အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုမှာ ကြက်ငှက်တုပ်ကွေးရောဂါ လူသားကို ကူးစက်မှုတွေ့ရှိလာ

 379

ရောင်နီ (NP News) - ဇူလိုင် ၂၁

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ H5 ကို လူသားမှာ ကူးစက်မှု ၆ ခု တွေ့ရှိ လာရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက သောကြာနေ့(ဇူလိုင် ၁၉ ရက်) က ပြောကြားခဲ့ပါတယ်။

ကော်လိုရာဒိုပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ပြောကြားချက်အရ ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်ခံထားရတဲ့ကြက်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ကြက်မွေးမြူရေးခြံမှာ ကြက်ငှက် တုပ်ကွေးရောဂါပိုးကူးစက်ခံရသူ ငါးဦး တွေ့ရှိခဲ့ရပြီး ကျန်တစ်ဦးကတော့ အပြင်ဘက် အခြားလူနာဖြစ်တယ်လို့ တနင်္ဂနွေနေ့ (ဇူလိုင် ၂၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ကူးစက်ခံထားရသူ ခြောက်ဦးလုံးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေ အပါအဝင် အပျော့စား လက္ခဏာ တွေ တွေ့ရှိရပြီး ၎င်းတို့အားလုံးကို ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးတွေ ပေးထားတယ်လို့ CDC က ပြောကြားခဲ့ပါ တယ်။ ဒီကူးစက်မှုအတွက် ကူးစက်ရောဂါဗေဒပညာရှင်၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ဆေးခန်းများနဲ့ စက်မှု သန့်ရှင်းရေးပညာရှင် အပါအဝင် CDC ကွင်းဆင်းအဖွဲ့ဟာလည်း ရောဂါဖြစ်ပွားမှုကို စုံစစ်ဆေးနေတယ်လို့ သိရပါ တယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှစ အမေရိကန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ လူသားကို ကူးစက်ဖြစ်ပွားမှု ၁၀ မှုရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါဟာ ယခင်က လူသားတွေမှာ ကူးစက်ခြင်းမျိုးမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လူသားတွေမှာပါ ကူးစက်လာတာကို တွေ့လာရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ေကာ္လိုရာဒိုမွာ ၾကက္ငွက္တုပ္ေကြးေရာဂါ လူသားကို ကူးစက္မႈေတြ႕ရွိလာ
ေရာင္နီ (NP News) - ဇူလိုင္ ၂၁

အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္မွာ ၾကက္ငွက္တုပ္ေကြးေရာဂါ H5 ကို လူသားမွာ ကူးစက္မႈ ၆ ခု ေတြ႕ရွိ လာရတယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဗဟိုဌာနက ေသာၾကာေန႔(ဇူလိုင္ ၁၉ ရက္) က ေျပာၾကားခဲ့ပါတယ္။

ေကာ္လိုရာဒိုျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနမွ ေျပာၾကားခ်က္အရ ၾကက္ငွက္ တုပ္ေကြးေရာဂါ ကူးစက္ခံထားရတဲ့ၾကက္ေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ရတဲ့ ၾကက္ေမြးျမဴေရးၿခံမွာ ၾကက္ငွက္ တုပ္ေကြးေရာဂါပိုးကူးစက္ခံရသူ ငါးဦး ေတြ႕ရွိခဲ့ရၿပီး က်န္တစ္ဦးကေတာ့ အျပင္ဘက္ အျခားလူနာျဖစ္တယ္လို႔ တနဂၤေႏြေန႔ (ဇူလိုင္ ၂၀ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ကူးစက္ခံထားရသူ ေျခာက္ဦးလုံးမွာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာျပႆနာေတြ အပါအဝင္ အေပ်ာ့စား လကၡဏာ ေတြ ေတြ႕ရွိရၿပီး ၎တို႔အားလုံးကို ဗိုင္းရပ္စ္တိုက္ဖ်က္ေရးေဆးဝါးေတြ ေပးထားတယ္လို႔ CDC က ေျပာၾကားခဲ့ပါ တယ္။ ဒီကူးစက္မႈအတြက္ ကူးစက္ေရာဂါေဗဒပညာရွင္၊ တိရစာၦန္ေဆးကုဆရာဝန္မ်ား၊ ေဆးခန္းမ်ားနဲ႔ စက္မႈ သန႔္ရွင္းေရးပညာရွင္ အပါအဝင္ CDC ကြင္းဆင္းအဖြဲ႕ဟာလည္း ေရာဂါျဖစ္ပြားမႈကို စုံစစ္ေဆးေနတယ္လို႔ သိရပါ တယ္။ ၂၀၂၄ ခုႏွစ္ ဧၿပီလမွစ အေမရိကန္မွာ ၾကက္ငွက္တုပ္ေကြးေရာဂါ လူသားကို ကူးစက္ျဖစ္ပြားမႈ ၁၀ မႈရွိၿပီ ျဖစ္တယ္လို႔ သိရပါတယ္။
ၾကက္ငွက္တုပ္ေကြးေရာဂါဟာ ယခင္က လူသားေတြမွာ ကူးစက္ျခင္းမ်ိဳးမရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ လူသားေတြမွာပါ ကူးစက္လာတာကို ေတြ႕လာရပါတယ္။

Related news

© 2021. All rights reserved.