စင်ကာပူကမ်းလွန်မှာ ရေနံတင်သင်္ဘောနှစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

 1874

Pika (NP News) - ဇူလိုင် ၁၉

ဇူလိုင်လ(၁၉)ရက် အစောပိုင်းက စင်ကာပူနိုင်ငံကမ်းလွန်တွင် ရေနံတင်သင်္ဘောနှစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ပြီးနောက် သင်္ဘောသားအမှုထမ်းများကို ကယ်ဆယ်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
စင်ကာပူအလံလွှင့်တင်ထားသော Hafnia Nile ရေနံတင်သင်္ဘောနှင့် São Tomé နှင့် Príncipe အလံလွှင့် တင်ထားသော Ceres I ရေနံတင်သင်္ဘောတို့သည် Pedra Branca ကျွန်းအရှေ့မြောက်ဘက် (၅၅)ကီလိုမီတာ အကွာတွင် မီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(MPA)က ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကို ဇူလိုင်လ(၁၉)ရက် နံနက်(၆)နာရီ (၁၅)မိနစ်အချိန်တွင် အာဏာပိုင်များထံ အကြောင်း ကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေနံတင်သင်္ဘောများ၏ အမှုထမ်းများကို ရှာဖွေကယ်ဆယ်ရာတွင် ကူညီပေးရန် အရပ်ဘက်သင်္ဘောများကို (MPA) အဖွဲ့က တောင်းဆိုထားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်တွင်ရှိသော စင်ကာပူရေတပ်သင်္ဘော RSS Supreme သည်လည်း ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးလျက်ရှိကြောင်း သိရသည်။ Hafnia Nile သင်္ဘောသည် မီးလောင် လွယ်သောအရည် naphtha များ သယ်ဆောင်လာခြင်းဖြစ်ကြောင်း Kpler နှင့် LSEG တို့ထံမှ သင်္ဘောခြေရာခံ ဒေတာအချက်အလက်များအရ သိရသည်။

သို့သော်လည်း Ceres I သင်္ဘောပေါ်တွင် ဘယ်လိုကုန်ပစ္စည်းအမျိုးအစား သယ်ဆောင်လာသလဲဆိုသည့်အချက်ကို တော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် စင်ကာပူလေတပ် ရဟတ်ယာဉ်တစ်စင်းကို စေလွှတ်ထားပြီး သင်္ဘောသားအမှုထမ်းများကို ရှာဖွေကယ်ဆယ်ရာတွင် ကူညီပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မီးလောင်ကျွမ်းမှု ဘာကြောင့်ဖြစ်ပွားရသလဲဆိုသည့်အချက်ကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။

Zawgyi Version;
စင္ကာပူကမ္းလြန္မွာ ေရနံတင္သေဘၤာႏွစ္စီး မီးေလာင္ကြၽမ္းမႈျဖစ္ပြား
Pika (NP News) - ဇူလိုင္ ၁၉

ဇူလိုင္လ(၁၉)ရက္ အေစာပိုင္းက စင္ကာပူႏိုင္ငံကမ္းလြန္တြင္ ေရနံတင္သေဘၤာႏွစ္စီး မီးေလာင္ကြၽမ္းမႈျဖစ္ပြား ခဲ့ၿပီးေနာက္ သေဘၤာသားအမႈထမ္းမ်ားကို ကယ္ဆယ္ရန္အတြက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
စင္ကာပူအလံလႊင့္တင္ထားေသာ Hafnia Nile ေရနံတင္သေဘၤာႏွင့္ São Tomé ႏွင့္ Príncipe အလံလႊင့္ တင္ထားေသာ Ceres I ေရနံတင္သေဘၤာတို႔သည္ Pedra Branca ကြၽန္းအေရွ႕ေျမာက္ဘက္ (၅၅)ကီလိုမီတာ အကြာတြင္ မီး စတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း စင္ကာပူေရေၾကာင္းႏွင့္ ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕(MPA)က ေျပာၾကားခဲ့သည္။

အဆိုပါမီးေလာင္ကြၽမ္းမႈကို ဇူလိုင္လ(၁၉)ရက္ နံနက္(၆)နာရီ (၁၅)မိနစ္အခ်ိန္တြင္ အာဏာပိုင္မ်ားထံ အေၾကာင္း ၾကားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေရနံတင္သေဘၤာမ်ား၏ အမႈထမ္းမ်ားကို ရွာေဖြကယ္ဆယ္ရာတြင္ ကူညီေပးရန္ အရပ္ဘက္သေဘၤာမ်ားကို (MPA) အဖြဲ႕က ေတာင္းဆိုထားေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာအနီးတစ္ဝိုက္တြင္ရွိေသာ စင္ကာပူေရတပ္သေဘၤာ RSS Supreme သည္လည္း ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ကူညီေပးလ်က္ရွိေၾကာင္း သိရသည္။ Hafnia Nile သေဘၤာသည္ မီးေလာင္ လြယ္ေသာအရည္ naphtha မ်ား သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း Kpler ႏွင့္ LSEG တို႔ထံမွ သေဘၤာေျခရာခံ ေဒတာအခ်က္အလက္မ်ားအရ သိရသည္။

သို႔ေသာ္လည္း Ceres I သေဘၤာေပၚတြင္ ဘယ္လိုကုန္ပစၥည္းအမ်ိဳးအစား သယ္ေဆာင္လာသလဲဆိုသည့္အခ်က္ကို ေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ စင္ကာပူေလတပ္ ရဟတ္ယာဥ္တစ္စင္းကို ေစလႊတ္ထားၿပီး သေဘၤာသားအမႈထမ္းမ်ားကို ရွာေဖြကယ္ဆယ္ရာတြင္ ကူညီေပးလ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ မီးေလာင္ကြၽမ္းမႈ ဘာေၾကာင့္ျဖစ္ပြားရသလဲဆိုသည့္အခ်က္ကိုလည္း လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.