အိန္ဒိယ၏ ရုရှားနှင့်ဆက်ဆံရေးနက်ရှိုင်းလာမှုအပေါ် အမေရိကန်သတိပေး

 1337

ALynn (NP News) - ဇူလိုင် ၂၁

ရုရှားနှင့် တရုတ်တို့အကြား ဆက်ဆံရေး နက်ရှိုင်းလာမှုသည် အမေရိကန်-အိန္ဒိယ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်ကြောင်း”အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က သောကြာနေ့ (ဇူလိုင်လ ၁၉ ရက်)တွင် ပြောကြားခဲ့သည်။

ကော်လိုရာဒိုရှိ 2024 Aspen လုံခြုံရေးဖိုရမ်တွင် "အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသ၏ နည်းပညာ၊ စီးပွားရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ပထဝီဝင်နိုင်ငံရေးတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြီးမားသော အခွင့်အလမ်းများကို တွေ့မြင်ရပြီး ၎င်းဆက်ဆံရေးကို နက်ရှိုင်းစေလိုသည်"ဟု ပြောကြားခဲ့သည်။

"ရုရှားသည် တရုတ်နှင့်ပိုမိုနီးကပ်လာနေသောကြောင့် အိန္ဒိယအတွက် ယုံ ကြည်စိတ်ချရသော မိတ်ဆွေကောင်းဖြစ်လာမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ "အိန္ဒိယနဲ့ ကျွန်တော်တို့ရဲ့မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာကြောင့် ဒါဟာကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် အရာပါ"ဟုလည်း ၎င်းကဆိုသည်။

အိန္ဒိယနှင့် တရုတ်ကြား ၎င်းတို့၏အငြင်းပွားနယ်စပ်တစ်လျှောက် တင်းမာမှုများ သိသိသာသာတိုးလာပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် နယူးဒေလီသည် အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းလာစေခဲ့ပြီး ပေကျင်းအား ဒေါသထွက်စေခဲ့သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အိန္ဒိယ ၏ ကြားနေရပ်တည်ချက်က အမေရိကန်နှင့် ၎င်း၏မိတ်ဖက်ဆက်ဆံရေးကို ထိခိုက်မှုမရှိစေနိုင်သော်လည်း ရုရှားသည် အိန္ဒိယအတွက် အရေးပါသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေပြီး အဆိုပါဆက်ဆံရေးကို အိန္ဒိယက စွန့်လွှတ်မည် မဟုတ်ကြောင်း Sullivan ၏အဆိုအရ သိရသည်။ “အိန္ဒိယဟာ ရုရှားနဲ့သမိုင်းဝင်ဆက်ဆံရေးရှိပြီး ၎င်းကိုဖြတ်တောက်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ အဲဒီဆက်ဆံရေးရဲ့ တိကျတဲ့သဘောသဘာဝနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့လိုမယ်”ဟု ၎င်းက ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ ဇူလိုင်လတွင် မော်စကိုသို့တရားဝင်သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ Sullivan က “သက်သေအထောက် အထား တစ်စုံတစ်ရာမတွေ့ရှိရသေးသော်လည်း အိန္ဒိယသည် ရုရှားနှင့် စစ်တပ်နှင့် နည်းပညာဆိုင်ရာဆက်ဆံရေးကို နက်ရှိုင်းစေခဲ့ကြောင်း” ပြောကြားခဲ့သည်။ မိုဒီ၏ခရီးစဉ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်းတို့ အကြား ချစ်ကြည်ရင်းနှီးမှုများသည် အမေရိကန်တာဝန်ရှိသူများနှင့် ယူကရိန်းခေါင်းဆောင် တို့အကြား အိန္ဒိယအပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။ ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် နေတိုးထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်နေသည့် မိုဒီ၏ ခရီးစဉ်ကြောင့် အမေရိကန်၏ အိန္ဒိယအပေါ် ထင်မြင်ယူဆချက်များကို ပိုမိုရှုပ်ထွေးစေခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ Bloomberg က ဖော်ပြခဲ့သည်။

နယူးဒေလီနှင့် မော်စကိုကြား ခိုင်မာသော ဆက်ဆံရေးသည် စစ်အေးခေတ်မှ စတင်ခဲ့သည်။ ရုရှားသည် အိန္ဒိယသို့ ကာကွယ်ရေးပစ္စည်းများ အဓိက ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်ပြီး ယူကရိန်းအကျပ်အတည်း ပြင်းထန်လာချိန်မှစ၍ အိန္ဒိယသည် ရုရှားရေနံစိမ်း တင်သွင်းမှု သိသိသာသာ တိုးလာခဲ့သည်။ အိန္ဒိယသို့ ရုရှားရေနံတင်ပို့မှု နှစ်စဉ် ပမာဏသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ အဆ (၂၀)နီးပါးတိုးလာခဲ့ပြီး ယမန်နှစ်က တန်ချိန် သန်း(၉၀)ရှိပြီး လက်ရှိတွင် အိန္ဒိယ၏ ၀ယ်လိုအား၏ (၄၀)ရာခိုင်နှုန်းကို လွှမ်းခြုံထားကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က ပြောကြားခဲ့သည်။ ယင်းဝယ်ယူမှုများသည် ရုရှား၏စစ်ပွဲအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု အနောက်နိုင်ငံများက ဝေဖန်ခဲ့သည်။ ရုရှားရေနံဝယ်ယူခြင်းသည် ကမ္ဘာ့ရေနံစိမ်းဈေးကို တည်ငြိမ်စေသည်ဟု အိန္ဒိယက တုံ့ပြန်ခဲ့သည်။

zawgyi version
အိႏၵိယ၏ ႐ုရွားႏွင့္ဆက္ဆံေရးနက္ရႈိင္းလာမႈအေပၚ အေမရိကန္သတိေပး
ALynn (NP News) - ဇူလိုင္ ၂၁

႐ုရွားႏွင့္ တ႐ုတ္တို႔အၾကား ဆက္ဆံေရး နက္ရႈိင္းလာမႈသည္ အေမရိကန္-အိႏၵိယ ဆက္ဆံေရးကို ထိခိုက္လာေစႏိုင္ေၾကာင္း”အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Jake Sullivan က ေသာၾကာေန႔ (ဇူလိုင္လ ၁၉ ရက္)တြင္ ေျပာၾကားခဲ့သည္။

ေကာ္လိုရာဒိုရွိ 2024 Aspen လုံၿခဳံေရးဖိုရမ္တြင္ "အေမရိကန္သည္ အင္ဒို-ပစိဖိတ္ေဒသ၏ နည္းပညာ၊ စီးပြားေရး၊ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ပထဝီဝင္ႏိုင္ငံေရးတို႔တြင္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ႀကီးမားေသာ အခြင့္အလမ္းမ်ားကို ေတြ႕ျမင္ရၿပီး ၎ဆက္ဆံေရးကို နက္ရႈိင္းေစလိုသည္"ဟု ေျပာၾကားခဲ့သည္။

"႐ုရွားသည္ တ႐ုတ္ႏွင့္ပိုမိုနီးကပ္လာေနေသာေၾကာင့္ အိႏၵိယအတြက္ ယုံ ၾကည္စိတ္ခ်ရေသာ မိတ္ေဆြေကာင္းျဖစ္လာမည္မဟုတ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ "အိႏၵိယနဲ႔ ကြၽန္ေတာ္တို႔ရဲ႕မဟာဗ်ဴဟာေျမာက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတာေၾကာင့္ ဒါဟာကြၽန္ေတာ္တို႔ ထည့္သြင္းစဥ္းစားရမယ့္ အရာပါ"ဟုလည္း ၎ကဆိုသည္။

အိႏၵိယႏွင့္ တ႐ုတ္ၾကား ၎တို႔၏အျငင္းပြားနယ္စပ္တစ္ေလွ်ာက္ တင္းမာမႈမ်ား သိသိသာသာတိုးလာၿပီးေနာက္ ၂၀၂၀ ျပည့္ႏွစ္တြင္ နယူးေဒလီသည္ အေမရိကန္ႏွင့္ ၎၏ မိတ္ဖက္ဆက္ဆံေရးကို အားေကာင္းလာေစခဲ့ၿပီး ေပက်င္းအား ေဒါသထြက္ေစခဲ့သည္။ ယူကရိန္းပဋိပကၡႏွင့္ပတ္သက္၍ အိႏၵိယ ၏ ၾကားေနရပ္တည္ခ်က္က အေမရိကန္ႏွင့္ ၎၏မိတ္ဖက္ဆက္ဆံေရးကို ထိခိုက္မႈမရွိေစႏိုင္ေသာ္လည္း ႐ုရွားသည္ အိႏၵိယအတြက္ အေရးပါေသာ မိတ္ဖက္အျဖစ္ ဆက္လက္တည္ရွိေနၿပီး အဆိုပါဆက္ဆံေရးကို အိႏၵိယက စြန႔္လႊတ္မည္ မဟုတ္ေၾကာင္း Sullivan ၏အဆိုအရ သိရသည္။ “အိႏၵိယဟာ ႐ုရွားနဲ႔သမိုင္းဝင္ဆက္ဆံေရးရွိၿပီး ၎ကိုျဖတ္ေတာက္မွာ မဟုတ္ေၾကာင္း၊ ဒါေပမဲ့ အဲဒီဆက္ဆံေရးရဲ႕ တိက်တဲ့သေဘာသဘာဝနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔နက္နက္ရႈိင္းရႈိင္း ေဆြးေႏြးမႈေတြ ဆက္လုပ္ဖို႔လိုမယ္”ဟု ၎က ဆိုသည္။

အိႏၵိယဝန္ႀကီးခ်ဳပ္နာရင္ဒရာမိုဒီ၏ ဇူလိုင္လတြင္ ေမာ္စကိုသို႔တရားဝင္သြားေရာက္လည္ပတ္မႈႏွင့္ပတ္သက္၍ Sullivan က “သက္ေသအေထာက္ အထား တစ္စုံတစ္ရာမေတြ႕ရွိရေသးေသာ္လည္း အိႏၵိယသည္ ႐ုရွားႏွင့္ စစ္တပ္ႏွင့္ နည္းပညာဆိုင္ရာဆက္ဆံေရးကို နက္ရႈိင္းေစခဲ့ေၾကာင္း” ေျပာၾကားခဲ့သည္။ မိုဒီ၏ခရီးစဥ္ႏွင့္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ႏွင့္ ၎တို႔ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ားသည္ အေမရိကန္တာဝန္ရွိသူမ်ားႏွင့္ ယူကရိန္းေခါင္းေဆာင္ တို႔အၾကား အိႏၵိယအေပၚ သံသယမ်ား ျဖစ္ေပၚေစခဲ့သည္။ ဝါရွင္တန္ဒီစီတြင္ ျပဳလုပ္သည့္ ေနတိုးထိပ္သီးအစည္းအေဝးႏွင့္ တိုက္ဆိုင္ေနသည့္ မိုဒီ၏ ခရီးစဥ္ေၾကာင့္ အေမရိကန္၏ အိႏၵိယအေပၚ ထင္ျမင္ယူဆခ်က္မ်ားကို ပိုမိုရႈပ္ေထြးေစခဲ့သည္ဟု အမည္မေဖာ္လိုသည့္ အေမရိကန္အရာရွိမ်ား၏ေျပာၾကားခ်က္ကို ကိုးကား၍ Bloomberg က ေဖာ္ျပခဲ့သည္။

နယူးေဒလီႏွင့္ ေမာ္စကိုၾကား ခိုင္မာေသာ ဆက္ဆံေရးသည္ စစ္ေအးေခတ္မွ စတင္ခဲ့သည္။ ႐ုရွားသည္ အိႏၵိယသို႔ ကာကြယ္ေရးပစၥည္းမ်ား အဓိက ေထာက္ပံ့ေပးေနသည့္ ႏိုင္ငံျဖစ္ၿပီး ယူကရိန္းအက်ပ္အတည္း ျပင္းထန္လာခ်ိန္မွစ၍ အိႏၵိယသည္ ႐ုရွားေရနံစိမ္း တင္သြင္းမႈ သိသိသာသာ တိုးလာခဲ့သည္။ အိႏၵိယသို႔ ႐ုရွားေရနံတင္ပို႔မႈ ႏွစ္စဥ္ ပမာဏသည္ ၂၀၂၁ ခုႏွစ္မွ စတင္ကာ အဆ (၂၀)နီးပါးတိုးလာခဲ့ၿပီး ယမန္ႏွစ္က တန္ခ်ိန္ သန္း(၉၀)ရွိၿပီး လက္ရွိတြင္ အိႏၵိယ၏ ၀ယ္လိုအား၏ (၄၀)ရာခိုင္ႏႈန္းကို လႊမ္းၿခဳံထားေၾကာင္း ႐ုရွားဒုတိယဝန္ႀကီးခ်ဳပ္ အလက္ဇႏၵား ႏိုဗက္က ေျပာၾကားခဲ့သည္။ ယင္းဝယ္ယူမႈမ်ားသည္ ႐ုရွား၏စစ္ပြဲအတြက္ အေထာက္အပံ့ ျဖစ္ေစသည္ဟု အေနာက္ႏိုင္ငံမ်ားက ေဝဖန္ခဲ့သည္။ ႐ုရွားေရနံဝယ္ယူျခင္းသည္ ကမာၻ႔ေရနံစိမ္းေဈးကို တည္ၿငိမ္ေစသည္ဟု အိႏၵိယက တုံ႔ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.