ယူကရိန်းအမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူရဲ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး တရားရုံးတစ်ခုရှေ့မှာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ

 1462

Pika (NP News) - ဇူလိုင် ၁၉

ယူကရိန်းအမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ၏ စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး ရွှေ့ဆိုင်းခွင့်ကို တရားရုံးက ပယ်ချခဲ့ပြီးနောက် ကိယက်ဗ်ဒေသရှိတရားရုံးတစ်ခု၏ရှေ့တွင် မီးလောင်လွယ်သောအရည်ဖြင့် ကိုယ့်ကိုယ်ကို လောင်းကာ မီးရှို့ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် ဇူလိုင်လ(၁၈)ရက် ညနေ(၄)နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကိယက်ဗ်ဒေသ ဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ က "အဲဒီအမျိုးသမီးဟာ မီးလောင်လွယ်တဲ့အရည်တွေနဲ့ ကိုယ်ကိုယ်ကို မီးရှို့ဖို့ လုပ်နေတယ်ဆိုတာကို တရားရုံးအစောင့်တွေက သတိထားမိပြီး တားဆီဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချက်ချင်းပဲ အမျိုးသမီးက ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တာပါ။ ပြီးတော့ အဲဒီအမျိုးသမီးက သတိလစ် သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ (၇၀)ရာခိုင်နှုန်းလောက်က မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီအမျိုးသမီးကို ချက်ချင်းပဲ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့်ဗီဒီယိုဖိုင်ထဲတွင် အမျိုးသမီးတစ်ဦးသည် တရားရုံးရှေ့သို့ လမ်းလျှောက်လာခဲ့ ပြီးနောက် ၎င်း၏လက်ကိုင်အိတ်ကို မြေပြင်သို့ပစ်ချကာ မီးလောင်လွယ်သောအရည်များဖြင့် ကိုယ့်ကိုယ်ကို လောင်းခဲ့ပြီးနောက် မီးရှို့ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ထို့နောက် အစောင့်သုံးဦးသည် အပြင်သို့ချက်ချင်းပြေးထွက် လာကာ လဲကျနေသော မီးလောင်ကျွမ်းနေသည့်အမျိုးသမီးကို မီးသတ်ဆေးဘူးများ အသုံးပြုကာ ငြိမ်းသတ် ပေးခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ခင်ပွန်းဖြစ်သူသည် စစ်မှုထမ်းရန်အတွက် စစ်သားစုဆောင်းခံရပြီးနောက် စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို တရားရုံးက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ယခုလိုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် စစ်သား မလုံလောက်မှုနှင့်ရင်ဆိုင်နေရသော ယူကရိန်းအစိုးရသည် စစ်သား စုဆောင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်အတွင်း ယခုလိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ယူကရိန္းအမ်ိဳးသမီးတစ္ဦးက ခင္ပြန္းျဖစ္သူရဲ႕စစ္မႈထမ္းကိစၥနဲ႔ပတ္သက္ၿပီး တရား႐ုံးတစ္ခုေရွ႕မွာ ကိုယ့္ကိုယ္ကို မီးရႈိ႕ဆႏၵျပ
Pika (NP News) - ဇူလိုင္ ၁၉

ယူကရိန္းအမ်ိဳးသမီးတစ္ဦးသည္ ခင္ပြန္းျဖစ္သူ၏ စစ္မႈထမ္းကိစၥႏွင့္ပတ္သက္ၿပီး ေ႐ႊ႕ဆိုင္းခြင့္ကို တရား႐ုံးက ပယ္ခ်ခဲ့ၿပီးေနာက္ ကိယက္ဗ္ေဒသရွိတရား႐ုံးတစ္ခု၏ေရွ႕တြင္ မီးေလာင္လြယ္ေသာအရည္ျဖင့္ ကိုယ့္ကိုယ္ကို ေလာင္းကာ မီးရႈိ႕ဆႏၵျပခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္ရပ္သည္ ဇူလိုင္လ(၁၈)ရက္ ညေန(၄)နာရီအခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ကိယက္ဗ္ေဒသ ဆိုင္ရာရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ရဲတပ္ဖြဲ႕ က "အဲဒီအမ်ိဳးသမီးဟာ မီးေလာင္လြယ္တဲ့အရည္ေတြနဲ႔ ကိုယ္ကိုယ္ကို မီးရႈိ႕ဖို႔ လုပ္ေနတယ္ဆိုတာကို တရား႐ုံးအေစာင့္ေတြက သတိထားမိၿပီး တားဆီဖို႔လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ခ်က္ခ်င္းပဲ အမ်ိဳးသမီးက ကိုယ့္ကိုယ္ကို မီးရႈိ႕ခဲ့တာပါ။ ၿပီးေတာ့ အဲဒီအမ်ိဳးသမီးက သတိလစ္ သြားခဲ့ၿပီး ခႏၶာကိုယ္တစ္ခုလုံးရဲ႕ (၇၀)ရာခိုင္ႏႈန္းေလာက္က မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီအမ်ိဳးသမီးကို ခ်က္ခ်င္းပဲ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔ေနသည့္ဗီဒီယိုဖိုင္ထဲတြင္ အမ်ိဳးသမီးတစ္ဦးသည္ တရား႐ုံးေရွ႕သို႔ လမ္းေလွ်ာက္လာခဲ့ ၿပီးေနာက္ ၎၏လက္ကိုင္အိတ္ကို ေျမျပင္သို႔ပစ္ခ်ကာ မီးေလာင္လြယ္ေသာအရည္မ်ားျဖင့္ ကိုယ့္ကိုယ္ကို ေလာင္းခဲ့ၿပီးေနာက္ မီးရႈိ႕ခဲ့သည္ကို ေတြ႕ျမင္ခဲ့ရသည္။ ထို႔ေနာက္ အေစာင့္သုံးဦးသည္ အျပင္သို႔ခ်က္ခ်င္းေျပးထြက္ လာကာ လဲက်ေနေသာ မီးေလာင္ကြၽမ္းေနသည့္အမ်ိဳးသမီးကို မီးသတ္ေဆးဘူးမ်ား အသုံးျပဳကာ ၿငိမ္းသတ္ ေပးခဲ့သည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ခင္ပြန္းျဖစ္သူသည္ စစ္မႈထမ္းရန္အတြက္ စစ္သားစုေဆာင္းခံရၿပီးေနာက္ စစ္မႈထမ္းခြင့္ ေ႐ႊ႕ဆိုင္းေပးရန္ ၎တို႔၏ ေတာင္းဆိုခ်က္ကို တရား႐ုံးက ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ ယခုလိုျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တြင္ စစ္သား မလုံေလာက္မႈႏွင့္ရင္ဆိုင္ေနရေသာ ယူကရိန္းအစိုးရသည္ စစ္သား စုေဆာင္းမႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္အတြင္း ယခုလိုျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.