မြောက်ကိုရီးယားက အမှိုက်တွေဖြည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားကို ထပ်မံစေလွှတ်ပေးပို့

 1786

Pika (NP News) - ဇူလိုင် ၂၁

ဇူလိုင်လ(၂၀)ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံဟာ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်ကို ထပ်မံစေလွှတ်ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး JCS က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ကိုရီးယားဘက်က မိုးပျံပူဖောင်းတွေစေလွှတ်ပေးပို့နေတာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ် တပ်က နယ်စပ်အနီးမှာ အသံချဲ့စက် နဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေးထုတ်လွှင့်မှုတွေကို လုပ်ဆောင်ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုပေးပို့မှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို စေလွှတ်ပေးပို့နေတဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေဟာ တာဝန်မဲ့ပြီး ရွံရှာဖို့ကောင်းတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလတည်းက မြောက်ကိုရီးယားနိုင်ငံဟာ ထောင်နဲ့ချီတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်ကို ပေးပို့ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေကို ပိုမိုတိုးမြင့်လာစေတဲ့ လုပ်ရပ်တစ်ခုဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။

JCS က 'ကျွန်တော်တို့ရဲ့ အနာဂတ်မှာလုပ်ဆောင်မယ့် လက်တုံ့ပြန်မှုတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်ပါတယ်'လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဘက် စေလွှတ်ပေးပို့ခဲ့တဲ့ မိုးပျံပူဖောင်းတွေမှာ လူရဲ့အညစ်အကြေးတွေကနေစတင်တယ်လို့ ယူဆရတဲ့ ကပ်ပါးကောင်တွေကို တွေ့ရှိခဲ့ရတယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက အမႈိက္ေတြျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားကို ထပ္မံေစလႊတ္ေပးပို႔
Pika (NP News) - ဇူလိုင္ ၂၁

ဇူလိုင္လ(၂၀)ရက္ေန႔မွာ ေျမာက္ကိုရီးယားႏိုင္ငံဟာ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားဘက္ကို ထပ္မံေစလႊတ္ေပးပို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး JCS က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေျမာက္ကိုရီးယားဘက္က မိုးပ်ံပူေဖာင္းေတြေစလႊတ္ေပးပို႔ေနတာေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယားစစ္ တပ္က နယ္စပ္အနီးမွာ အသံခ်ဲ႕စက္ နဲ႔ ေျမာက္ကိုရီးယားဆန႔္က်င္ေရးထုတ္လႊင့္မႈေတြကို လုပ္ေဆာင္ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုေပးပို႔မႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္းေတြကို ေစလႊတ္ေပးပို႔ေနတဲ့ ေျမာက္ကိုရီးယားရဲ႕လုပ္ရပ္ေတြဟာ တာဝန္မဲ့ၿပီး ႐ြံရွာဖို႔ေကာင္းတဲ့လုပ္ရပ္ေတြျဖစ္တယ္လို႔ ေတာင္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေမလတည္းက ေျမာက္ကိုရီးယားႏိုင္ငံဟာ ေထာင္နဲ႔ခ်ီတဲ့ မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားဘက္ကို ေပးပို႔ခဲ့တာျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြကို ပိုမိုတိုးျမင့္လာေစတဲ့ လုပ္ရပ္တစ္ခုျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။

JCS က 'ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္မွာလုပ္ေဆာင္မယ့္ လက္တုံ႔ျပန္မႈေတြဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ လုပ္ရပ္ေတြအေပၚမွာ မူတည္ပါတယ္'လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားဘက္ ေစလႊတ္ေပးပို႔ခဲ့တဲ့ မိုးပ်ံပူေဖာင္းေတြမွာ လူရဲ႕အညစ္အေၾကးေတြကေနစတင္တယ္လို႔ ယူဆရတဲ့ ကပ္ပါးေကာင္ေတြကို ေတြ႕ရွိခဲ့ရတယ္လို႔ ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.