အမေရိကန်က ရုရှားနှင့်တရုတ်တို့၏ ဂြိုဟ်တုများကို ဟန့်တားနိုင်ဖို့အတွက် နည်းပညာသစ်များ အဆင့်မြှင့်တင်

 1449

ALynn (NP News) - ဇူလိုင် ၂ဝ

ဝါရှင်တန်သည် မော်စကိုနှင့် ဘေဂျင်းတို့မှ ဖြန့်ကျက်ထားသော ဂြိုဟ်တုများကို ယာယီပိတ်ထားရန် ဒီဇိုင်းထုတ် ထားသော မြေပြင်အခြေစိုက် jammers အသစ်များဖြင့် အဆင့်မြှင့် တင်နိုင်ရန် နီးစပ်နေပြီဟု Bloomberg က US Space Force (USSF) မှ သတင်းရင်းမြစ်များကို ကိုးကား၍ သောကြာနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် ရေးသားခဲ့ သည်။
စနစ်သစ်များကို ယခုနှစ်အစောပိုင်းတွင် စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း အမေရိကန်သည် လာမည့်လများအတွင်း Remote Modular Terminal jammers ၂၄ ခုအနက် ၁၁ ခုကို ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း USSF မှ ပြော ကြားခဲ့သည်။

“နှစ်ကုန်ပိုင်းလောက်တွင် jammers အားလုံး နေရာချထားပြီးရန် မျှော်လင့်ထားကြောင်း၊ Jammers များသည် အမေရိကန်ဂြိုလ်တုများကို ဟန့်တားသွားမည် မဟုတ်ဘဲ ၎င်းတို့သည် ပြိုင်ဘက်ဆက်သွယ်ရေးဂြိုဟ်တုများကို တန်ပြန်ရန် ရည်ရွယ်သည်” ဟု USSF မှ ပြောကြားခဲ့သည်။
Jammers များကို ပိုမိုကျယ်ပြန့်သော အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်ပြီး ရွှေ့ပြောင်းနိုင်သောစွမ်းရည်များ အဆင့်မြှင့်တင်ပေးခြင်းဖြင့် ပိုမိုကြီးမားသော ကောင်တာဆက်သွယ်ရေးစနစ်နှင့် အလတ်စား Meadowlands စနစ်ကဲ့သို့သော အခြားသော အီလက်ထရွန်နစ်စစ်ဆင်ရေးသုံးစနစ်များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း USSF မှ သိရသည်။ Meadowlands စနစ်သည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအခက်အခဲများနှင့် ကြုံတွေ့ခဲ့ ရပြီး စီစဉ်ထားသည်ထက် အနည်းဆုံး နှစ်နှစ်ကြာမှ ဖြန့်ချိနိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဤစနစ်များသည် "ခံစစ်လက်နက်များ" မဟုတ်သော်လည်း "ပြိုင်ဘက်ကိုတိုက်ခိုက်နိုင်ရန် ရည်ရွယ်ထားသည်" ဟု Secure World Foundation မှ အာကာသလုံခြုံရေးနှင့် တည်ငြိမ်ရေး ညွှန်ကြားရေးမှူးချုပ် Victoria Samson က ပြောကြားခဲ့သည်။ သူမက ၎င်းစနစ်အား "ထိုးစစ်ဆင်နိုင်သော တန်ပြန်စွမ်းရည်စနစ်" အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။

မော်စကို နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများသည် အာကာသလက်နက်တပ်ဆင်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ယခုလ အစောပိုင်းတွင် သတင်းထောက်များ အား ထပ်လောင်းပြောကြားခဲ့သည်။ ရုရှားသည် အာကာသထဲတွင် မည်သည့်လက်နက်မျိုးမဆို ဖြန့်ကျက် ချထားခြင်းကို ဆန့်ကျင်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္က ႐ုရွားႏွင့္တ႐ုတ္တို႔၏ ၿဂိဳဟ္တုမ်ားကို ဟန႔္တားႏိုင္ဖို႔အတြက္ နည္းပညာသစ္မ်ား အဆင့္ျမႇင့္တင္
ALynn (NP News) - ဇူလိုင္ ၂ဝ

ဝါရွင္တန္သည္ ေမာ္စကိုႏွင့္ ေဘဂ်င္းတို႔မွ ျဖန႔္က်က္ထားေသာ ၿဂိဳဟ္တုမ်ားကို ယာယီပိတ္ထားရန္ ဒီဇိုင္းထုတ္ ထားေသာ ေျမျပင္အေျခစိုက္ jammers အသစ္မ်ားျဖင့္ အဆင့္ျမႇင့္ တင္ႏိုင္ရန္ နီးစပ္ေနၿပီဟု Bloomberg က US Space Force (USSF) မွ သတင္းရင္းျမစ္မ်ားကို ကိုးကား၍ ေသာၾကာေန႔ (ဇူလိုင္လ ၁၉ ရက္) တြင္ ေရးသားခဲ့ သည္။
စနစ္သစ္မ်ားကို ယခုႏွစ္အေစာပိုင္းတြင္ စမ္းသပ္ခဲ့ၿပီးျဖစ္ေသာ္လည္း အေမရိကန္သည္ လာမည့္လမ်ားအတြင္း Remote Modular Terminal jammers ၂၄ ခုအနက္ ၁၁ ခုကို ျဖန႔္က်က္ခ်ထားမည္ျဖစ္ေၾကာင္း USSF မွ ေျပာ ၾကားခဲ့သည္။

“ႏွစ္ကုန္ပိုင္းေလာက္တြင္ jammers အားလုံး ေနရာခ်ထားၿပီးရန္ ေမွ်ာ္လင့္ထားေၾကာင္း၊ Jammers မ်ားသည္ အေမရိကန္ၿဂိဳလ္တုမ်ားကို ဟန႔္တားသြားမည္ မဟုတ္ဘဲ ၎တို႔သည္ ၿပိဳင္ဘက္ဆက္သြယ္ေရးၿဂိဳဟ္တုမ်ားကို တန္ျပန္ရန္ ရည္႐ြယ္သည္” ဟု USSF မွ ေျပာၾကားခဲ့သည္။
Jammers မ်ားကို ပိုမိုက်ယ္ျပန႔္ေသာ အေဝးထိန္းစနစ္ျဖင့္ ထိန္းခ်ဳပ္ႏိုင္ၿပီး ေ႐ႊ႕ေျပာင္းႏိုင္ေသာစြမ္းရည္မ်ား အဆင့္ျမႇင့္တင္ေပးျခင္းျဖင့္ ပိုမိုႀကီးမားေသာ ေကာင္တာဆက္သြယ္ေရးစနစ္ႏွင့္ အလတ္စား Meadowlands စနစ္ကဲ့သို႔ေသာ အျခားေသာ အီလက္ထ႐ြန္နစ္စစ္ဆင္ေရးသုံးစနစ္မ်ားကို တိုးျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း USSF မွ သိရသည္။ Meadowlands စနစ္သည္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာအခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ ရၿပီး စီစဥ္ထားသည္ထက္ အနည္းဆုံး ႏွစ္ႏွစ္ၾကာမွ ျဖန႔္ခ်ိႏိုင္ခဲ့ေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။

ဤစနစ္မ်ားသည္ "ခံစစ္လက္နက္မ်ား" မဟုတ္ေသာ္လည္း "ၿပိဳင္ဘက္ကိုတိုက္ခိုက္ႏိုင္ရန္ ရည္႐ြယ္ထားသည္" ဟု Secure World Foundation မွ အာကာသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရး ၫႊန္ၾကားေရးမႉးခ်ဳပ္ Victoria Samson က ေျပာၾကားခဲ့သည္။ သူမက ၎စနစ္အား "ထိုးစစ္ဆင္ႏိုင္ေသာ တန္ျပန္စြမ္းရည္စနစ္" အျဖစ္ အမ်ိဳးအစားခြဲျခား သတ္မွတ္ထားေၾကာင္း ေဖာ္ျပခဲ့သည္။

ေမာ္စကို ႏွင့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၏ အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ အာကာသလက္နက္တပ္ဆင္မႈကို ျပင္းျပင္းထန္ထန္ဆန႔္က်င္ေၾကာင္း ႐ုရွားသမၼတဗလာဒီမာပူတင္က ယခုလ အေစာပိုင္းတြင္ သတင္းေထာက္မ်ား အား ထပ္ေလာင္းေျပာၾကားခဲ့သည္။ ႐ုရွားသည္ အာကာသထဲတြင္ မည္သည့္လက္နက္မ်ိဳးမဆို ျဖန႔္က်က္ ခ်ထားျခင္းကို ဆန႔္က်င္ေၾကာင္း ၎က အေလးအနက္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.