အမေရိကန်သတင်းထောက်အား သူလျှိုလုပ်မှုဖြင့် ရုရှားက ထောင်ဒဏ် ၁၆ နှစ် စီရင်ချက်ချ

 1148

ALynn (NP News) - ဇူလိုင် ၂ဝ

အမေရိကန်သတင်းထောက် Evan Gershkovich ကို တံခါးပိတ် တရားခွင်တွင် သူလျှိုလုပ်ရန် စွပ်စွဲချက်ဖြင့် ရုရှားတရားရုံးတစ်ခုက ထောင်ဒဏ် ၁၆ နှစ် စီရင်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ The Wall Street Journal မှ အသက် ၃၂ နှစ်အရွယ် သတင်းထောက်က အပြစ်မရှိကြောင်း ဝန်ခံခဲ့ပြီး ၎င်း၏ အလုပ်ရှင်နှင့် အမေရိကန်တို့က အဆိုပါစွပ်စွဲချက်များကို လုပ်ကြံဖန်တီးမှုအဖြစ် ရှုတ်ချခဲ့သည်။

Gershkovich ကို "တင်းကျပ်သော ၁၆ နှစ်ကြာ ထောင်ဒဏ်ပုံစံဖြင့်ပြစ်ဒဏ်ချမှတ်ခဲ့သည်" ဟု တရားသူကြီး Andrei Mineyev က သောကြာနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် တရားစီရင်ချက်ကိုကြေငြာပြီး သတင်းထောက် များအား ပြောကြားခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက Gershkovich အား မေးမြန်းစရာရှိသလားဟုမေးတော့ ၎င်းက ရုရှားလို "မရှိဘူး" ဟု ပြန်ဖြေခဲ့သည်။
Evan သည် ထောင် ၄၇၈ ရက် မှားယွင်းစွာ ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ မိသားစု၊ သူငယ်ချင်းများနှင့် ဝေးကွာလျက်ရှိပြီး သတင်းစကားပေးပို့ခြင်းမှ တားမြစ်ခံရကာ ထိုကဲ့သို့ အခြေအမြစ်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်” ဟု အမှုဆောင်အရာရှိချုပ် Dow Jones၊ Wall Street Journal ၏ ထုတ်ဝေသူ Almar Latour နှင့် သတင်းစာ၏ အယ်ဒီတာချုပ် Emma Tucker က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၆ လနီးပါးက Gershkovich အဖမ်းခံရချိန်မှစပြီး ပြစ်ဒဏ်ကျခံရမည့်အချိန်ကို ထည့်သွင်း တွက်ချက် မည်ဟု တရားသူကြီး Mineyev မှ ပြောကြားခဲ့သည်။ ထို့နောက် တရားသူကြီးက သတင်းထောက်၏ လက်ကိုင်ဖုန်း နှင့် မှတ်စုစာအုပ်ကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့သည်။ အယူခံဝင်ရန် ၁၅ ရက် ရရှိမည်ဖြစ်သည်။ သတင်းထောက်သည် Yekaterinburg မြို့တွင် သတင်းပို့နေစဉ် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်၌ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် အမေရိကန် CIA ၏ အမိန့်အရ ယူကရိန်းစစ်ပွဲအတွက် Uralvagonzavod စက်ရုံထုတ်လုပ်ရေးတင့်ကားများ အကြောင်း လျှို့ဝှက်အချက်အလက်များစုဆောင်းခဲ့သည်ဟု ရုရှားအစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။

အာဏာပိုင်များသည် ၎င်းစွပ်စွဲချက်များအတွက် လူသိရှင်ကြား သက်သေမပြနိုင်ဘဲ သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းသည် ဆိုဗီယက်ရုရှားနောက်ပိုင်း သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံရသည့် ပထမဆုံး အနောက်တိုင်း သတင်းထောက်လည်း ဖြစ်သည်။ နိုင်ငံတော်ပုန်ကန်မှု (သို့မဟုတ်) သူလျှိုလုပ်မှုကိစ္စများအတွက် တံခါးပိတ် စစ်ဆေးမှုများသည် ရုရှားတွင် ပုံမှန်ဖြစ်သည်။ Gershkovich ၏ တရားခွင်သည် ဇွန်လနှောင်းပိုင်းတွင် ပထမဆုံး ကြားနာပြီးကတည်းက လျင်မြန်စွာ စီရင်ချက်ချလာခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အေမရိကန္သတင္းေထာက္အား သူလွ်ိဳလုပ္မႈျဖင့္ ႐ုရွားက ေထာင္ဒဏ္ ၁၆ ႏွစ္ စီရင္ခ်က္ခ်
ALynn (NP News) - ဇူလိုင္ ၂ဝ

အေမရိကန္သတင္းေထာက္ Evan Gershkovich ကို တံခါးပိတ္ တရားခြင္တြင္ သူလွ်ိဳလုပ္ရန္ စြပ္စြဲခ်က္ျဖင့္ ႐ုရွားတရား႐ုံးတစ္ခုက ေထာင္ဒဏ္ ၁၆ ႏွစ္ စီရင္ခ်က္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပခဲ့သည္။ The Wall Street Journal မွ အသက္ ၃၂ ႏွစ္အ႐ြယ္ သတင္းေထာက္က အျပစ္မရွိေၾကာင္း ဝန္ခံခဲ့ၿပီး ၎၏ အလုပ္ရွင္ႏွင့္ အေမရိကန္တို႔က အဆိုပါစြပ္စြဲခ်က္မ်ားကို လုပ္ႀကံဖန္တီးမႈအျဖစ္ ရႈတ္ခ်ခဲ့သည္။

Gershkovich ကို "တင္းက်ပ္ေသာ ၁၆ ႏွစ္ၾကာ ေထာင္ဒဏ္ပုံစံျဖင့္ျပစ္ဒဏ္ခ်မွတ္ခဲ့သည္" ဟု တရားသူႀကီး Andrei Mineyev က ေသာၾကာေန႔ (ဇူလိုင္လ ၁၉ ရက္) တြင္ တရားစီရင္ခ်က္ကိုေၾကျငာၿပီး သတင္းေထာက္ မ်ားအား ေျပာၾကားခဲ့ျခင္းျဖစ္သည္။ တရားသူႀကီးက Gershkovich အား ေမးျမန္းစရာရွိသလားဟုေမးေတာ့ ၎က ႐ုရွားလို "မရွိဘူး" ဟု ျပန္ေျဖခဲ့သည္။
Evan သည္ ေထာင္ ၄၇၈ ရက္ မွားယြင္းစြာ ဖမ္းဆီးခံခဲ့ရၿပီး ၎၏ မိသားစု၊ သူငယ္ခ်င္းမ်ားႏွင့္ ေဝးကြာလ်က္ရွိၿပီး သတင္းစကားေပးပို႔ျခင္းမွ တားျမစ္ခံရကာ ထိုကဲ့သို႔ အေျခအျမစ္မရွိဘဲ ျပစ္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္သည္” ဟု အမႈေဆာင္အရာရွိခ်ဳပ္ Dow Jones၊ Wall Street Journal ၏ ထုတ္ေဝသူ Almar Latour ႏွင့္ သတင္းစာ၏ အယ္ဒီတာခ်ဳပ္ Emma Tucker က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လြန္ခဲ့သည့္ ၁၆ လနီးပါးက Gershkovich အဖမ္းခံရခ်ိန္မွစၿပီး ျပစ္ဒဏ္က်ခံရမည့္အခ်ိန္ကို ထည့္သြင္း တြက္ခ်က္ မည္ဟု တရားသူႀကီး Mineyev မွ ေျပာၾကားခဲ့သည္။ ထို႔ေနာက္ တရားသူႀကီးက သတင္းေထာက္၏ လက္ကိုင္ဖုန္း ႏွင့္ မွတ္စုစာအုပ္ကို ဖ်က္ဆီးဖို႔ အမိန႔္ေပးခဲ့သည္။ အယူခံဝင္ရန္ ၁၅ ရက္ ရရွိမည္ျဖစ္သည္။ သတင္းေထာက္သည္ Yekaterinburg ၿမိဳ႕တြင္ သတင္းပို႔ေနစဥ္ ၂၀၂၃ ခုႏွစ္၊ မတ္လ ၂၉ ရက္၌ ဖမ္းဆီးခံခဲ့ရသည္။ ၎သည္ အေမရိကန္ CIA ၏ အမိန႔္အရ ယူကရိန္းစစ္ပြဲအတြက္ Uralvagonzavod စက္႐ုံထုတ္လုပ္ေရးတင့္ကားမ်ား အေၾကာင္း လွ်ိဳ႕ဝွက္အခ်က္အလက္မ်ားစုေဆာင္းခဲ့သည္ဟု ႐ုရွားအစိုးရေရွ႕ေနမ်ားက စြပ္စြဲခဲ့သည္။

အာဏာပိုင္မ်ားသည္ ၎စြပ္စြဲခ်က္မ်ားအတြက္ လူသိရွင္ၾကား သက္ေသမျပႏိုင္ဘဲ သံသယျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။ ၎သည္ ဆိုဗီယက္႐ုရွားေနာက္ပိုင္း သူလွ်ိဳလုပ္မႈျဖင့္ ဖမ္းဆီးခံရသည့္ ပထမဆုံး အေနာက္တိုင္း သတင္းေထာက္လည္း ျဖစ္သည္။ ႏိုင္ငံေတာ္ပုန္ကန္မႈ (သို႔မဟုတ္) သူလွ်ိဳလုပ္မႈကိစၥမ်ားအတြက္ တံခါးပိတ္ စစ္ေဆးမႈမ်ားသည္ ႐ုရွားတြင္ ပုံမွန္ျဖစ္သည္။ Gershkovich ၏ တရားခြင္သည္ ဇြန္လေႏွာင္းပိုင္းတြင္ ပထမဆုံး ၾကားနာၿပီးကတည္းက လ်င္ျမန္စြာ စီရင္ခ်က္ခ်လာခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.