tvN ရဲ့ တရားဝင် Drama နဲ့ TVING YouTube ချန်နယ်များ ဟက်ခ်ခံခဲ့ရ

 620

ရောင်နီ (NP News) - ဇူလိုင် ၂၁

တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင် Network ဖြစ်တဲ့ tvN ရဲ့ Drama နဲ့ TVING YouTube ချန်နယ်တွေဟာ ဟက်ခ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ဇူလိုင်လ ၂ဝ ရက်နေ့က tvN က KST သတင်းချန်နယ်မှာ တရားဝင်ကြော်ငြာခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပရိသတ်တွေ အနေနဲ့ သံသယဖြစ်ဖွယ် ဗီဒီယို link ကိုလည်း သတိထားကြည့်ရှုဖို့ ကြည့်ရှုသူတွေ ကိုလည်း ကွန်ရက်က သတိပေးထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက် စနေနေ့က tvN DRAMA ရဲ့ YouTube ချန်နယ်ကို ပြင်ပလူတစ်ဦးက ဟက်ခ်ခဲ့ပြီး ချန်နယ်အမည်ကို ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ tvN က ချန်နယ်ဟက်ခံရခြင်းကို သတိပြုမိပြီး YouTube နဲ့ အတူ ဖြေရှင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်ကို သင်ခန်းစာ ယူပြီး ကြည့်ရှုသူတွေအနေနဲ့လည်း လင့်ခ်တွေပါရှိတဲ့ သံသယဖြစ်ဖွယ်ဗီဒီယိုတွေ (သို့မဟုတ်) ပို့စ်တွေကို မနှိပ်မိစေ ဖို့ သတိထားကြဖို့ ပြောကြားသတိပေးခဲ့ပါတယ်။
tvN ဟာ တောင်ကိုရီးယားမှာ အကြီးဆုံး ပရိုဂရမ်ရုပ်မြင်သံကြားစီးရီးနဲ့ ဖျော်ဖြေရေးအကြောင်းအရာ အမျိုးမျိုး ဖန်တီးထုတ်လွှင့်နေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။

Zawgyi Version;
tvN ရဲ႕ တရားဝင္ Drama နဲ႔ TVING YouTube ခ်န္နယ္မ်ား ဟက္ခ္ခံခဲ့ရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၁

ေတာင္ကိုရီးယား နာမည္ေက်ာ္ ႐ုပ္ရွင္ Network ျဖစ္တဲ့ tvN ရဲ႕ Drama နဲ႔ TVING YouTube ခ်န္နယ္ေတြဟာ ဟက္ခ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းကို ဇူလိုင္လ ၂ဝ ရက္ေန႔က tvN က KST သတင္းခ်န္နယ္မွာ တရားဝင္ေၾကာ္ျငာခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ပရိသတ္ေတြ အေနနဲ႔ သံသယျဖစ္ဖြယ္ ဗီဒီယို link ကိုလည္း သတိထားၾကည့္ရႈဖို႔ ၾကည့္ရႈသူေတြ ကိုလည္း ကြန္ရက္က သတိေပးထားပါတယ္။
၂၀၂၄ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္ စေနေန႔က tvN DRAMA ရဲ႕ YouTube ခ်န္နယ္ကို ျပင္ပလူတစ္ဦးက ဟက္ခ္ခဲ့ၿပီး ခ်န္နယ္အမည္ကို ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ tvN က ခ်န္နယ္ဟက္ခံရျခင္းကို သတိျပဳမိၿပီး YouTube နဲ႔ အတူ ေျဖရွင္းဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီျဖစ္ရပ္ကို သင္ခန္းစာ ယူၿပီး ၾကည့္ရႈသူေတြအေနနဲ႔လည္း လင့္ခ္ေတြပါရွိတဲ့ သံသယျဖစ္ဖြယ္ဗီဒီယိုေတြ (သို႔မဟုတ္) ပို႔စ္ေတြကို မႏွိပ္မိေစ ဖို႔ သတိထားၾကဖို႔ ေျပာၾကားသတိေပးခဲ့ပါတယ္။
tvN ဟာ ေတာင္ကိုရီးယားမွာ အႀကီးဆုံး ပ႐ိုဂရမ္႐ုပ္ျမင္သံၾကားစီးရီးနဲ႔ ေဖ်ာ္ေျဖေရးအေၾကာင္းအရာ အမ်ိဳးမ်ိဳး ဖန္တီးထုတ္လႊင့္ေနတဲ့ ကြန္ရက္တစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.