ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အီတလီသက်ကြီးရွယ်အို စုဝေးပွဲ

 1583

Pika (NP News) - ဇူလိုင် ၁၉

အီတလီအငြိမ်းစားအဖွဲ့အစည်း၏ နှစ်စဉ်ကျင်းပ မြဲဖြစ်သော နှစ်ပေါင်းရာကျော် သက်ကြီး ရွယ်အို စုဝေးပွဲအခမ်းအနားကို အနည်းဆုံး အသက်(၁၀ဝ)နှစ်ရှိသည့် သက်ကြီးရွယ်အို(၇၀)ဦးခန့် တက်ရောက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

ဗီနီတိုနှင့်ဂိုရီဇီရာဒေသတို့ရှိ အငြိမ်းစားနေအိမ် (၁၁)လုံးကို လည်ပတ်နေသည့် Fondazione Opera Immacolata အဖွဲ့အစည်းသည် နှစ်ပေါင်း ရာကျော် သက်ကြီးရွယ်အိုများစုဝေးပွဲအခမ်းအနားကို ကျင်းပလာခဲ့သည်မှာ(၁၅)နှစ်ခန့်ရှိပြီဖြစ်ပြီး အဆိုပါ စုဝေးပွဲမှာ တဖြည်းဖြည်းကြီးထွားလာခဲ့ကြောင်း လည်းသိရသည်။ ယခုနှစ်အတွက် အီတလီနိုင်ငံ Padua မြို့တွင်ကျင်းပသော သက်ကြီးရွယ်အိုစုဝေးပွဲကို ဂင်းနစ်စံချိန် မှတ်တမ်းတာဝန်ရှိသူတစ်ဦးအား ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုလို ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါအခမ်းအနားကိုတက်ရောက်ခဲ့သူ(၇၀)ဦးသည် အသက်(၁၀ဝ)ကျော်ပြီဖြစ်ကြောင်း ဂင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က ပြောကြားခဲ့သည်။ အီတလီ နိုင်ငံတွင်ကျင်းပသော သက်ကြီးရွယ်အို စုဝေးပွဲ အခမ်းအနားသည် နှစ်ပေါင်းရာကျော်သက်ကြီးရွယ်အိုများ အများဆုံးစုဝေးနိုင်ခဲ့ခြင်းအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ ၂၀၁၆ ခုနှစ်က ဩစတြေးလျနိုင်ငံတွင်ကျင်းပခဲ့သော သက်ကြီးရွယ်အို စုဝေးပွဲဖြစ်ပြီး အသက်(၁၀ဝ) ကျော် ရှိသည့် သက်ကြီးရွယ်အို(၄၅)ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ အီတလီသက္ႀကီး႐ြယ္အို စုေဝးပြဲ
Pika (NP News) - ဇူလိုင္ ၁၉

အီတလီအၿငိမ္းစားအဖြဲ႕အစည္း၏ ႏွစ္စဥ္က်င္းပ ၿမဲျဖစ္ေသာ ႏွစ္ေပါင္းရာေက်ာ္ သက္ႀကီး ႐ြယ္အို စုေဝးပြဲအခမ္းအနားကို အနည္းဆုံး အသက္(၁၀ဝ)ႏွစ္ရွိသည့္ သက္ႀကီး႐ြယ္အို(၇၀)ဦးခန႔္ တက္ေရာက္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဗီနီတိုႏွင့္ဂိုရီဇီရာေဒသတို႔ရွိ အၿငိမ္းစားေနအိမ္ (၁၁)လုံးကို လည္ပတ္ေနသည့္ Fondazione Opera Immacolata အဖြဲ႕အစည္းသည္ ႏွစ္ေပါင္း ရာေက်ာ္ သက္ႀကီး႐ြယ္အိုမ်ားစုေဝးပြဲအခမ္းအနားကို က်င္းပလာခဲ့သည္မွာ(၁၅)ႏွစ္ခန႔္ရွိၿပီျဖစ္ၿပီး အဆိုပါ စုေဝးပြဲမွာ တျဖည္းျဖည္းႀကီးထြားလာခဲ့ေၾကာင္း လည္းသိရသည္။ ယခုႏွစ္အတြက္ အီတလီႏိုင္ငံ Padua ၿမိဳ႕တြင္က်င္းပေသာ သက္ႀကီး႐ြယ္အိုစုေဝးပြဲကို ဂင္းနစ္စံခ်ိန္ မွတ္တမ္းတာဝန္ရွိသူတစ္ဦးအား ဖိတ္ေခၚခဲ့ၿပီးေနာက္ ယခုလို ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါအခမ္းအနားကိုတက္ေရာက္ခဲ့သူ(၇၀)ဦးသည္ အသက္(၁၀ဝ)ေက်ာ္ၿပီျဖစ္ေၾကာင္း ဂင္းနစ္ စံခ်ိန္မွတ္တမ္းအဖြဲ႕က ေျပာၾကားခဲ့သည္။ အီတလီ ႏိုင္ငံတြင္က်င္းပေသာ သက္ႀကီး႐ြယ္အို စုေဝးပြဲ အခမ္းအနားသည္ ႏွစ္ေပါင္းရာေက်ာ္သက္ႀကီး႐ြယ္အိုမ်ား အမ်ားဆုံးစုေဝးႏိုင္ခဲ့ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ယင္းဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ ၂၀၁၆ ခုႏွစ္က ဩစေၾတးလ်ႏိုင္ငံတြင္က်င္းပခဲ့ေသာ သက္ႀကီး႐ြယ္အို စုေဝးပြဲျဖစ္ၿပီး အသက္(၁၀ဝ) ေက်ာ္ ရွိသည့္ သက္ႀကီး႐ြယ္အို(၄၅)ဦးတက္ေရာက္ခဲ့ေၾကာင္းလည္း သိရသည္။

Picture

ko zaw min

19/07/2024 13:45

ကိုကျော်နှရေ ဂရင်းနစ်ထဲ ဗမာပါအောင်လို့ ပါတီမတူလိုသတ်တဲ့ လူဦးရေကိုပြလိုက်ရင်ပါလောက်တယ်

Related news

© 2021. All rights reserved.