နေရောင်ခြည်ထိတွေ့လို့မရတဲ့ ရှားပါးရောဂါခံစားနေရသူ စပိန်အမျိုးသား ပေါမိုမင်ဂွါဇ်အာရန်ဒါ

 261

ရောင်နီ (NP News) - ဇူလိုင် ၂ဝ

ပေါမိုမင်ဂွါဇ်အာရန်ဒါ အမည်ရှိ အသက် ၁၁ နှစ်အရွယ် စပိန်နိုင်ငံသား ကောင်လေးတစ်ယောက်ဟာ အခြား ကလေးအများစုနဲ့ ကွဲပြားခြားနားနေပါတယ်။

အကြောင်းကတော့ အခြားကလေးတွေလို နေရောင်ခြည်အောက်မှာ ပြေးလွှားဆော့ကစားနိုင်ခြင်း မရှိပဲ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ အသက်အန္တရာယ်ဖြစ်တဲ့အထိ ပြင်းထန်တဲ့ xeroderma pigmentosum ရောဂါတစ်ခုကို ခံစားနေရလို့ပါပဲ။ ဒါကြောင့်သူဟာ ခရမ်းလွန်ရောင်ခြည်ထိတွေ့တာနဲ့ အသားအရေ လောက်ကျွမ်းလွယ်တာကြောင့် နေရောင်ခြည်ကို ရှောင်ရှားဖို့ ကမ်းခြေ ဒါမှမဟုတ် ရေကူးကန်တွေကို နေ့ဘက် သွားလာအပန်းဖြေလို့မရပဲ နေအိမ်အတွင်းမှာပဲ နေထိုင်ရလေ့ရှိပါတယ်။
ပေါဟာ နွေရာသီဆိုရင် တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေရလေ့ရှိပြီး အပြင်ထွက်တာနဲ့ ဦးထုပ်၊ အင်္ကျီ၊ နေကာမျက်မှန်နဲ့ လက်အိတ်တွေကို ၀တ်ဆင်ရပါတယ်။ ဒါ့အပြင် ပေါ ပညာသင်ကြားတဲ့ စာသင်ကျောင်းကလည်း ပြတင်းပေါက်နဲ့ အခန်းမီးတွေကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ထားရတယ်လို့ သိရပါတယ်။

နေဝင်ချိန်တွေဆိုရင်တော့ ပေါဟာ အကာအကွယ်ပစ္စည်းမပါဘဲ အပြင်ထွက်နိုင်ပေမယ့် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူလှိုင်းကျရောက်မှု ပိုမိုပြင်းထန်လာတဲ့ရာသီဥတုအခြေအနေကြောင့် ပေါအတွက် အန္တရာယ်တွေ ပိုတိုးလာတယ်လို့ ဘာစီလိုနာ၊ Sant Joan de Deu ဆေးရုံမှ ကလေးအရေပြား အထူးကုဆရာဝန် အာဆန်ကွန်ဗင်ဆင့် က ပြောကြားပါတယ်။
Xeroderma pigmentosum ရောဂါဟာ အနောက်ဥရောပမှာ လူတစ်သန်းကို ၂.၃ ဦးလောက်သာဖြစ်ပွားလေ့ရှိတဲ့ ရှားပါးရောဂါဖြစ်ပါတယ်။

Zawgyi Version;
ေနေရာင္ျခည္ထိေတြ႕လို႔မရတဲ့ ရွားပါးေရာဂါ ခံစားေနရသူ စပိန္အမ်ိဳးသား ေပါမိုမင္ဂြါဇ္အာရန္ဒါ
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ

ေပါမိုမင္ဂြါဇ္အာရန္ဒါ အမည္ရွိ အသက္ ၁၁ ႏွစ္အ႐ြယ္ စပိန္ႏိုင္ငံသား ေကာင္ေလးတစ္ေယာက္ဟာ အျခား ကေလးအမ်ားစုနဲ႔ ကြဲျပားျခားနားေနပါတယ္။

အေၾကာင္းကေတာ့ အျခားကေလးေတြလို ေနေရာင္ျခည္ေအာက္မွာ ေျပးလႊားေဆာ့ကစားႏိုင္ျခင္း မရွိပဲ ေနေရာင္ျခည္နဲ႔ထိေတြ႕တဲ့အခါ အသက္အႏၲရာယ္ျဖစ္တဲ့အထိ ျပင္းထန္တဲ့ xeroderma pigmentosum ေရာဂါတစ္ခုကို ခံစားေနရလို႔ပါပဲ။ ဒါေၾကာင့္သူဟာ ခရမ္းလြန္ေရာင္ျခည္ထိေတြ႕တာနဲ႔ အသားအေရ ေလာက္ကြၽမ္းလြယ္တာေၾကာင့္ ေနေရာင္ျခည္ကို ေရွာင္ရွားဖို႔ ကမ္းေျခ ဒါမွမဟုတ္ ေရကူးကန္ေတြကို ေန႔ဘက္ သြားလာအပန္းေျဖလို႔မရပဲ ေနအိမ္အတြင္းမွာပဲ ေနထိုင္ရေလ့ရွိပါတယ္။
ေပါဟာ ေႏြရာသီဆိုရင္ တတ္ႏိုင္သမွ် အိမ္ထဲမွာပဲ ေနရေလ့ရွိၿပီး အျပင္ထြက္တာနဲ႔ ဦးထုပ္၊ အက်ႌ၊ ေနကာမ်က္မွန္နဲ႔ လက္အိတ္ေတြကို ၀တ္ဆင္ရပါတယ္။ ဒါ့အျပင္ ေပါ ပညာသင္ၾကားတဲ့ စာသင္ေက်ာင္းကလည္း ျပတင္းေပါက္နဲ႔ အခန္းမီးေတြကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပဳျပင္ထားရတယ္လို႔ သိရပါတယ္။

ေနဝင္ခ်ိန္ေတြဆိုရင္ေတာ့ ေပါဟာ အကာအကြယ္ပစၥည္းမပါဘဲ အျပင္ထြက္ႏိုင္ေပမယ့္ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ အပူလႈိင္းက်ေရာက္မႈ ပိုမိုျပင္းထန္လာတဲ့ရာသီဥတုအေျခအေနေၾကာင့္ ေပါအတြက္ အႏၲရာယ္ေတြ ပိုတိုးလာတယ္လို႔ ဘာစီလိုနာ၊ Sant Joan de Deu ေဆး႐ုံမွ ကေလးအေရျပား အထူးကုဆရာဝန္ အာဆန္ကြန္ဗင္ဆင့္ က ေျပာၾကားပါတယ္။
Xeroderma pigmentosum ေရာဂါဟာ အေနာက္ဥေရာပမွာ လူတစ္သန္းကို ၂.၃ ဦးေလာက္သာျဖစ္ပြားေလ့ရွိတဲ့ ရွားပါးေရာဂါျဖစ္ပါတယ္။

Related news

© 2021. All rights reserved.