သမ္မတပူတင်ကိုလုပ်ကြံရန် အနောက်အုပ်စုနိုင်ငံများ ပါဝင်ဆက်နွှယ်နေဟု ရုရှားအစိုးရပြော

 217

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁

ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများထဲတွင် အနောက်အုပ်စုနိုင်ငံများ ပါဝင်နေ ကြောင်း ရုရှားအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာ ဇာခါရောဗ့် က ယူကရိန်းနိုင်ငံသည် သမ္မတပူတင်ကို လုပ်ကြံရန် တိုက်ရိုက်ပါဝင်နေသည့်နိုင်ငံဖြစ်ပြီး အနောက် အုပ်စုနိုင်ငံများက လုပ်ကြံမှုများအတွက် ငွေကြေးကူညီထောက်ပံ့ပေးခြင်းရှိနေကြောင်း ထပ်မံပြောဆိုခဲ့ သည်။

ယူကရိန်း၏ အဓိကထောက်လှမ်းရေးအဖွဲ့စည်းတစ်ခုဖြစ်သော (GUR)အဖွဲ့ ၏အကြီးအကဲ ဖြစ် သည့် ကီရီဘူဒါနောဗ့်သည် ရုရှားသမ္မတပူတင်ကိုလုပ်ကြံမည်ဟု မကြာသေးမီ က ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက် ရုရှားအစိုးရက တုံ့ပြန်လာခြင်းဖြစ်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာရီယာဇာခါရောဗ့်က “ ယူကရိန်းနဲ့ အနောက်အုပ်စုနိုင်ငံတွေပူးပေါင်းပြီး ရုရှားသမ္မတ ပူတင်ကိုလုပ်ကြံ ဖို့ စီစဉ်နေတဲ့အစီအစဉ်တွေကို သံသယရှိစရာမလိုပါဘူး၊ အနောက်အုပ်စုနိုင်ငံတွေဟာ ငွေကြေးကူညီ ထောက်ပံ့ပေးတယ်” ဟု ပြောသည်။ ယူကရိန်း အစိုးရလုပ်ဆောင်ခဲ့သော ရာဇဝတ်မှုများတွင် အနောက် အုပ်စုနိုင်ငံများ ပါဝင်ဆက်နွှယ်နေသည်ဆိုသော သက်သေအချက်အလက်များရရှိထားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဘူဒါနောဗ့်သည် ရုရှားအစိုးရအဖွဲ့၏ အကြမ်းဖက် သမားစာရင်းထဲ ထည့်သွင်းခံထားရသူ ဖြစ်ကြောင်းသိရသည်။ ဘူဒါနောဗ့်က ၎င်းတို့ ယူက ရိန်း ထောက်လှမ်းရေးအေဂျင်စီအဖွဲ့သည် ရုရှား သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေ ကြောင်း ပြီးခဲ့သောသီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုထုတ်ဖော်ပြောဆို ခြင်းမျိုးမရှိကြောင်းသိရသည်။

ယူကရိန်းနှင့် ရုရှား နိုင်ငံကြား ၂၀၂၂ ခုနှစ်တွင် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အပြန်အ လှန်လုပ်ကြံရန် ကြိုးပမ်းမှုများရှိခဲ့ပြီး ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ လုပ်ကြံမှုများ ကြောင့် ရုရှားအစိုးရတာဝန်ရှိသူများ သေဆုံးခဲ့ကြောင်းသိရသည်။ “ ရုရှားသမ္မတပူတင်ကို လုပ်ကြံဖို့ ကြိုးပမ်းနေတယ်။ လက်ရှိအချိန်ထိတော့ အောင်မြင်မှုမရ သေးဘူး”ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့ အကြီးအကဲကပြောသည်။

zawgyi version
သမၼတပူတင္ကိုလုပ္ႀကံရန္ အေနာက္အုပ္စုႏိုင္ငံမ်ား ပါဝင္ဆက္ႏႊယ္ေနဟု ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၁

႐ုရွားသမၼတပူတင္ကို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈမ်ားထဲတြင္ အေနာက္အုပ္စုႏိုင္ငံမ်ား ပါဝင္ေန ေၾကာင္း ႐ုရွားအစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး မာရီယာ ဇာခါေရာဗ့္ က ယူကရိန္းႏိုင္ငံသည္ သမၼတပူတင္ကို လုပ္ႀကံရန္ တိုက္႐ိုက္ပါဝင္ေနသည့္ႏိုင္ငံျဖစ္ၿပီး အေနာက္ အုပ္စုႏိုင္ငံမ်ားက လုပ္ႀကံမႈမ်ားအတြက္ ေငြေၾကးကူညီေထာက္ပံ့ေပးျခင္းရွိေနေၾကာင္း ထပ္မံေျပာဆိုခဲ့ သည္။

ယူကရိန္း၏ အဓိကေထာက္လွမ္းေရးအဖြဲ႕စည္းတစ္ခုျဖစ္ေသာ (GUR)အဖြဲ႕ ၏အႀကီးအကဲ ျဖစ္ သည့္ ကီရီဘူဒါေနာဗ့္သည္ ႐ုရွားသမၼတပူတင္ကိုလုပ္ႀကံမည္ဟု မၾကာေသးမီ က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ေနာက္ ႐ုရွားအစိုးရက တုံ႔ျပန္လာျခင္းျဖစ္သည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ မာရီယာဇာခါေရာဗ့္က “ ယူကရိန္းနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြပူးေပါင္းၿပီး ႐ုရွားသမၼတ ပူတင္ကိုလုပ္ႀကံ ဖို႔ စီစဥ္ေနတဲ့အစီအစဥ္ေတြကို သံသယရွိစရာမလိုပါဘူး၊ အေနာက္အုပ္စုႏိုင္ငံေတြဟာ ေငြေၾကးကူညီ ေထာက္ပံ့ေပးတယ္” ဟု ေျပာသည္။ ယူကရိန္း အစိုးရလုပ္ေဆာင္ခဲ့ေသာ ရာဇဝတ္မႈမ်ားတြင္ အေနာက္ အုပ္စုႏိုင္ငံမ်ား ပါဝင္ဆက္ႏႊယ္ေနသည္ဆိုေသာ သက္ေသအခ်က္အလက္မ်ားရရွိထားေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။

ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ ဘူဒါေနာဗ့္သည္ ႐ုရွားအစိုးရအဖြဲ႕၏ အၾကမ္းဖက္ သမားစာရင္းထဲ ထည့္သြင္းခံထားရသူ ျဖစ္ေၾကာင္းသိရသည္။ ဘူဒါေနာဗ့္က ၎တို႔ ယူက ရိန္း ေထာက္လွမ္းေရးေအဂ်င္စီအဖြဲ႕သည္ ႐ုရွား သမၼတပူတင္ကို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းေန ေၾကာင္း ၿပီးခဲ့ေသာသီတင္းပတ္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္း အေသးစိတ္ကိုထုတ္ေဖာ္ေျပာဆို ျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။

ယူကရိန္းႏွင့္ ႐ုရွား ႏိုင္ငံၾကား ၂၀၂၂ ခုႏွစ္တြင္ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အျပန္အ လွန္လုပ္ႀကံရန္ ႀကိဳးပမ္းမႈမ်ားရွိခဲ့ၿပီး ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕၏ လုပ္ႀကံမႈမ်ား ေၾကာင့္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ား ေသဆုံးခဲ့ေၾကာင္းသိရသည္။ “ ႐ုရွားသမၼတပူတင္ကို လုပ္ႀကံဖို႔ ႀကိဳးပမ္းေနတယ္။ လက္ရွိအခ်ိန္ထိေတာ့ ေအာင္ျမင္မႈမရ ေသးဘူး”ဟု ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲကေျပာသည္။

Related news

© 2021. All rights reserved.