ဂျာမနီကာကွယ်ရေးဝန်ကြီးဟောင်းကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအသစ်အဖြစ် ထပ်မံ မဲပေး ရွေးချယ်

 532

ဂျန်ဇက် (NP News) - ဇူလိုင် ၁၉

ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယမ်သည် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဌအဖြစ် ထပ်မံရွေးချယ်ခံ လိုက်ရကြောင်း ဥရောပအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
ဂျာမနီကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သော ဗွန်ဒါလီယမ်သည် ဇူလိုင် ၁၈ ရက်တွင် ကျင်းပသော ဥရောပ လွှတ်တော်အစည်းအဝေးအတွင်း ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဖြစ် မဲပေး ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥရောပလွှတ်တော်အစည်းအဝေးတက်ရောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၇ဝ၇ ဦးအနက် ၄ဝ၁ ဦးက ဗွန်ဒါလီယမ်ကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ယူရန် ထောက်ခံမဲပေးခဲ့ပြီး ကန့်ကွက်မဲ ၂၈၄ မဲရှိခဲ့ကာ ကြားနေမဲ ၁၅ မဲ ရှိခဲ့ကြောင်း သိရသည်။
ဗွန်ဒါလီယမ်က ၎င်းအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထဲတွင် ဒီမိုကရက်တစ်စံနှုန်းများ ပိုမိုရရှိရန် ကြိုးပမ်းမည်ဖြစ်သလို ဥရောပတိုက်ကို ပိုမိုအင်အားတောင့်တင်းစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ယူချိန်အတွင်း ကာကွယ်ရေးလုပ်ငန်း များကို အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဗွန်ဒါလီယမ်က ထပ်မံပြောဆိုခဲ့သည်။ ၎င်းသည် ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် ဥရောပသမဂ္ဂကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် မဲပေးရွေးချယ်ခံရပြီးနောက် ဇူလိုင် ၁၈ ရက်တွင် ထပ်မံပြီး ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဗွန်ဒါလီယမ်က ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံနှင့်အတူ ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် ကူညီပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့၏ ဘုံဘတ်ဂျက်စနစ်ကိုလည်း ပြုပြင်ပြောင်းလဲမည်ဖြစ်သလို ဘတ်ဂျက်လုံလောက်မှုများ ပိုမိုရှိလာစေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၎င်းက ကတိပြုပြောဆိုခဲ့သည်။ဗွန်ဒါလီယမ်က ၎င်းသည် ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ယူချိန်အတွင်း ဥရောပသမဂ္ဂကော်မရှင်၏ ပုံစံကိုပြောင်းလဲမှုများ စတင် လုပ်ဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင်တစ်နိုင်ငံ၏ ကိုယ်စားပြုအဖြစ်အမျိုးသားနှင့် အမျိုးသမီးကိုယ်စားပြုပုံစံမျိုးကို ပြောင်းလဲမည်ဖြစ်ကြောင်း ပြောသည်။ ဗွန်ဒါလီယမ်သည် မဲပေးရွေးချယ်ခံရခြင်းများကြောင့် ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌအဖြစ် နောက်ထပ် ငါးနှစ်ကြာ ထပ်မံတာဝန်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဂ်ာမနီကာကြယ္ေရးဝန္ႀကီးေဟာင္းကို ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒အသစ္အျဖစ္ ထပ္မံ မဲေပး ေ႐ြးခ်ယ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၉

ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒ အာဆူလာဗြန္ဒါလီယမ္သည္ ဥေရာပသမဂၢေကာ္မရွင္ဥကၠဌအျဖစ္ ထပ္မံေ႐ြးခ်ယ္ခံ လိုက္ရေၾကာင္း ဥေရာပအေျခစိုက္မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။
ဂ်ာမနီကာကြယ္ေရးဝန္ႀကီးေဟာင္းျဖစ္ေသာ ဗြန္ဒါလီယမ္သည္ ဇူလိုင္ ၁၈ ရက္တြင္ က်င္းပေသာ ဥေရာပ လႊတ္ေတာ္အစည္းအေဝးအတြင္း ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒အျဖစ္ မဲေပး ေ႐ြးခ်ယ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဥေရာပလႊတ္ေတာ္အစည္းအေဝးတက္ေရာက္ခဲ့ေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၇ဝ၇ ဦးအနက္ ၄ဝ၁ ဦးက ဗြန္ဒါလီယမ္ကို ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒အျဖစ္ ထပ္မံတာဝန္ယူရန္ ေထာက္ခံမဲေပးခဲ့ၿပီး ကန႔္ကြက္မဲ ၂၈၄ မဲရွိခဲ့ကာ ၾကားေနမဲ ၁၅ မဲ ရွိခဲ့ေၾကာင္း သိရသည္။
ဗြန္ဒါလီယမ္က ၎အေနျဖင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားထဲတြင္ ဒီမိုကရက္တစ္စံႏႈန္းမ်ား ပိုမိုရရွိရန္ ႀကိဳးပမ္းမည္ျဖစ္သလို ဥေရာပတိုက္ကို ပိုမိုအင္အားေတာင့္တင္းေစရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ကတိျပဳ ေျပာဆိုခဲ့သည္။ ထို႔အျပင္ ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒အျဖစ္ ထပ္မံတာဝန္ယူခ်ိန္အတြင္း ကာကြယ္ေရးလုပ္ငန္း မ်ားကို အဓိကဦးစားေပးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဗြန္ဒါလီယမ္က ထပ္မံေျပာဆိုခဲ့သည္။ ၎သည္ ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္တြင္ ဥေရာပသမဂၢေကာ္မရွင္၏ ဥကၠ႒အျဖစ္ မဲေပးေ႐ြးခ်ယ္ခံရၿပီးေနာက္ ဇူလိုင္ ၁၈ ရက္တြင္ ထပ္မံၿပီး ေ႐ြးခ်ယ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဗြန္ဒါလီယမ္က ဥေရာပသမဂၢသည္ ယူကရိန္းႏိုင္ငံႏွင့္အတူ ဆက္လက္ရပ္တည္မည္ျဖစ္ၿပီး ယူကရိန္းႏိုင္ငံကို ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေစရန္ ကူညီေပးမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။
ဥေရာပသမဂၢအဖြဲ႕၏ ဘုံဘတ္ဂ်က္စနစ္ကိုလည္း ျပဳျပင္ေျပာင္းလဲမည္ျဖစ္သလို ဘတ္ဂ်က္လုံေလာက္မႈမ်ား ပိုမိုရွိလာေစရန္ ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း၎က ကတိျပဳေျပာဆိုခဲ့သည္။ဗြန္ဒါလီယမ္က ၎သည္ ဥေရာပသမဂၢ ေကာ္မရွင္ဥကၠ႒အျဖစ္ ထပ္မံတာဝန္ယူခ်ိန္အတြင္း ဥေရာပသမဂၢေကာ္မရွင္၏ ပုံစံကိုေျပာင္းလဲမႈမ်ား စတင္ လုပ္ေဆာင္မည္ျဖစ္ၿပီး အဖြဲ႕ဝင္တစ္ႏိုင္ငံ၏ ကိုယ္စားျပဳအျဖစ္အမ်ိဳးသားႏွင့္ အမ်ိဳးသမီးကိုယ္စားျပဳပုံစံမ်ိဳးကို ေျပာင္းလဲမည္ျဖစ္ေၾကာင္း ေျပာသည္။ ဗြန္ဒါလီယမ္သည္ မဲေပးေ႐ြးခ်ယ္ခံရျခင္းမ်ားေၾကာင့္ ဥေရာပသမဂၢ ေကာ္မရွင္ဥကၠ႒အျဖစ္ ေနာက္ထပ္ ငါးႏွစ္ၾကာ ထပ္မံတာဝန္ယူခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.