မုန်တိုင်းငယ်၏အရှိန်ကြောင့် နေရာကွက်၍ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်

 8168

ယွန်း (NP News) - ဇူလိုင် ၂ဝ

မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကွက်၍ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ယနေ့(ဇူလိုင် ၂ဝ ရက်) နံနက်(၆)နာရီ ၃ဝ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်း ငယ် (Depression) သည် အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ ရောက်ရှိကာ နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
သို့ဖြစ်၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထားသည်။

Zawgyi Version;
မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ ေနရာကြက္၍ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္
ယြန္း (NP News) - ဇူလိုင္ ၂ဝ

မုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ေနရာကြက္၍ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

ယေန႔(ဇူလိုင္ ၂ဝ ရက္) နံနက္(၆)နာရီ ၃ဝ မိနစ္အခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ အလယ္ပိုင္း၊ အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ကမ္းလြန္ႏွင့္ အင္ဒရာပရာေဒ့ရွ္ျပည္နယ္ ေျမာက္ပိုင္းကမ္းေျခတို႔တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္း ငယ္ (Depression) သည္ အေနာက္ -အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မုန္တိုင္းငယ္သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ ေ႐ြ႕လ်ားႏိုင္ၿပီး၊ အိႏၵိယႏိုင္ငံ၊ ဩရိႆ ျပည္နယ္ႏွင့္ ခ်က္တစ္ဂတ္ျပည္နယ္တို႔သို႔ ေရာက္ရွိကာ ေနာက္(၂၄)နာရီအတြင္း ေလဖိအားနည္းရပ္ဝန္းအျဖစ္သို႔ တျဖည္းျဖည္း အားေလ်ာ့သြားႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

မုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ယေန႔နံနက္မွ ေနာက္(၂၄)နာရီအတြင္း ရန္ကုန္၊ ဧရာဝတီႏွင့္ ရခိုင္တို႔တြင္ ေနရာ အႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ အခ်ိဳ႕ေနရာမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။
သို႔ျဖစ္၍ မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ကို သတိျပဳေနထိုင္ရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန က အသိေပးထားသည္။

Related news

© 2021. All rights reserved.