ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာကြောင့် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကို ဖြန့်ကျက်ချထား

 3278

Pika (NP News) - ဇူလိုင် ၂ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့မငြိမ်သက်မှုတွေကို ရဲတပ်ဖွဲ့က ထိန်းချုပ်နိုင်တာမျိုးမရှိခဲ့တာကြောင့် ဇူလိုင်လ(၁၉)ရက်မှာ အစိုးရဟာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကို ဖြန့်ကျက်ချထားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယခုသီတင်းပတ်အတွင်း ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၀၅)ဦး သေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါ့ပြင် ဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။
ရှိတ်ဟာစီနာရဲ့သတင်းထုတ်ပြန်ရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Nayeemul Islam Khan က “အစိုးရဟာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ဖို့နဲ့ အရပ်ဘက်အာဏာပိုင်တွေရဲ့အကူအညီတွေနဲ့အတူ စစ်တပ်ကို ဖြန့်ကျက်ချ ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ညမထွက်ရအမိန့်က ချက်ချင်းအသက်ဝင်မှာပါ” လို့ ပြောခဲ့ပါတယ်။
အစောပိုင်းမှာ ဒါကာမြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဟာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေကို တားဆီးဖို့အတွက် ကြိုးပမ်းမှု တစ်ခုအဖြစ် လူထုစုဝေးပွဲတွေကို တားမြစ်တဲ့ခြေလှမ်းတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ရဲမှူးချုပ် Habibur Rahman က “ဒါကာမြို့မှာ လူထုစုဝေးပွဲတွေ၊ စီတန်းလှည့်လည်တာတွေမျိုးတွေ အားလုံးကို တားမြစ် ထားပါတယ်။ အများပြည်သူလုံခြုံရေးအတွက် ဒီလိုခြေလှမ်းတွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ချီတက်ဆန္ဒပြပွဲတွေမှာ ပါဝင်ချိန်အတွင်း ရဲတပ်ဖွဲ့ရဲ့ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ Sarwar Tushar ဆိုတဲ့ အမျိုးသားက ပြောကြားခဲ့ပါတယ်။ ၎င်းက “ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို ရာထူးကနေ ချက်ချင်းနှုတ်ထွက်စေလိုပါတယ်။ ဒီသတ်ဖြတ်မှုတွေအတွက် အစိုးရမှာ တာဝန်ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း Narsingdi ခရိုင်မှာ ဆန္ဒပြကျောင်းသားတွေဟာ အကျဉ်းထောင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးမှုတွေမလုပ်ဆောင်ခင် အကျဉ်းသားတွေကို လွှတ်ပေးခခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ၎င်းက “အကျဉ်းသားအရေအတွက် အတိအကျကိုတော့ မသိပေမယ့် ရာဂဏန်းလောက်တော့ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္မွာ ဆႏၵျပပြဲေတြ အရွိန္ျမင့္လာတာေၾကာင့္ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ခဲ့ၿပီး စစ္တပ္ကို ျဖန႔္က်က္ ခ်ထား
Pika (NP News) - ဇူလိုင္ ၂ဝ

ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝန္းမွာ ျဖစ္ပြားေနတဲ့မၿငိမ္သက္မႈေတြကို ရဲတပ္ဖြဲ႕က ထိန္းခ်ဳပ္ႏိုင္တာမ်ိဳးမရွိခဲ့တာေၾကာင့္ ဇူလိုင္လ(၁၉)ရက္မွာ အစိုးရဟာ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ခဲ့ၿပီး စစ္တပ္ကို ျဖန႔္က်က္ခ်ထားမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ယခုသီတင္းပတ္အတြင္း ဆႏၵျပေက်ာင္းသားေတြနဲ႔ ရဲတပ္ဖြဲ႕ေတြၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁၀၅)ဦး ေသဆုံးခဲ့တယ္လို႔ ေအအက္ဖ္ပီသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါ့ျပင္ ဆႏၵျပပြဲေတြဟာ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာရဲ႕အစိုးရအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခုျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ရွိတ္ဟာစီနာရဲ႕သတင္းထုတ္ျပန္ေရးတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Nayeemul Islam Khan က “အစိုးရဟာ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ဖို႔နဲ႔ အရပ္ဘက္အာဏာပိုင္ေတြရဲ႕အကူအညီေတြနဲ႔အတူ စစ္တပ္ကို ျဖန႔္က်က္ခ် ထားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ညမထြက္ရအမိန႔္က ခ်က္ခ်င္းအသက္ဝင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
အေစာပိုင္းမွာ ဒါကာၿမိဳ႕မွာရွိတဲ့ ရဲတပ္ဖြဲ႕ဟာ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားမႈေတြကို တားဆီးဖို႔အတြက္ ႀကိဳးပမ္းမႈ တစ္ခုအျဖစ္ လူထုစုေဝးပြဲေတြကို တားျမစ္တဲ့ေျခလွမ္းေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ရဲမႉးခ်ဳပ္ Habibur Rahman က “ဒါကာၿမိဳ႕မွာ လူထုစုေဝးပြဲေတြ၊ စီတန္းလွည့္လည္တာေတြမ်ိဳးေတြ အားလုံးကို တားျမစ္ ထားပါတယ္။ အမ်ားျပည္သူလုံၿခဳံေရးအတြက္ ဒီလိုေျခလွမ္းေတြလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ဆႏၵျပပြဲေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ခ်ီတက္ဆႏၵျပပြဲေတြမွာ ပါဝင္ခ်ိန္အတြင္း ရဲတပ္ဖြဲ႕ရဲ႕ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့တဲ့ Sarwar Tushar ဆိုတဲ့ အမ်ိဳးသားက ေျပာၾကားခဲ့ပါတယ္။ ၎က “ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာကို ရာထူးကေန ခ်က္ခ်င္းႏႈတ္ထြက္ေစလိုပါတယ္။ ဒီသတ္ျဖတ္မႈေတြအတြက္ အစိုးရမွာ တာဝန္ရွိပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံအလယ္ပိုင္း Narsingdi ခ႐ိုင္မွာ ဆႏၵျပေက်ာင္းသားေတြဟာ အက်ဥ္းေထာင္တစ္ခုကို ဝင္ေရာက္စီးနင္းခဲ့ၿပီး မီးရႈိ႕ဖ်က္ဆီးမႈေတြမလုပ္ေဆာင္ခင္ အက်ဥ္းသားေတြကို လႊတ္ေပးခခဲ့တယ္လို႔ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ၎က “အက်ဥ္းသားအေရအတြက္ အတိအက်ကိုေတာ့ မသိေပမယ့္ ရာဂဏန္းေလာက္ေတာ့ ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.