ယူကရိန်းတပ်ဖွဲ့များက ဓာတုလက်နက်များအသုံးပြုနေကြောင်း ရုရှားစွပ်စွဲ

 1066

ALynn (NP News) - ဇူလိုင် ၂၁

ယူကရိန်းတပ်ဖွဲ့များသည် စစ်မြေပြင်တွင် ဓာတုလက်နက်များ ဖြန့်ကြက်ချထားကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးSergey Ryabkov က ပြောကြားခဲ့သည်။ ဇီဝလက်နက် အစိတ်အပိုင်းများ ထုတ်လုပ်ရန် ကိယက်ဗ်နှင့် ဝါရှင်တန်တို့ ပူးပေါင်း လုပ်ဆောင်နေကြောင်း သက်သေပြရန် လုံလောက်သော အထောက်အထားများ စုဆောင်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကြာသပတေးနေ့က ရုရှား Zvezda TV ချန်နယ်အတွက် ဝေဖန်ချက်တစ်ခုတွင်Ryabkov က ကိယက်ဗ်သည် ဓာတုနှင့်ဇီဝလက်နက်ဆိုင်ရာ တရားမဝင်လှုပ်ရှားမှုများတွင်ပါဝင်နေသည်ဟု ပြော ကြားခဲ့သည်။ ရုရှားနိုင်ငံက သက်ဆိုင်ရာ နိုင်ငံတကာ အေဂျင်စီများကို နှစ်ဖက်စလုံးကပြဿနာများကို အကြောင်းကြားပြီး ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ (OPCW)ကိုလည်း အစီရင်ခံစာများ ပေးပို့ထား ကြောင်း ၎င်းကပြောကြားခဲ့သည်။

Ryabkov က ပဋိပက္ခအတွင်း နှစ်နှစ်ခွဲနီးပါးကြာ ဇီဝလက်နက်ဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုး ဖောက်မှုများနှင့်ပတ်သက်၍ ရုရှားစစ်တပ်သည် အဆိုပါဧရိယာအတွင်း ဝါရှင်တန်နှင့် ကိယက်ဗ်အ ကြား ပူးပေါင်းဆောင်ရွက်မှုများကို သက်သေပြနေ သည့် ပြီးပြည့်စုံသောအချက်အလက်များကို စုဆောင်း ရရှိထားကြောင်းပြောကြားခဲ့သည်။ ၎င်းက ယင်းချိုး ဖောက်မှုများကို လက်ခံနိုင်ဖွယ်မရှိဟု ဖော်ပြခဲ့ပြီး ရုရှားသာမက နိုင်ငံတကာအသိုင်းအဝိုင်းမှ အဖွဲ့ဝင် အများအပြားကလည်း ရှုတ်ချကြောင်း ပြောကြားခဲ့ သည်။ တစ်ချိန်တည်းတွင် Ryabkov က မော်စကို ၏စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ယူကရိန်းနှင့် ၎င်း၏ ကျောထောက်နောက်ခံ အနောက်နိုင်ငံများထံမှ ရှင်းရှင်းလင်းလင်း အဖြေမရရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။

OPCW က " ဗုံးများ ၊ အမြောက်ကျည်များ သို့မဟုတ် အခြားသောလက်နက်ကိရိယာများကို ရည်ရွယ်ချက်ရှိရှိသေဆုံးစေခြင်း သို့မဟုတ် အန္တရာယ် ဖြစ်စေရန်အသုံးပြုသည့်လက်နက်များကို ဓာတုလက် နက်"ဟုသတ်မှတ်သည်။ Ryabkov ၏ပြောကြားချက်အရ ယခုလအစောပိုင်းတွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်များသိမ်းယူထားသောDonbass မြို့ Avdeevka နှင့် မဝေးသောနေရာတွင် အဆိပ်သင့်သော ဟိုက်ဒရိုဂျင်ဆိုက်ယာနိုက် ထုတ်လုပ်ရန်အသုံးပြုသည့် ယူကရိန်း ဓာတုဓာတ်ခွဲခန်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မော်စကိုက ယူကရိန်းစစ်သုံ့ပန်းတစ်ဦး၏ ဝန်ခံချက် ကိုကိုးကားပြီး ကိယက်ဗ်သည်kamikaze ဒရုန်းများ ထုတ်လုပ်ရန် ဓာတုပစ္စည်းများကိုအသုံးပြုခဲ့သည်ဟု ဆိုသည်။

ယူကရိန်းတွင် အမေရိကန်နှင့်၎င်း၏ နေတိုးမဟာမိတ်များကပံ့ပိုးပေးသည့် ကြီးမားသော ဇီဝဓာတ်ခွဲခန်းကွန်ရက်တစ်ခုရှိကြောင်း ရုရှားနိုင်ငံက လပေါင်းများစွာ သတိပေးနှိုးဆော်ထား သည်။ ယူက ရိန်းမြေပေါ်တွင် ဇီဝဓာတ်ခွဲခန်းများစွာရှိကြောင်း အမေရိကန်ကအသိအမှတ်ပြုခဲ့သော်လည်း ၎င်းတို့သည် လုံးဝတရားဝင်ဖြစ်ပြီး ဇီဝလက်နက်များ ထုတ်လုပ်ရန် အသုံးပြုနေခြင်းမဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

zawgyi version
ယူကရိန္းတပ္ဖြဲ႕မ်ားက ဓာတုလက္နက္မ်ားအသုံးျပဳေနေၾကာင္း ႐ုရွားစြပ္စြဲ
ALynn (NP News) - ဇူလိုင္ ၂၁

ယူကရိန္းတပ္ဖြဲ႕မ်ားသည္ စစ္ေျမျပင္တြင္ ဓာတုလက္နက္မ်ား ျဖန႔္ၾကက္ခ်ထားေၾကာင္း ႐ုရွား ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးSergey Ryabkov က ေျပာၾကားခဲ့သည္။ ဇီဝလက္နက္ အစိတ္အပိုင္းမ်ား ထုတ္လုပ္ရန္ ကိယက္ဗ္ႏွင့္ ဝါရွင္တန္တို႔ ပူးေပါင္း လုပ္ေဆာင္ေနေၾကာင္း သက္ေသျပရန္ လုံေလာက္ေသာ အေထာက္အထားမ်ား စုေဆာင္းထားေၾကာင္း ၎က ဆက္လက္ေျပာသည္။

ၾကာသပေတးေန႔က ႐ုရွား Zvezda TV ခ်န္နယ္အတြက္ ေဝဖန္ခ်က္တစ္ခုတြင္Ryabkov က ကိယက္ဗ္သည္ ဓာတုႏွင့္ဇီဝလက္နက္ဆိုင္ရာ တရားမဝင္လႈပ္ရွားမႈမ်ားတြင္ပါဝင္ေနသည္ဟု ေျပာ ၾကားခဲ့သည္။ ႐ုရွားႏိုင္ငံက သက္ဆိုင္ရာ ႏိုင္ငံတကာ ေအဂ်င္စီမ်ားကို ႏွစ္ဖက္စလုံးကျပႆနာမ်ားကို အေၾကာင္းၾကားၿပီး ဓာတုလက္နက္တားျမစ္ေရးအဖြဲ႕ (OPCW)ကိုလည္း အစီရင္ခံစာမ်ား ေပးပို႔ထား ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

Ryabkov က ပဋိပကၡအတြင္း ႏွစ္ႏွစ္ခြဲနီးပါးၾကာ ဇီဝလက္နက္ဆိုင္ရာ ကြန္ဗင္းရွင္းကို ခ်ိဳး ေဖာက္မႈမ်ားႏွင့္ပတ္သက္၍ ႐ုရွားစစ္တပ္သည္ အဆိုပါဧရိယာအတြင္း ဝါရွင္တန္ႏွင့္ ကိယက္ဗ္အ ၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို သက္ေသျပေန သည့္ ၿပီးျပည့္စုံေသာအခ်က္အလက္မ်ားကို စုေဆာင္း ရရွိထားေၾကာင္းေျပာၾကားခဲ့သည္။ ၎က ယင္းခ်ိဳး ေဖာက္မႈမ်ားကို လက္ခံႏိုင္ဖြယ္မရွိဟု ေဖာ္ျပခဲ့ၿပီး ႐ုရွားသာမက ႏိုင္ငံတကာအသိုင္းအဝိုင္းမွ အဖြဲ႕ဝင္ အမ်ားအျပားကလည္း ရႈတ္ခ်ေၾကာင္း ေျပာၾကားခဲ့ သည္။ တစ္ခ်ိန္တည္းတြင္ Ryabkov က ေမာ္စကို ၏စိုးရိမ္ပူပန္မႈမ်ားႏွင့္ပတ္သက္၍ ယူကရိန္းႏွင့္ ၎၏ ေက်ာေထာက္ေနာက္ခံ အေနာက္ႏိုင္ငံမ်ားထံမွ ရွင္းရွင္းလင္းလင္း အေျဖမရရွိႏိုင္ေၾကာင္း ေျပာၾကား ခဲ့သည္။

OPCW က " ဗုံးမ်ား ၊ အေျမာက္က်ည္မ်ား သို႔မဟုတ္ အျခားေသာလက္နက္ကိရိယာမ်ားကို ရည္႐ြယ္ခ်က္ရွိရွိေသဆုံးေစျခင္း သို႔မဟုတ္ အႏၲရာယ္ ျဖစ္ေစရန္အသုံးျပဳသည့္လက္နက္မ်ားကို ဓာတုလက္ နက္"ဟုသတ္မွတ္သည္။ Ryabkov ၏ေျပာၾကားခ်က္အရ ယခုလအေစာပိုင္းတြင္ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနက ႐ုရွားတပ္မ်ားသိမ္းယူထားေသာDonbass ၿမိဳ႕ Avdeevka ႏွင့္ မေဝးေသာေနရာတြင္ အဆိပ္သင့္ေသာ ဟိုက္ဒ႐ိုဂ်င္ဆိုက္ယာႏိုက္ ထုတ္လုပ္ရန္အသုံးျပဳသည့္ ယူကရိန္း ဓာတုဓာတ္ခြဲခန္းတစ္ခုကိုရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေမာ္စကိုက ယူကရိန္းစစ္သုံ႔ပန္းတစ္ဦး၏ ဝန္ခံခ်က္ ကိုကိုးကားၿပီး ကိယက္ဗ္သည္kamikaze ဒ႐ုန္းမ်ား ထုတ္လုပ္ရန္ ဓာတုပစၥည္းမ်ားကိုအသုံးျပဳခဲ့သည္ဟု ဆိုသည္။

ယူကရိန္းတြင္ အေမရိကန္ႏွင့္၎၏ ေနတိုးမဟာမိတ္မ်ားကပံ့ပိုးေပးသည့္ ႀကီးမားေသာ ဇီဝဓာတ္ခြဲခန္းကြန္ရက္တစ္ခုရွိေၾကာင္း ႐ုရွားႏိုင္ငံက လေပါင္းမ်ားစြာ သတိေပးႏႈိးေဆာ္ထား သည္။ ယူက ရိန္းေျမေပၚတြင္ ဇီဝဓာတ္ခြဲခန္းမ်ားစြာရွိေၾကာင္း အေမရိကန္ကအသိအမွတ္ျပဳခဲ့ေသာ္လည္း ၎တို႔သည္ လုံးဝတရားဝင္ျဖစ္ၿပီး ဇီဝလက္နက္မ်ား ထုတ္လုပ္ရန္ အသုံးျပဳေနျခင္းမဟုတ္ေၾကာင္း အခိုင္အမာေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.