ဟူသီအုပ်စု၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် Hodeidah ဆိပ်ကမ်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အစ္စ‌ရေးဖော်ပြ

 614

ALynn (NP News) - ဇူလိုင် ၂၁

ဟူသီအုပ်စု၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ယီမင်၏ ပင်လယ်နီဆိပ်ကမ်းမြို့ Hodeidah ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ယီမင်၏ ဟူသီထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေသည့် ကျန်းမာရေးဝန်ကြီးဌာနက လူ ၃ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရရှိကာ အများအပြားမှာ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ မီးလောင် ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

Tel Aviv တွင် လူတစ်ဦးသေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိသွားသော မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကို ဟူသီများက ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် တစ်ရက်အကြာ စနေနေ့ (ဇူလိုင်လ ၂၀ ရက်)တွင် အစ္စရေးဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဟူသီနှင့်ဆက်နွှယ်နေသည့် အယ်လ်မာစီရာရုပ်သံမှ အစ္စရေးသည် တိုက်ခိုက်မှုအတွင်း Hodeidah ရှိ ရေနံသိုလှောင်ရုံများနှင့် ဓာတ်အားပေးစက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး မီးလောင်ကျွမ်းစေခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေ အတွက်ကို အတိအကျမဖော်ပြထားဘဲ ထိခိုက်မှုများအပါအဝင် အသေအ ပျောက်များရှိကြောင်း ကျန်းမာရေးအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် အစ္စရေးစစ်တပ်က ယီမင်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းလေကြောင်းတိုက်ခိုက်မှုသည် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲစတင်က တည်းက ဟူသီသူပုန်များအပေါ် အစ္စရေး၏ ပထမဆုံးတိုက်ရိုက်တိုက်ခိုက်မှုဟု ဆိုရမည်။ အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း အကြမ်းဖက်မှုများ တိုးလာမည်ကို စိုးရိမ်မှုမြင့်မားလာနေချိန်တွင် အခုလိုချေမှုန်းမှုဟာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဟူသီထိပ်တန်းနိုင်ငံရေးကောင်စီက စနေနေ့ တိုက်ခိုက်မှုကို တုံ့ပြန်မည်ဟု ကတိပြုခဲ့သည်။ “ရန်သူကို ထိထိရောက်ရောက် တုံ့ပြန်မှုမရှိဘဲ ဒီရန်လိုမှုဟာ အောင်မြင်မှာမဟုတ်ဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟူသီပြောရေးဆိုခွင့်ရှိသူ Mohammed Abdelsalam က “ယီမင်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အစ္စရေးရဲ့ ရန်စမှုတွေဟာ ဂါဇာကမ်းမြောင်ဒေသနှင့်ပတ်သက်၍ ယီမင်၏ထောက်ခံမှုရပ်တန့်ဖို့အတွက် ဖိအားပေးနေတယ်” ဟု ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက အစ္စရေးဂျက်တိုက်လေယာဉ်များ တိုက်ခိုက်ခဲ့သည့် ဆိပ်ကမ်းကို ဟူသီသူပုန်များက အီရန်ထံမှလက်နက်များလက်ခံရရှိဖို့ အသုံးပြုခဲ့တယ်လို့ ပြောခဲ့သည်။ အစ္စရေးနယ်စပ်မှကီလိုမီတာ ၁,၈၀၀ (မိုင် ၁,၁၂၀) ကွာဝေးသော အဆိုပါ တိုက်ခိုက်မှုသည် အစ္စရေးတို့ မတိုက်ခိုက်နိုင်သော ပစ်မှတ်မရှိကြောင်း ရန်သူများအား သတိပေးချက်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

ယီမင်သတင်းထောက်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ Yousef Mawry က တိုက်ခိုက်မှုအပြီးတွင် မြို့တော်ဆာနာ၌ လောင်စာဆီများ အပြေးအလွှားဝယ်ယူနေကြသည့် အရပ်သားများကို မြင်တွေ့ခဲ့ရပြီး အစ္စရေး၏ တိုက်ခိုက်မှုများသည် အများပြည်သူဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထားနေကြောင်း အလေးပေးပြောကြားခဲ့သည်။ တိုက်ခိုက်မှုသည် အရပ်သားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ပရိုပိန်းဓာတ်ငွေ့နှင့် လောင်စာဆီအပါအဝင် အခြေခံလိုအပ်ချက်များကို လက်လှမ်းမမီနိုင်တော့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယီမင်၏တရားဝင်လက်နက်ကိုင်တပ်ဖွဲ့များအဖြစ် ခံယူထားသော အီရန်မဟာမိတ်ဟူသီများသည် ပါလက်စတိုင်း ၃၈,၉၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ရေး အစ္စရေးကို ဖိအားပေးရန် ရည်ရွယ်သည့် စစ်ဆင်ရေးအဖြစ် ပင်လယ်နီအတွင်း သင်္ဘောလမ်းကြောင်းများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိနေသည်။

zawgyi version
ဟူသီအုပ္စု၏ တိုက္ခိုက္မႈကို တုံ႔ျပန္သည့္အေနျဖင့္ Hodeidah ဆိပ္ကမ္း ၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း အစၥ‌ေရးေဖာ္ျပ
ALynn (NP News) - ဇူလိုင္ ၂၁

ဟူသီအုပ္စု၏ တိုက္ခိုက္မႈကို တုံ႔ျပန္သည့္အေနျဖင့္ ယီမင္၏ ပင္လယ္နီဆိပ္ကမ္းၿမိဳ႕ Hodeidah ကို တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာၾကားခဲ့သည္။ ယီမင္၏ ဟူသီထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ လည္ပတ္ေနသည့္ က်န္းမာေရးဝန္ႀကီးဌာနက လူ ၃ ဦး ေသဆုံးၿပီး ၈၇ ဦး ဒဏ္ရာရရွိကာ အမ်ားအျပားမွာ အစၥေရး၏ တိုက္ခိုက္မႈေၾကာင့္ ျပင္းထန္စြာ မီးေလာင္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

Tel Aviv တြင္ လူတစ္ဦးေသဆုံးၿပီး အျခား ၁၀ ဦး ဒဏ္ရာရရွိသြားေသာ ေမာင္းသူမဲ့ေလယာဥ္တိုက္ခိုက္မႈကို ဟူသီမ်ားက ၎တို႔လုပ္ေဆာင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုၿပီးေနာက္ တစ္ရက္အၾကာ စေနေန႔ (ဇူလိုင္လ ၂၀ ရက္)တြင္ အစၥေရးဘက္မွ ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ဟူသီႏွင့္ဆက္ႏႊယ္ေနသည့္ အယ္လ္မာစီရာ႐ုပ္သံမွ အစၥေရးသည္ တိုက္ခိုက္မႈအတြင္း Hodeidah ရွိ ေရနံသိုေလွာင္႐ုံမ်ားႏွင့္ ဓာတ္အားေပးစက္႐ုံကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၿပီး မီးေလာင္ကြၽမ္းေစခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။ အဆိုပါေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူ အေရ အတြက္ကို အတိအက်မေဖာ္ျပထားဘဲ ထိခိုက္မႈမ်ားအပါအဝင္ အေသအ ေပ်ာက္မ်ားရွိေၾကာင္း က်န္းမာေရးအရာရွိမ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ သို႔ေသာ္ အစၥေရးစစ္တပ္က ယီမင္ရွိ စစ္ဘက္ဆိုင္ရာ ပစ္မွတ္မ်ားကို ထိမွန္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

၎ေလေၾကာင္းတိုက္ခိုက္မႈသည္ ဂါဇာကမ္းေျမာင္ေဒသစစ္ပြဲစတင္က တည္းက ဟူသီသူပုန္မ်ားအေပၚ အစၥေရး၏ ပထမဆုံးတိုက္႐ိုက္တိုက္ခိုက္မႈဟု ဆိုရမည္။ အေရွ႕အလယ္ပိုင္းေဒသတစ္ဝန္း အၾကမ္းဖက္မႈမ်ား တိုးလာမည္ကို စိုးရိမ္မႈျမင့္မားလာေနခ်ိန္တြင္ အခုလိုေခ်မႈန္းမႈဟာ ျဖစ္ေပၚလာျခင္း ျဖစ္သည္။ ဟူသီထိပ္တန္းႏိုင္ငံေရးေကာင္စီက စေနေန႔ တိုက္ခိုက္မႈကို တုံ႔ျပန္မည္ဟု ကတိျပဳခဲ့သည္။ “ရန္သူကို ထိထိေရာက္ေရာက္ တုံ႔ျပန္မႈမရွိဘဲ ဒီရန္လိုမႈဟာ ေအာင္ျမင္မွာမဟုတ္ဘူး” ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဟူသီေျပာေရးဆိုခြင့္ရွိသူ Mohammed Abdelsalam က “ယီမင္အေပၚ ရက္စက္ၾကမ္းၾကဳတ္တဲ့ အစၥေရးရဲ႕ ရန္စမႈေတြဟာ ဂါဇာကမ္းေျမာင္ေဒသႏွင့္ပတ္သက္၍ ယီမင္၏ေထာက္ခံမႈရပ္တန႔္ဖို႔အတြက္ ဖိအားေပးေနတယ္” ဟု ေျပာၾကားခဲ့သည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ေနတန္ယာဟုက အစၥေရးဂ်က္တိုက္ေလယာဥ္မ်ား တိုက္ခိုက္ခဲ့သည့္ ဆိပ္ကမ္းကို ဟူသီသူပုန္မ်ားက အီရန္ထံမွလက္နက္မ်ားလက္ခံရရွိဖို႔ အသုံးျပဳခဲ့တယ္လို႔ ေျပာခဲ့သည္။ အစၥေရးနယ္စပ္မွကီလိုမီတာ ၁,၈၀၀ (မိုင္ ၁,၁၂၀) ကြာေဝးေသာ အဆိုပါ တိုက္ခိုက္မႈသည္ အစၥေရးတို႔ မတိုက္ခိုက္ႏိုင္ေသာ ပစ္မွတ္မရွိေၾကာင္း ရန္သူမ်ားအား သတိေပးခ်က္ျဖစ္ေၾကာင္း ေနတန္ယာဟုက ေျပာၾကားခဲ့သည္။

ယီမင္သတင္းေထာက္ႏွင့္ ႏိုင္ငံေရးေလ့လာသုံးသပ္သူ Yousef Mawry က တိုက္ခိုက္မႈအၿပီးတြင္ ၿမိဳ႕ေတာ္ဆာနာ၌ ေလာင္စာဆီမ်ား အေျပးအလႊားဝယ္ယူေနၾကသည့္ အရပ္သားမ်ားကို ျမင္ေတြ႕ခဲ့ရၿပီး အစၥေရး၏ တိုက္ခိုက္မႈမ်ားသည္ အမ်ားျပည္သူဆိုင္ရာ အေဆာက္အဦမ်ားကို ပစ္မွတ္ထားေနေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။ တိုက္ခိုက္မႈသည္ အရပ္သားမ်ားအေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေစၿပီး ပ႐ိုပိန္းဓာတ္ေငြ႕ႏွင့္ ေလာင္စာဆီအပါအဝင္ အေျခခံလိုအပ္ခ်က္မ်ားကို လက္လွမ္းမမီႏိုင္ေတာ့ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

ယီမင္၏တရားဝင္လက္နက္ကိုင္တပ္ဖြဲ႕မ်ားအျဖစ္ ခံယူထားေသာ အီရန္မဟာမိတ္ဟူသီမ်ားသည္ ပါလက္စတိုင္း ၃၈,၉၀၀ ေက်ာ္ ေသဆုံးခဲ့သည့္ ဂါဇာကမ္းေျမာင္ေဒသစစ္ပြဲကို အဆုံးသတ္ေရး အစၥေရးကို ဖိအားေပးရန္ ရည္႐ြယ္သည့္ စစ္ဆင္ေရးအျဖစ္ ပင္လယ္နီအတြင္း သေဘၤာလမ္းေၾကာင္းမ်ားကို ပစ္မွတ္ထား တိုက္ခိုက္လ်က္ရွိေနသည္။

Related news

© 2021. All rights reserved.