ကာကွယ်ရေးကဏ္ဍအတွက် ကိုယ့်ကိုယ်ကို အားကိုးရမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော

 518

Pika (NP News) - ဇူလိုင် ၂ဝ

ထိုင်ဝမ်ကျွန်းအနေဖြင့် ကာကွယ်ရေးကဏ္ဍအတွက် ကိုယ့်ကိုယ်ကို အားကိုးရမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Lin Chia-lung က ဇူလိုင်လ(၁၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
တရုတ်အစိုးရက အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေမှုနှင့်အတူ Lin Chia-lung က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ကျွန်းအနေဖြင့် ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ကို ငွေပေးချေသင့်ကြောင်း အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် Lin Chia-lung ၏ ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်ဝမ်အစိုးရသည် အမေရိကန်ထံမှ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူကာ ၎င်း၏ ကာကွယ်ရေးအသုံးစရိတ် များကို ဆက်လက်မြှင့်တင်နေကြောင်း Lin Chia-lung က ပြောခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးခွန်းများကို Lin Chia-lung က ယခုလိုပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ထိုင်ဝမ်ကျွန်းက အမေရိကန်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်က “ကျွန်တော် လူတွေကိုကောင်းကောင်းသိပြီး သူတို့ကို လေးလေးစားစားနဲ့ ဆက်ဆံပါတယ်။ သူတို့က ကျွန်တော်တို့ ချပ်စ်လုပ်ငန်းရဲ့(၁၀၀)ရာခိုင်နှုန်းကို ယူသွားတာပါ။ ထိုင်ဝမ်ဟာ ကာကွယ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ငွေပေးချေသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့က အာမခံကုမ္ပဏီတစ်ခု မဟုတ်ဘူး ဆိုတာ အားလုံးသိကြမှာပါ။ ထိုင်ဝမ်က ကျွန်တော်တို့ကို ငွေပေးချေမှုတွေလည်း မရှိခဲ့ပါဘူး” ဟု ဇူလိုင်လ (၂၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်၏ အရေးအပါဆုံး နိုင်ငံတကာထောက်ခံသူနှင့် စစ်လက်နက်ပစ္စည်းထောက်ပံ့သူဖြစ်သော်လည်း တရားဝင်ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမျိုး မရှိကြောင်းလည်း သိရသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုများ လုပ်ဆောင်နိုင်စေရန်အတွက် ထိုင်ဝမ်ကို ထောက်ပံ့ပေးမှုများလုပ်ဆောင်သွားမည်ဟု အမေရိကန်အစိုးရက ပြောဆိုထားသည်။

Zawgyi Version;
ကာကြယ္ေရးက႑အတြက္ ကိုယ့္ကိုယ္ကို အားကိုးရမည္ျဖစ္ေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဇူလိုင္ ၂ဝ

ထိုင္ဝမ္ကြၽန္းအေနျဖင့္ ကာကြယ္ေရးက႑အတြက္ ကိုယ့္ကိုယ္ကို အားကိုးရမည္ျဖစ္ေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး Lin Chia-lung က ဇူလိုင္လ(၁၉)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။
တ႐ုတ္အစိုးရက အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ပတ္သက္ၿပီး ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရးအရ ဖိအားေပးမႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ေနမႈႏွင့္အတူ Lin Chia-lung က ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထိုင္ဝမ္ကြၽန္းအေနျဖင့္ ကာကြယ္ေရးက႑အတြက္ အေမရိကန္ကို ေငြေပးေခ်သင့္ေၾကာင္း အေမရိကန္သမၼတ ေဟာင္း ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ Lin Chia-lung ၏ ေျပာဆိုမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ထိုင္ဝမ္အစိုးရသည္ အေမရိကန္ထံမွ စစ္လက္နက္ပစၥည္းမ်ားကို ဝယ္ယူကာ ၎၏ ကာကြယ္ေရးအသုံးစရိတ္ မ်ားကို ဆက္လက္ျမႇင့္တင္ေနေၾကာင္း Lin Chia-lung က ေျပာခဲ့သည္။

ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး သတင္းေထာက္မ်ား၏ ေမးခြန္းမ်ားကို Lin Chia-lung က ယခုလိုျပန္လည္တုံ႔ျပန္ေျဖဆိုခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ထိုင္ဝမ္ကြၽန္းက အေမရိကန္၏ တစ္ပိုင္းလွ်ပ္ကူးပစၥည္းလုပ္ငန္းကို ယူေဆာင္သြားျခင္းျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့သည္။

ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ လူေတြကိုေကာင္းေကာင္းသိၿပီး သူတို႔ကို ေလးေလးစားစားနဲ႔ ဆက္ဆံပါတယ္။ သူတို႔က ကြၽန္ေတာ္တို႔ ခ်ပ္စ္လုပ္ငန္းရဲ႕(၁၀၀)ရာခိုင္ႏႈန္းကို ယူသြားတာပါ။ ထိုင္ဝမ္ဟာ ကာကြယ္ေရးက႑နဲ႔ ပတ္သက္ၿပီး ေငြေပးေခ်သင့္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔က အာမခံကုမၸဏီတစ္ခု မဟုတ္ဘူး ဆိုတာ အားလုံးသိၾကမွာပါ။ ထိုင္ဝမ္က ကြၽန္ေတာ္တို႔ကို ေငြေပးေခ်မႈေတြလည္း မရွိခဲ့ပါဘူး” ဟု ဇူလိုင္လ (၂၅)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အေမရိကန္သည္ ထိုင္ဝမ္၏ အေရးအပါဆုံး ႏိုင္ငံတကာေထာက္ခံသူႏွင့္ စစ္လက္နက္ပစၥည္းေထာက္ပံ့သူျဖစ္ေသာ္လည္း တရားဝင္ကာကြယ္ေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးထားျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ကိုယ့္ကိုယ္ကို ခုခံကာကြယ္မႈမ်ား လုပ္ေဆာင္ႏိုင္ေစရန္အတြက္ ထိုင္ဝမ္ကို ေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္သြားမည္ဟု အေမရိကန္အစိုးရက ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.