ဆိုမာလီယာနိုင်ငံကို ရေတပ်အကူအညီတွေပေးပို့ဖို့ တူရကီအစိုးရ စီစဉ်နေ

 444

Pika (NP News) - ဇူလိုင် ၂ဝ

ဆိုမာလီယာကမ်းလွန်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေရှာဖွေဖို့အတွက် တူရကီက ရှာဖွေရေးသင်္ဘောတစ်စင်း စေလွှတ်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူပြီးနောက် တူရကီဟာ ဆိုမာလီယာရေပိုင်နက်ကို ရေတပ်အကူအညီတွေ ပေးပို့ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
တူရကီသမ္မတအာဒိုဂန်ဟာ ဆိုမာလီယာနိုင်ငံရဲ့ရေပိုင်နက် အပါအဝင် နိုင်ငံတွင်းမှာ တူရကီစစ်တပ်ကို ဖြန့်ကျက် ချထားဖို့အတွက် ခွင့်ပြုချက်ရယူဖို့ ဇူလိုင်လ(၁၉)ရက်နှောင်းပိုင်းမှာ တူရကီလွှတ်တော်ကို အဆိုပြုတင်သွင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင် Anadolu Agency က ရေးသားဖော်ပြခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဟိုက်ဒရိုကာဗွန်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ရေနံနဲ့သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့အတွက် ယခုနှစ်နှောင်းပိုင်းမှာ ဆိုမာလီယာကမ်းလွန်ကို ရှာဖွေရေးသင်္ဘောတစ်စီး စေလွှတ်သွား မယ်လို့ တူရကီစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပြီးနောက် တစ်ရက်အကြာမှာ ယခုလိုလုပ်ဆောင်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းမှာ ဆိုမာလီယာကာကွယ်ရေးဝန်ကြီးက အန်ကာရာမြို့ကို သွားရောက်လည်ပတ်စဉ်အချိန် အတွင်း တူရကီနဲ့ဆိုမာလီယာတို့ဟာ ကာကွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တူရကီဟာ ဆိုမာလီယာအစိုးရရဲ့ နီးကပ်တဲ့မိတ်ဖက်နိုင်ငံဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။

တူရကီဟာ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်ခဲ့ပြီး ဆိုမာလီယာနိုင်ငံသားတွေ တူရကီမှာ စာသင်နိုင်ဖို့အတွက် ပညာသင်ဆုတွေ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ တူရကီ ဟာ ၎င်းရဲ့အကြီးဆုံး ပြည်ပစစ်အခြေစိုက်စခန်းကို ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ဆိုမာလီယာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို လေ့ကျင့်ပေးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဆိုမာလီယာႏိုင္ငံကို ေရတပ္အကူအညီေတြေပးပို႔ဖို႔ တူရကီအစိုးရ စီစဥ္ေန
Pika (NP News) - ဇူလိုင္ ၂ဝ

ဆိုမာလီယာကမ္းလြန္မွာ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ေတြရွာေဖြဖို႔အတြက္ တူရကီက ရွာေဖြေရးသေဘၤာတစ္စင္း ေစလႊတ္ဖို႔ ႏွစ္ႏိုင္ငံစလုံးက သေဘာတူၿပီးေနာက္ တူရကီဟာ ဆိုမာလီယာေရပိုင္နက္ကို ေရတပ္အကူအညီေတြ ေပးပို႔ဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။
တူရကီသမၼတအာဒိုဂန္ဟာ ဆိုမာလီယာႏိုင္ငံရဲ႕ေရပိုင္နက္ အပါအဝင္ ႏိုင္ငံတြင္းမွာ တူရကီစစ္တပ္ကို ျဖန႔္က်က္ ခ်ထားဖို႔အတြက္ ခြင့္ျပဳခ်က္ရယူဖို႔ ဇူလိုင္လ(၁၉)ရက္ေႏွာင္းပိုင္းမွာ တူရကီလႊတ္ေတာ္ကို အဆိုျပဳတင္သြင္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္ Anadolu Agency က ေရးသားေဖာ္ျပခဲ့ပါတယ္။

ႏွစ္ႏိုင္ငံၾကား ဟိုက္ဒ႐ိုကာဗြန္ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ ေရနံနဲ႔သဘာဝ ဓါတ္ေငြ႕ရွာေဖြဖို႔အတြက္ ယခုႏွစ္ေႏွာင္းပိုင္းမွာ ဆိုမာလီယာကမ္းလြန္ကို ရွာေဖြေရးသေဘၤာတစ္စီး ေစလႊတ္သြား မယ္လို႔ တူရကီစြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုလုပ္ေဆာင္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ယခုႏွစ္အေစာပိုင္းမွာ ဆိုမာလီယာကာကြယ္ေရးဝန္ႀကီးက အန္ကာရာၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္ အတြင္း တူရကီနဲ႔ဆိုမာလီယာတို႔ဟာ ကာကြယ္ေရးနဲ႔ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တူရကီဟာ ဆိုမာလီယာအစိုးရရဲ႕ နီးကပ္တဲ့မိတ္ဖက္ႏိုင္ငံျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။

တူရကီဟာ ေက်ာင္းေတြ၊ ေဆး႐ုံေတြနဲ႔ အေျခခံအေဆာက္အဦးေတြ တည္ေဆာက္ခဲ့ၿပီး ဆိုမာလီယာႏိုင္ငံသားေတြ တူရကီမွာ စာသင္ႏိုင္ဖို႔အတြက္ ပညာသင္ဆုေတြ ေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၂ဝ၁၇ ခုႏွစ္မွာ တူရကီ ဟာ ၎ရဲ႕အႀကီးဆုံး ျပည္ပစစ္အေျခစိုက္စခန္းကို ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးၿမိဳ႕မွာ ဖြင့္လွစ္ခဲ့ၿပီး ဆိုမာလီယာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ေတြကို ေလ့က်င့္ေပးမႈေတြ လုပ္ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.