လမ်းမတွေပေါ်မှာ ၎င်းတို့ရဲ့အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ယူအေအီးအာဏာပိုင်တွေဖမ်းဆီး

 3227

Pika (NP News) - ဇူလိုင် ၂၁

ဇူလိုင်လ(၁၉)ရက်နေ့က ယူအေအီးနိုင်ငံတစ်ဝန်းက လမ်းတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေလုပ်ဆောင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအများအပြားကို ဖမ်းဆီးခဲ့တယ်လို့ ယူအေအီးအစိုးရက ဇူလိုင်လ(၂၀)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ကြောင်း Emirates သတင်းအေဂျင်စီ(WAM) က ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် စုံစမ်းစစ်ဆေးမှုတွေချက်ချင်းလုပ်ဆောင်ဖို့ ယူအေအီးရှေ့နေချုပ် ဒေါက်တာ Hamad Saif al-Shamsi က အမိန့်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ ထုတ်ပြန်ချက်အရ သံသယရှိသူတွေဟာ အများပြည်သူပိုင်နေရာတွေမှာစုစည်းပြီး ဆူပူမှုတွေဖြစ်ပွားအောင် လှုံ့ဆော်ဖို့ရည်ရွယ်ချက်နဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု၊ ဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှု၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားတွေကို နှောင့်ယှက်မှု၊ အခြားလူတွေကို အန္တရာယ်ပြုမှု၊ ယာဉ်လမ်းကြောင်းတွေကို နှောင့်ယှက်မှု၊ အများပြည်သူနဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို ပျက်စီးစေမှုတို့အတွက် တရားစွဲဆိုမှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ဆန္ဒပြသူတွေဟာ သယ်ယူပို့ဆောင်ရေးကို နှောင့်ယှက်မှု၊ ဆန္ဒပြမှုတွေ လုပ်ဆောင်ဖို့အတွက် တောင်းဆိုမှု၊ ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းမှာ မှတ်တမ်းတင်မှုနဲ့ ဖြန့်ဝေမှုတွေလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတယ်လို့လည်း သိရပါတယ်။ အဲဒီလိုလုပ်ရပ်တွေအားလုံးဟာ ယူအေအီးနိုင်ငံမှာ ရာဇဝတ်မှုတွေဖြစ်တယ်လို့လည်းသိရပါတယ်။ WAM က 'ဒီလုပ်ရပ်တွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေတဲ့လုပ်ရပ်တွေဖြစ်ပြီး ယူအေအီးနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါတယ်'လို့ ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် သံသယရှိသူတွေကို အလျင်အမြန် ရုံးတင်စစ်ဆေးဖို့ ယူအေအီးရှေ့နေချုပ်က ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။

zawgyi version
လမ္းမေတြေပၚမွာ ၎တို႔ရဲ႕အစိုးရကို ဆန႔္က်င္ဆႏၵျပေနၾကတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြကို ယူေအအီးအာဏာပိုင္ေတြဖမ္းဆီး
Pika (NP News) - ဇူလိုင္ ၂၁

ဇူလိုင္လ(၁၉)ရက္ေန႔က ယူေအအီးႏိုင္ငံတစ္ဝန္းက လမ္းေတြေပၚမွာ ဘဂၤလားေဒ့ရွ္အစိုးရကို ဆန႔္က်င္ဆႏၵျပမႈေတြလုပ္ေဆာင္ေနၾကတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားအမ်ားအျပားကို ဖမ္းဆီးခဲ့တယ္လို႔ ယူေအအီးအစိုးရက ဇူလိုင္လ(၂၀)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ေၾကာင္း Emirates သတင္းေအဂ်င္စီ(WAM) က ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒါ့ျပင္ စုံစမ္းစစ္ေဆးမႈေတြခ်က္ခ်င္းလုပ္ေဆာင္ဖို႔ ယူေအအီးေရွ႕ေနခ်ဳပ္ ေဒါက္တာ Hamad Saif al-Shamsi က အမိန႔္ေပးခဲ့တယ္လို႔လည္းသိရပါတယ္။ ထုတ္ျပန္ခ်က္အရ သံသယရွိသူေတြဟာ အမ်ားျပည္သူပိုင္ေနရာေတြမွာစုစည္းၿပီး ဆူပူမႈေတြျဖစ္ပြားေအာင္ လႈံ႕ေဆာ္ဖို႔ရည္႐ြယ္ခ်က္နဲ႔အတူ ဘဂၤလားေဒ့ရွ္အစိုးရကို ဆန႔္က်င္ဆႏၵျပမႈ၊ ဥပေဒနဲ႔စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္မႈ၊ လူပုဂၢိဳလ္တစ္ဦးခ်င္းစီရဲ႕ အက်ိဳးစီးပြားေတြကို ေႏွာင့္ယွက္မႈ၊ အျခားလူေတြကို အႏၲရာယ္ျပဳမႈ၊ ယာဥ္လမ္းေၾကာင္းေတြကို ေႏွာင့္ယွက္မႈ၊ အမ်ားျပည္သူနဲ႔ ပုဂၢလိကပိုင္ပစၥည္းေတြကို ပ်က္စီးေစမႈတို႔အတြက္ တရားစြဲဆိုမႈေတြကို ရင္ဆိုင္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ဆႏၵျပသူေတြဟာ သယ္ယူပို႔ေဆာင္ေရးကို ေႏွာင့္ယွက္မႈ၊ ဆႏၵျပမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေတာင္းဆိုမႈ၊ ဆႏၵျပမႈနဲ႔ပတ္သက္တဲ့ ဗီဒီယိုဖိုင္ေတြကို အြန္လိုင္းမွာ မွတ္တမ္းတင္မႈနဲ႔ ျဖန႔္ေဝမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ စြပ္စြဲခံထားရတယ္လို႔လည္း သိရပါတယ္။ အဲဒီလိုလုပ္ရပ္ေတြအားလုံးဟာ ယူေအအီးႏိုင္ငံမွာ ရာဇဝတ္မႈေတြျဖစ္တယ္လို႔လည္းသိရပါတယ္။ WAM က 'ဒီလုပ္ရပ္ေတြဟာ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ အမ်ားျပည္သူဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို ဆန႔္က်င္ေနတဲ့လုပ္ရပ္ေတြျဖစ္ၿပီး ယူေအအီးႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ထိခိုက္ေစပါတယ္'လို႔ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့ျပင္ သံသယရွိသူေတြကို အလ်င္အျမန္ ႐ုံးတင္စစ္ေဆးဖို႔ ယူေအအီးေရွ႕ေနခ်ဳပ္က ၫႊန္ၾကားထားတယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.