အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတနဲ့ဖုန်းပြောဆိုခဲ့ပြီး စစ်ပွဲကိုအဆုံးသတ်ပေးဖို့ ကတိပြု

 1443

Pika (NP News) - ဇူလိုင် ၂ဝ

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင် ခဲ့သလို ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ကတိပြုခဲ့တယ်လို့ ဇူလိုင်လ(၁၉) ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “ဇီလန်စကီးနဲ့ဖုန်းပြောရတဲ့အတွက် ဝမ်းသာမိပါတယ်။ အမေရိကန်ရဲ့ နောက်လာမယ့် သမ္မတ တစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေးယူဆောင်လာပေးပြီး မရေမတွက်နိုင်တဲ့ အပြစ်မဲ့မိသားစုတွေ သေဆုံးခဲ့ရတဲ့စစ်ပွဲကို အဆုံးသတ်ပေးသွားမှာပါ။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး သာယာဝပြောရေး လမ်းကြောင်းကိုခင်းပေးတဲ့သဘောတူညီချက်ကို နှစ်ဘက်စလုံးက အတူတကွနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ရပါ မယ်” လို့ ပြောခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတည်းက အမေရိကန် ဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံနဲ့ချီတဲ့စစ်ရေးအကူအညီတွေ ကူညီပံ့ပိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ်နဲ့ဖုန်းခေါ်ဆိုမှုကို ယူကရိန်းသမ္မတဇီလန်စကီးက အတည်ပြုခဲ့ပြီး ဖုန်းခေါ်ဆိုမှုအတွင်း ရီပတ်ဘလစ်ကန်ပါတီရဲ့တရားဝင်သမ္မတလောင်းဖြစ်လာမှုအတွက် ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် မကြာသေးခင်က မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ အသက်(၇၈)နှစ်အရွယ် ဒေါ်နယ်ထရမ့်အနေနဲ့ ကျန်းကျန်းမာမာရှိနေစေဖို့ ဇီလန်စကီးက ဆုတောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးက “ငြိမ်းချမ်းရေးကို တရားမျှတပြီး ရေရှည်တည်တံ့နိုင်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်နဲ့သဘောတူခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ယူကရိန္းသမၼတနဲ႔ဖုန္းေျပာဆိုခဲ့ၿပီး စစ္ပြဲကိုအဆုံးသတ္ေပးဖို႔ ကတိျပဳ
Pika (NP News) - ဇူလိုင္ ၂ဝ
အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ၎ဟာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ ခဲ့သလို ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ကတိျပဳခဲ့တယ္လို႔ ဇူလိုင္လ(၁၉) ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က “ဇီလန္စကီးနဲ႔ဖုန္းေျပာရတဲ့အတြက္ ဝမ္းသာမိပါတယ္။ အေမရိကန္ရဲ႕ ေနာက္လာမယ့္ သမၼတ တစ္ေယာက္အေနနဲ႔ ကမာၻႀကီးကို ၿငိမ္းခ်မ္းေရးယူေဆာင္လာေပးၿပီး မေရမတြက္ႏိုင္တဲ့ အျပစ္မဲ့မိသားစုေတြ ေသဆုံးခဲ့ရတဲ့စစ္ပြဲကို အဆုံးသတ္ေပးသြားမွာပါ။ အၾကမ္းဖက္မႈေတြကို အဆုံးသတ္ၿပီး သာယာဝေျပာေရး လမ္းေၾကာင္းကိုခင္းေပးတဲ့သေဘာတူညီခ်က္ကို ႏွစ္ဘက္စလုံးက အတူတကြနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ရပါ မယ္” လို႔ ေျပာခဲ့ပါတယ္။

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတည္းက အေမရိကန္ ဟာ ယူကရိန္းကို အေမရိကန္ေဒၚလာဘီလ်ံနဲ႔ခ်ီတဲ့စစ္ေရးအကူအညီေတြ ကူညီပံ့ပိုးေပးခဲ့တာလည္းျဖစ္ပါတယ္။ ေဒၚနယ္ထရမ္နဲ႔ဖုန္းေခၚဆိုမႈကို ယူကရိန္းသမၼတဇီလန္စကီးက အတည္ျပဳခဲ့ၿပီး ဖုန္းေခၚဆိုမႈအတြင္း ရီပတ္ဘလစ္ကန္ပါတီရဲ႕တရားဝင္သမၼတေလာင္းျဖစ္လာမႈအတြက္ ေဒၚနယ္ထရမ့္ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့တယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ မၾကာေသးခင္က မဲဆြယ္စည္း႐ုံးပြဲတစ္ခုအတြင္း ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတဲ့ အသက္(၇၈)ႏွစ္အ႐ြယ္ ေဒၚနယ္ထရမ့္အေနနဲ႔ က်န္းက်န္းမာမာရွိေနေစဖို႔ ဇီလန္စကီးက ဆုေတာင္းေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးက “ၿငိမ္းခ်မ္းေရးကို တရားမွ်တၿပီး ေရရွည္တည္တံ့ႏိုင္ေစဖို႔ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတာကို ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္နဲ႔သေဘာတူခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.