပညာျဖစ္ပါတယ္။ ဒီစက္ရဲ႕ဘက္စုံအသုံးျပဳႏိုင္မႈဟာ ခႏၶာကိုယ္ရဲ႕ ကြဲျပားျခားနားတဲ့ အစိတ္အပိုင္းအသီးသီးက ကင္ဆာေရာဂါကိုကုသႏိုင္ၿပီး အိႏၵိယနဲ႔ ႏိုင္ငံတကာမွာရွိတဲ့ ကင္ဆာဌာန အသီးသီးက ထိေရာက္တဲ့ ကုသမႈပုံစံအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ လက္ခံထားတာျဖစ္ပါတယ္” ဟု ျမန္မာ ႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Abhay Thakur က အဆိုပါအခမ္းအနားတြင္ ေျပာသည္။

ယခုေပးအပ္ျခင္းသည္ အိႏၵိယ၏ ဖြံ႕ၿဖိဳးတိုးတက္ေရး ပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး အိႏၵိယႏိုင္ငံသည္ မိတ္ေဆြအိမ္နီးခ်င္းႏိုင္ငံမ်ားအတြက္ စီမံကိန္းဆိုင္ရာလုပ္ငန္းမ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏွင့္ စီမံကိန္းမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ား၏ လူေနမႈဘဝကို ျမႇင့္တင္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သံအမတ္ႀကီးက ေျပာသည္။

အိႏၵိယႏိုင္ငံသည္ ရန္ကုန္ၿမိဳ႕တြင္သာမက မႏၲေလးၿမိဳ႕၊ မုံ႐ြာၿမိဳ႕၊ စစ္ေတြၿမိဳ႕ႏွင့္ ေနျပည္ေတာ္တို႔တြင္ရွိသည့္ ေဆး႐ုံမ်ားကိုလည္း ေဆးဘက္ဆိုင္ရာ ကိရိယာမ်ားေထာက္ပံ့ေပးၿပီး က်န္းမာေရးဝန္ထမ္းမ်ားအား စြမ္းေဆာင္ရည္ျမႇင့္တင္ေရး အကူအညီမ်ားကို တိုးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.