အိန္ဒိယမှ အမေရိကန်သို့ပျံသန်းသည့်လေကြောင်းလိုင်း အရေးပေါ်အခြေအနေကြောင့် ရုရှားတွင် ဆင်းသက်ခဲ့ရ
3091
ALynn (NP News) - ဇူလိုင် ၁၉
ကြာသပတေးနေ့ (ဇူလိုင်လ ၁၈ ရက်) က Air India Boeing 777 သည် ရုရှားနိုင်ငံအလယ်ပိုင်း Krasnoyarsk မြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။ နယူးဒေလီမှ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းသည့် AI183 သည် မီးလောင်မှု ဖြစ်နိုင်ချေရှိသောကြောင့် လမ်းကြောင်းပြောင်းခဲ့ရခြင်းဖြစ်သည်။ (မော်စကိုစံတော်ချိန် ၁၈ နာရီဝန်းကျင်) တွင် ကုန်တင်ခန်းအတွင်း မီးသတိပေးသံ ထွက်ပေါ်လာပြီးနောက် အရေးပေါ်ဆင်းသက်ရန် လေယာဉ်အမှုထမ်းများက ပျံသန်းမှု ထိန်းချုပ်ရေးအခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် လေယာဉ်သည် အမြင့်ပေ ၁၁,၀၀၀ မီတာခန့်တွင် ဆိုက်ဘေးရီးယားဘက်သို့ ပျံသန်းနေသည်။ ထို့နောက် လမ်းကြောင်းပြောင်းပြီး Krasnoyarsk မြို့သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
ရုရှားဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီ (Rosaviatsia) က လေယာဉ်ပေါ်တွင် မီး (သို့မဟုတ်) မီးခိုး မတွေ့ရှိခဲ့ကြောင်း နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ရုရှား ကျွမ်းကျင်သူများက လေယာဉ်ကို ပဏာမ စစ်ဆေးပြီးနောက် ကြီးကြီးမားမား ထိခိုက်မှုမတွေ့ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ အသေးစိတ်အစီရင်ခံစာကို သောကြာနေ့ နံနက်တွင် ထုတ်ပြန်သွားမည်ဟု ရုရှားအရေးပေါ်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခုက RIA Novosti သို့ ပြောကြားခဲ့သည်။
ခရီးသည်အားလုံးကို လေယာဉ်ပေါ်မှ အောင်မြင်စွာ ကယ်ထုတ်ခဲ့ပြီး Krasnoyarsk လေဆိပ်တွင် နေရာချပေးခဲ့ ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ ခရီးသည်များသည် ဆေးဘက်ဆိုင်ရာအကူအညီများ မလိုအပ် ကြောင်း အရေးပေါ်ဝန်ဆောင်မှုများက ဆိုသည်။ လေယာဉ်အမှုထမ်းများကို လိုအပ်သမျှ အကူအညီများ ပေးထား ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ခရီးသည် ၂၂၅ ဦးနှင့် လေယာဉ်အမှုထမ်း ၁၉ ဦး အပါအဝင် စုစုပေါင်း လူ ၂၄၄ ဦး လိုက်ပါသွားခဲ့ကြောင်း လေကြောင်းလိုင်းမှ သိရသည်။
"Air India သည် အစိုးရအေဂျင်စီများ၊ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက် နေပြီး ခရီးသည်များအား ဆန်ဖရန်စစ္စကိုသို့ အစောဆုံးခရီးဖြင့်ပို့ဆောင်ရန် [Krasnoyarsk] သို့ ကူးတို့လေယာဉ် ခရီးစဉ်အတွက် စီစဉ်မှုများပြုလုပ်နေပါတယ်" ဟု ကုမ္ပဏီက X ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။
ဆန်ဖရန်စစ္စကိုသို့ ပျံသန်းနေသော အိန္ဒိယလေယာဉ်သည် ရုရှားတွင် အရေးပေါ်ဆင်းသက်မှုမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂ဝ၂၃ ခုနှစ်၊ ဇွန်လတွင် အခြား Boeing 777 သည် အရှေ့ဖျားမြို့ Magadan တွင် ၎င်း၏အင်ဂျင်များ ချွတ်ယွင်းမှုကြောင့် ဆင်းသက်ခဲ့ရဖူးသည်။ ထို့နောက် ခရီးသည်များသည် မြေပြင်ပေါ်တွင် နာရီ ၄၀ နီးပါးကြာပြီး နောက် အခြား Air India လေကြောင်းဖြင့် ခရီးဆက်ခဲ့ကြသည်။
Zawgyi Version;
အိႏၵိယမွ အေမရိကန္သို႔ပ်ံသန္းသည့္ေလေၾကာင္းလိုင္း အေရးေပၚအေျခအေနေၾကာင့္ ႐ုရွားတြင္ ဆင္းသက္ခဲ့ရ
ALynn (NP News) - ဇူလိုင္ ၁၉
ၾကာသပေတးေန႔ (ဇူလိုင္လ ၁၈ ရက္) က Air India Boeing 777 သည္ ႐ုရွားႏိုင္ငံအလယ္ပိုင္း Krasnoyarsk ၿမိဳ႕တြင္ အေရးေပၚဆင္းသက္ခဲ့ရသည္။ နယူးေဒလီမွ ဆန္ဖရန္စစၥကိုသို႔ ပ်ံသန္းသည့္ AI183 သည္ မီးေလာင္မႈ ျဖစ္ႏိုင္ေခ်ရွိေသာေၾကာင့္ လမ္းေၾကာင္းေျပာင္းခဲ့ရျခင္းျဖစ္သည္။ (ေမာ္စကိုစံေတာ္ခ်ိန္ ၁၈ နာရီဝန္းက်င္) တြင္ ကုန္တင္ခန္းအတြင္း မီးသတိေပးသံ ထြက္ေပၚလာၿပီးေနာက္ အေရးေပၚဆင္းသက္ရန္ ေလယာဥ္အမႈထမ္းမ်ားက ပ်ံသန္းမႈ ထိန္းခ်ဳပ္ေရးအခန္းသို႔ အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။ ထိုအခ်ိန္တြင္ ေလယာဥ္သည္ အျမင့္ေပ ၁၁,၀၀၀ မီတာခန႔္တြင္ ဆိုက္ေဘးရီးယားဘက္သို႔ ပ်ံသန္းေနသည္။ ထို႔ေနာက္ လမ္းေၾကာင္းေျပာင္းၿပီး Krasnoyarsk ၿမိဳ႕သို႔ ေဘးကင္းစြာ ဆင္းသက္ႏိုင္ခဲ့သည္။
႐ုရွားဖက္ဒရယ္ေလေၾကာင္းပို႔ေဆာင္ေရးေအဂ်င္စီ (Rosaviatsia) က ေလယာဥ္ေပၚတြင္ မီး (သို႔မဟုတ္) မီးခိုး မေတြ႕ရွိခဲ့ေၾကာင္း ေနာက္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။ ႐ုရွား ကြၽမ္းက်င္သူမ်ားက ေလယာဥ္ကို ပဏာမ စစ္ေဆးၿပီးေနာက္ ႀကီးႀကီးမားမား ထိခိုက္မႈမေတြ႕ခဲ့ရေၾကာင္း ထုတ္ျပန္ခဲ့သည္။ အေသးစိတ္အစီရင္ခံစာကို ေသာၾကာေန႔ နံနက္တြင္ ထုတ္ျပန္သြားမည္ဟု ႐ုရွားအေရးေပၚဝန္ႀကီးဌာနမွ သတင္းရင္းျမစ္တစ္ခုက RIA Novosti သို႔ ေျပာၾကားခဲ့သည္။
ခရီးသည္အားလုံးကို ေလယာဥ္ေပၚမွ ေအာင္ျမင္စြာ ကယ္ထုတ္ခဲ့ၿပီး Krasnoyarsk ေလဆိပ္တြင္ ေနရာခ်ေပးခဲ့ ေၾကာင္း ႐ုရွားအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ခရီးသည္မ်ားသည္ ေဆးဘက္ဆိုင္ရာအကူအညီမ်ား မလိုအပ္ ေၾကာင္း အေရးေပၚဝန္ေဆာင္မႈမ်ားက ဆိုသည္။ ေလယာဥ္အမႈထမ္းမ်ားကို လိုအပ္သမွ် အကူအညီမ်ား ေပးထား ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ခရီးသည္ ၂၂၅ ဦးႏွင့္ ေလယာဥ္အမႈထမ္း ၁၉ ဦး အပါအဝင္ စုစုေပါင္း လူ ၂၄၄ ဦး လိုက္ပါသြားခဲ့ေၾကာင္း ေလေၾကာင္းလိုင္းမွ သိရသည္။
"Air India သည္ အစိုးရေအဂ်င္စီမ်ား၊ စည္းကမ္းထိန္းသိမ္းေရးအာဏာပိုင္မ်ားႏွင့္လည္း ခ်ိတ္ဆက္ေဆာင္႐ြက္ ေနၿပီး ခရီးသည္မ်ားအား ဆန္ဖရန္စစၥကိုသို႔ အေစာဆုံးခရီးျဖင့္ပို႔ေဆာင္ရန္ [Krasnoyarsk] သို႔ ကူးတို႔ေလယာဥ္ ခရီးစဥ္အတြက္ စီစဥ္မႈမ်ားျပဳလုပ္ေနပါတယ္" ဟု ကုမၸဏီက X ဆိုရွယ္မီဒီယာတြင္ ေဖာ္ျပထားသည္။
ဆန္ဖရန္စစၥကိုသို႔ ပ်ံသန္းေနေသာ အိႏၵိယေလယာဥ္သည္ ႐ုရွားတြင္ အေရးေပၚဆင္းသက္မႈမွာ ပထမဆုံးအႀကိမ္ မဟုတ္ေပ။ ၂ဝ၂၃ ခုႏွစ္၊ ဇြန္လတြင္ အျခား Boeing 777 သည္ အေရွ႕ဖ်ားၿမိဳ႕ Magadan တြင္ ၎၏အင္ဂ်င္မ်ား ခြၽတ္ယြင္းမႈေၾကာင့္ ဆင္းသက္ခဲ့ရဖူးသည္။ ထို႔ေနာက္ ခရီးသည္မ်ားသည္ ေျမျပင္ေပၚတြင္ နာရီ ၄၀ နီးပါးၾကာၿပီး ေနာက္ အျခား Air India ေလေၾကာင္းျဖင့္ ခရီးဆက္ခဲ့ၾကသည္။