တရုတ်နိုင်ငံ မြောက်ပိုင်းချန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တံတားပြိုကျမှုဖြစ်စဉ်ကြောင့် လူ ၁၂ ဦး သေဆုံး

 396

ရောင်နီ (NP News) - ဇူလိုင် ၂၁

တရုတ်နိုင်ငံ မြောက်ပိုင်းချန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တံတားပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံး ပြီး အယောက် ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင်လ ၂ဝ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မကြာသေးခင်ရက်ပိုင်းအတွင်းက မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေ ရှိခဲ့ပြီး ရှန်ဇီ ပြည်နယ်၊ ရှန်ဂ်လိုရှိ မြစ်ကူးတံတားဟာ ဇူလိုင် ၁၉ ရက် ည ၈ နာရီ ၄ဝ ဝန်းကျင်က ရုတ်တရက်ရေကြီးမှုကြောင့် တံတားကျိုးကျခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။ အမြန်လမ်းတံတား ဟာ မြစ်ရေကြီးမှုနဲ့အတူ ကျိုးကျပျက်စီးခဲ့ပြီးနောက် အဲဒီတံတားပေါ်ရောက်ရှိနေခဲ့တဲ့ ကားအစီးရေ ၂၀ နီးပါးနဲ့ လူ ၃၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။

အစိုးရရုပ်သံ ဓါတ်ပုံတွေမှာ မြစ်ရေ တဟုန်ထိုးစီးဆင်းနေတဲ့ တံတားရဲ့တစ်စိတ်တစ်ပိုင်း ရေမြုပ်နေတဲ့အပိုင်းကို မြင်တွေ့ရပါတယ်။ မြစ်ထဲမှ ပြန်လည်ဆယ်ယူနိုင်ခဲ့တဲ့ ယာဉ်ငါးစီးမှာ သေဆုံးသူ ၁၂ ဦးထိ တွေ့ရှိခဲ့ပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အလုံးစုံ ကယ်ဆယ်ရေးနဲ့ ကြိုးပမ်းဖို့ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဇူလိုင်လ ၂ဝ ရက် စနေနေ့က စီချွမ်ပြင်နယ်မှာလည်း ပြင်းထန် မိုးကြိုးမုန်တိုင်းကြောင့် ရာအန်းမြို့မှာ ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး လူအယောက် ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းခ်န္ဇီျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး တံတားၿပိဳက်မႈျဖစ္စဥ္ေၾကာင့္ လူ ၁၂ ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၂၁

တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းခ်န္ဇီျပည္နယ္မွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး တံတားၿပိဳက်မႈေၾကာင့္ လူ ၁၂ ဦး ေသဆုံး ၿပီး အေယာက္ ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနတယ္လို႔ ႏိုင္ငံပိုင္မီဒီယာက ဇူလိုင္လ ၂ဝ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြမွာ မၾကာေသးခင္ရက္ပိုင္းအတြင္းက မိုး႐ြာသြန္းမႈေၾကာင့္ ေရလႊမ္းမိုးမႈေတြ ရွိခဲ့ၿပီး ရွန္ဇီ ျပည္နယ္၊ ရွန္ဂ္လိုရွိ ျမစ္ကူးတံတားဟာ ဇူလိုင္ ၁၉ ရက္ ည ၈ နာရီ ၄ဝ ဝန္းက်င္က ႐ုတ္တရက္ေရႀကီးမႈေၾကာင့္ တံတားက်ိဳးက်ခဲ့တယ္လို႔ ဆင္ဟြာသတင္းဌာနက ေျပာပါတယ္။ အျမန္လမ္းတံတား ဟာ ျမစ္ေရႀကီးမႈနဲ႔အတူ က်ိဳးက်ပ်က္စီးခဲ့ၿပီးေနာက္ အဲဒီတံတားေပၚေရာက္ရွိေနခဲ့တဲ့ ကားအစီးေရ ၂၀ နီးပါးနဲ႔ လူ ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ CCTV က ေျပာပါတယ္။

အစိုးရ႐ုပ္သံ ဓါတ္ပုံေတြမွာ ျမစ္ေရ တဟုန္ထိုးစီးဆင္းေနတဲ့ တံတားရဲ႕တစ္စိတ္တစ္ပိုင္း ေရျမဳပ္ေနတဲ့အပိုင္းကို ျမင္ေတြ႕ရပါတယ္။ ျမစ္ထဲမွ ျပန္လည္ဆယ္ယူႏိုင္ခဲ့တဲ့ ယာဥ္ငါးစီးမွာ ေသဆုံးသူ ၁၂ ဦးထိ ေတြ႕ရွိခဲ့ၿပီး ေနာက္ထပ္ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြဖို႔လည္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က အလုံးစုံ ကယ္ဆယ္ေရးနဲ႔ ႀကိဳးပမ္းဖို႔ လုပ္ေဆာင္ဖို႔ တိုက္တြန္းထားပါတယ္။

ဇူလိုင္လ ၂ဝ ရက္ စေနေန႔က စီခြၽမ္ျပင္နယ္မွာလည္း ျပင္းထန္ မိုးႀကိဳးမုန္တိုင္းေၾကာင့္ ရာအန္းၿမိဳ႕မွာ ႐ုတ္တရက္ ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့ၿပီး လူအေယာက္ ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.