ပြင်သစ်ရဲ့အင်ဒို-ပစိဖိတ်ဒေသလေတပ်မစ်ရှင်မှာ ဖိလစ်ပိုင်က ပထမဆုံးအကြိမ် ပါဝင်လာမည်
361
Pika (NP News) - ဇူလိုင် ၂ဝ
ပြင်သစ်နိုင်ငံ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော အင်ဒို-ပစိဖိတ်ဒေသလေတပ်မစ်ရှင်တွင် ဖိလစ်ပိုင်နိုင်ငံက ပထမဆုံး ပါဝင်လာခြင်းသည် ဒေသတွင်းလုံခြုံရေးအတွက် ပြင်သစ်နိုင်ငံ၏ကတိဝတ်များအပြင် ၎င်း၏ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ကာကွယ်ရေးဈေးကွက်များအတွက် မဟာဗျူဟာမြောက်အကျိုးစီးပွားများကို အလေးပေးဖော်ပြ နေခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောခဲ့သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော Pegase 24 မစ်ရှင်တွင် ဖိလစ်ပိုင်နိုင်ငံ ပါဝင်လာမှုသည် ဖိလစ်ပိုင်နိုင်ငံနှင့် ပိုမိုနီးကပ် သောဆက်ဆံရေးများကို တည်ဆောက်ရန်အတွက် ပြင်သစ်၏ နောက်ဆုံးအကြိမ်လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း လည်း သိရသည်။ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နှင့် ပြင်သစ်နိုင်ငံတို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးပွဲများကို ပထမဆုံးစတင်ခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
De La Salle တက္ကသိုလ်၏ နိုင်ငံတကာလေ့လာရေးဌာနမှ ပထဝီနိုင်ငံရေးလေ့လာသူ နှင့် ကထိက Don McLain Gill က “ပြီးခဲ့တဲ့သုံးနှစ်အတွင်း ပြင်သစ်က ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ခဲ့တာ သိသာထင်ရှားပါတယ်။ နှစ်နိုင်ငံကြား လေးနက်ပြီးကျယ်ပြန်တဲ့သဘောတူညီချက်တွေဟာ ပုံမှန်အတိုင်း တိုးတက် မှုတစ်ခုလိုပါပဲ” ဟု ပြောခဲ့သည်။
Pegase 24 မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်လေယာဉ်တပ်ဖွဲ့တစ်ဖွဲ့သည် မနီလာမြို့အနောက်မြောက် ဘက် (၉၃)ကီလိုမီတာအကွာတွင်ရှိသော ကလာ့ခ်လေတပ်အခြေစိုက်စခန်းတွင် ရပ်နားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကလာ့ခ်လေတပ်အခြေစိုက်စခန်းကို ၁၉၉၁ ခုနှစ်အထိ အမေရိကန်စစ်တပ်က ဦးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမစ်ရှင်သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းထားရန်အတွက် မရှိမဖြစ်လိုအပ် သော ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်နဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ၏ ကတိဝတ်များကို သက်သေပြလိမ့်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Marie Fontanel က ပြောကြားခဲ့သည်။ Pegase 24 မစ်ရှင်အတွင်း ဘက်စုံသုံး Rafale တိုက်လေယာဉ်နှစ်စင်း၊ A400M မဟာဗျူဟာမြောက် လေယာဉ်၊ A330 ဝေဟင်ဆီဖြည့်လေယာဉ် နှင့် စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ျပင္သစ္ရဲ႕အင္ဒို-ပစိဖိတ္ေဒသေလတပ္မစ္ရွင္မွာ ဖိလစ္ပိုင္က ပထမဆုံးအႀကိမ္ ပါဝင္လာမည္
Pika (NP News) - ဇူလိုင္ ၂ဝ
ျပင္သစ္ႏိုင္ငံ၏ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ အင္ဒို-ပစိဖိတ္ေဒသေလတပ္မစ္ရွင္တြင္ ဖိလစ္ပိုင္ႏိုင္ငံက ပထမဆုံး ပါဝင္လာျခင္းသည္ ေဒသတြင္းလုံၿခဳံေရးအတြက္ ျပင္သစ္ႏိုင္ငံ၏ကတိဝတ္မ်ားအျပင္ ၎၏ ကုန္သြယ္ေရး လမ္းေၾကာင္းႏွင့္ ကာကြယ္ေရးေဈးကြက္မ်ားအတြက္ မဟာဗ်ဴဟာေျမာက္အက်ိဳးစီးပြားမ်ားကို အေလးေပးေဖာ္ျပ ေနျခင္းျဖစ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာခဲ့သည္။
ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ Pegase 24 မစ္ရွင္တြင္ ဖိလစ္ပိုင္ႏိုင္ငံ ပါဝင္လာမႈသည္ ဖိလစ္ပိုင္ႏိုင္ငံႏွင့္ ပိုမိုနီးကပ္ ေသာဆက္ဆံေရးမ်ားကို တည္ေဆာက္ရန္အတြက္ ျပင္သစ္၏ ေနာက္ဆုံးအႀကိမ္လႈပ္ရွားမႈတစ္ခုျဖစ္ေၾကာင္း လည္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ဒီဇင္ဘာလတြင္ ဖိလစ္ပိုင္ႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးေဆြးေႏြးပြဲမ်ားကို ပထမဆုံးစတင္ခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
De La Salle တကၠသိုလ္၏ ႏိုင္ငံတကာေလ့လာေရးဌာနမွ ပထဝီႏိုင္ငံေရးေလ့လာသူ ႏွင့္ ကထိက Don McLain Gill က “ၿပီးခဲ့တဲ့သုံးႏွစ္အတြင္း ျပင္သစ္က ဖိလစ္ပိုင္နဲ႔ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးခ်ဲ႕ခဲ့တာ သိသာထင္ရွားပါတယ္။ ႏွစ္ႏိုင္ငံၾကား ေလးနက္ၿပီးက်ယ္ျပန္တဲ့သေဘာတူညီခ်က္ေတြဟာ ပုံမွန္အတိုင္း တိုးတက္ မႈတစ္ခုလိုပါပဲ” ဟု ေျပာခဲ့သည္။
Pegase 24 မစ္ရွင္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ျပင္သစ္ေလယာဥ္တပ္ဖြဲ႕တစ္ဖြဲ႕သည္ မနီလာၿမိဳ႕အေနာက္ေျမာက္ ဘက္ (၉၃)ကီလိုမီတာအကြာတြင္ရွိေသာ ကလာ့ခ္ေလတပ္အေျခစိုက္စခန္းတြင္ ရပ္နားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ကလာ့ခ္ေလတပ္အေျခစိုက္စခန္းကို ၁၉၉၁ ခုႏွစ္အထိ အေမရိကန္စစ္တပ္က ဦးစီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါမစ္ရွင္သည္ လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသကို ထိန္းသိမ္းထားရန္အတြက္ မရွိမျဖစ္လိုအပ္ ေသာ ေရေၾကာင္းလြတ္လပ္စြာ သြားလာခြင့္နဲ႔ပတ္သက္ၿပီး ျပင္သစ္ႏိုင္ငံ၏ ကတိဝတ္မ်ားကို သက္ေသျပလိမ့္မည္ ျဖစ္ေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံဆိုင္ရာ ျပင္သစ္သံအမတ္ Marie Fontanel က ေျပာၾကားခဲ့သည္။ Pegase 24 မစ္ရွင္အတြင္း ဘက္စုံသုံး Rafale တိုက္ေလယာဥ္ႏွစ္စင္း၊ A400M မဟာဗ်ဴဟာေျမာက္ ေလယာဥ္၊ A330 ေဝဟင္ဆီျဖည့္ေလယာဥ္ ႏွင့္ စစ္ဘက္ဆိုင္ရာသယ္ယူပို႔ေဆာင္ေရးေလယာဥ္တို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။