သမ္မတရွေးကောက်ပွဲမှ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားဖွယ်ရှိနေ

 1089

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင်ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရဖွယ်မရှိဆိုသော အယူအဆကို လက်ခံလာဖွယ်ရှိနေပြီး သမ္မတရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည့်အစီအစဉ်ကို ပြန်ရုပ်သိမ်းဖွယ်ရှိနေကြောင်း အမေရိကန်အခြေ စိုက် နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန် သမ္မတနှင့်နီးစပ်သူတစ်ဦးက ဂျိုးဘိုင်ဒန်သည် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒုတိယသမ္မတ ကာမာလာဟာရစ်ကို ဒီမိုကရက်တစ် ပါတီ ၏သမ္မတလောင်းအဖြစ် ထောက်ခံပေးသွားဖွယ်ရှိနေကြောင်း ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပြိုင်ဘက် ဖြစ်သူ ဒေါ်နယ်ထရမ့်နှင့် မကြာသေးမီကပြုလုပ်ခဲ့ သော စကားစစ်ထိုးပွဲတွင် မျှော်လင့်သလောက် စွမ်းရည်ကောင်းများမပြသနိုင်သည့်အတွက် ဒီမိုကရက် တစ်ပါတီ သမ္မတလောင်းအဖြစ်မှ ဖယ်ရှားရန် ဒီမိုကရက်တစ်ပါတီဝင်များက ဝိုင်းဝန်းတောင်းဆိုနေကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်သည် သမ္မတရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရန် လိုလားနေသော်လည်း ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များကလည်း ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်ရွေးချယ်ယှဉ်ပြိုင်ခြင်းမပြုစေရန် လိုလားနေကြောင်း သိရသည်။ ဒီမိုကရက်တစ်ပါတီ၏ ထိပ်သီးခေါင်းဆောင် များဖြစ်သော နန်စီပီလိုစီ၊ ချက်ရှုမာတို့ကလည်း ဂျိုး ဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုလုပ်ရန် တောင်းဆိုနေကြောင်းသိရသည်။ စကား စစ်ထိုးပွဲအပြီးတွင် အသက်(၈၁)နှစ်အရွယ်ရှိ ဂျိုးဘိုင်ဒန်အပေါ် ဒီမိုကရက်တစ်ပါတီဝင်များ၏ အား ပေးထောက်ခံမှုများစွာကျဆင်းခဲ့ကြောင်း မကြာသေး မီကပြုလုပ်ခဲ့သည့်စစ်တမ်းများတွင် ဖော်ပြထားသည်။ ဒီမိုကရက်တစ်ပါတီဝင်အားလုံး၏ (၇ဝ) ရာခိုင်နှုန်း သည် ဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ် ပြိုင်ခြင်းမှဖယ်ရှားရန်လိုလားနေကြောင်း မကြာသေး မီကပြုလုပ်ခဲ့သောစစ်တမ်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်ပါတီ၏ ထိပ်သီး ခေါင်းဆောင်များထဲ တွင်ပါဝင်နေသလို အမေရိကန် သမ္မတဟောင်းလည်း ဖြစ်သော ဘားရက်အိုဘာမားက ဂျိုးဘိုင်ဒန်သည် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြုပြီး သမ္မတအဖြစ်ပါဝင်ယှဉ်ပြိုင်မည့်အခြေအနေကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း အကြံပြုထားသည်။ ဒီမိုကရက်တစ်ပါတီသည် လာမည့်နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် သမ္မတလောင်းရွေးချယ်ရေး အပြီးသတ်လုပ်ငန်းစဉ်များကို ဩဂုတ်လအတွင်း လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ နှောင့်နှေးရဖွယ်ရှိနေကြောင်း ဒီမိုကရက်တစ်ပါတီနှင့် နီးစပ်သူများကပြောသည်။

လက်ရှိအချိန်တွင် ဒီမို ကရက်တစ်ပါတီကို အားပေးဝန်းရံကာ ငွေကြေးကူညီ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများကလည်း ဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ခြင်းမလုပ်ရန်အတွက် ဝိုင်းဝန်းတားဆီးရန်နှင့် ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပေး မည်ဆိုလျှင် မဲဆွယ်စည်းရုံးပွဲအတွက် ငွေကြေးကူညီ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်မည်မဟုတ် ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးထားသည်။

zawgyi version
သမၼတေ႐ြးေကာက္ပြဲမွ ဂ်ိဳးဘိုင္ဒန္ ႏုတ္ထြက္သြားဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၁

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ လာမည့္ ႏိုဝင္ဘာလ ၅ ရက္ေန႔တြင္က်င္းပမည့္ သမၼတ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရဖြယ္မရွိဆိုေသာ အယူအဆကို လက္ခံလာဖြယ္ရွိေနၿပီး သမၼတေ႐ြးေကာက္ပြဲ ပါဝင္ ယွဥ္ၿပိဳင္မည့္အစီအစဥ္ကို ျပန္႐ုပ္သိမ္းဖြယ္ရွိေနေၾကာင္း အေမရိကန္အေျခ စိုက္ နယူးေယာက္တိုင္းမ္ သတင္းဌာနက ေဖာ္ျပထားသည္။ အေမရိကန္ သမၼတႏွင့္နီးစပ္သူတစ္ဦးက ဂ်ိဳးဘိုင္ဒန္သည္ သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ရန္အတြက္ ဒုတိယသမၼတ ကာမာလာဟာရစ္ကို ဒီမိုကရက္တစ္ ပါတီ ၏သမၼတေလာင္းအျဖစ္ ေထာက္ခံေပးသြားဖြယ္ရွိေနေၾကာင္း ေျပာသည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ၿပိဳင္ဘက္ ျဖစ္သူ ေဒၚနယ္ထရမ့္ႏွင့္ မၾကာေသးမီကျပဳလုပ္ခဲ့ ေသာ စကားစစ္ထိုးပြဲတြင္ ေမွ်ာ္လင့္သေလာက္ စြမ္းရည္ေကာင္းမ်ားမျပသႏိုင္သည့္အတြက္ ဒီမိုကရက္ တစ္ပါတီ သမၼတေလာင္းအျဖစ္မွ ဖယ္ရွားရန္ ဒီမိုကရက္တစ္ပါတီဝင္မ်ားက ဝိုင္းဝန္းေတာင္းဆိုေနေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒန္သည္ သမၼတေ႐ြးေကာက္ပြဲတြင္ ဆက္လက္ပါဝင္ယွဥ္ၿပိဳင္ရန္ လိုလားေနေသာ္လည္း ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္မ်ားကလည္း ဂ်ိဳးဘိုင္ဒန္ကို သမၼတေလာင္းအျဖစ္ ဆက္လက္ေ႐ြးခ်ယ္ယွဥ္ၿပိဳင္ျခင္းမျပဳေစရန္ လိုလားေနေၾကာင္း သိရသည္။ ဒီမိုကရက္တစ္ပါတီ၏ ထိပ္သီးေခါင္းေဆာင္ မ်ားျဖစ္ေသာ နန္စီပီလိုစီ၊ ခ်က္ရႈမာတို႔ကလည္း ဂ်ိဳး ဘိုင္ဒန္ကို သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ျခင္းမျပဳလုပ္ရန္ ေတာင္းဆိုေနေၾကာင္းသိရသည္။ စကား စစ္ထိုးပြဲအၿပီးတြင္ အသက္(၈၁)ႏွစ္အ႐ြယ္ရွိ ဂ်ိဳးဘိုင္ဒန္အေပၚ ဒီမိုကရက္တစ္ပါတီဝင္မ်ား၏ အား ေပးေထာက္ခံမႈမ်ားစြာက်ဆင္းခဲ့ေၾကာင္း မၾကာေသး မီကျပဳလုပ္ခဲ့သည့္စစ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။ ဒီမိုကရက္တစ္ပါတီဝင္အားလုံး၏ (၇ဝ) ရာခိုင္ႏႈန္း သည္ ဂ်ိဳးဘိုင္ဒန္ကို သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ ၿပိဳင္ျခင္းမွဖယ္ရွားရန္လိုလားေနေၾကာင္း မၾကာေသး မီကျပဳလုပ္ခဲ့ေသာစစ္တမ္းတြင္ ေဖာ္ျပထားသည္။

ဒီမိုကရက္တစ္ပါတီ၏ ထိပ္သီး ေခါင္းေဆာင္မ်ားထဲ တြင္ပါဝင္ေနသလို အေမရိကန္ သမၼတေဟာင္းလည္း ျဖစ္ေသာ ဘားရက္အိုဘာမားက ဂ်ိဳးဘိုင္ဒန္သည္ ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္ပါတီကိုယ္စားျပဳၿပီး သမၼတအျဖစ္ပါဝင္ယွဥ္ၿပိဳင္မည့္အေျခအေနကို ေလးေလးနက္နက္စဥ္းစားသင့္ေၾကာင္း အႀကံျပဳထားသည္။ ဒီမိုကရက္တစ္ပါတီသည္ လာမည့္ႏိုဝင္ဘာလအတြင္းက်င္းပမည့္ သမၼတေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး ပါတီကိုယ္စားျပဳယွဥ္ၿပိဳင္မည့္ သမၼတေလာင္းေ႐ြးခ်ယ္ေရး အၿပီးသတ္လုပ္ငန္းစဥ္မ်ားကို ဩဂုတ္လအတြင္း လုပ္ေဆာင္ႏိုင္မည္မဟုတ္ဘဲ ေႏွာင့္ေႏွးရဖြယ္ရွိေနေၾကာင္း ဒီမိုကရက္တစ္ပါတီႏွင့္ နီးစပ္သူမ်ားကေျပာသည္။

လက္ရွိအခ်ိန္တြင္ ဒီမို ကရက္တစ္ပါတီကို အားေပးဝန္းရံကာ ေငြေၾကးကူညီ ေထာက္ပံ့ေပးေနသည့္ အဖြဲ႕အစည္းမ်ားကလည္း ဂ်ိဳးဘိုင္ဒန္ကို သမၼတေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ ၿပိဳင္ျခင္းမလုပ္ရန္အတြက္ ဝိုင္းဝန္းတားဆီးရန္ႏွင့္ ဂ်ိဳးဘိုင္ဒန္ကို သမၼတေလာင္းအျဖစ္ ယွဥ္ၿပိဳင္ခြင့္ေပး မည္ဆိုလွ်င္ မဲဆြယ္စည္း႐ုံးပြဲအတြက္ ေငြေၾကးကူညီ ေထာက္ပံ့ေပးျခင္းမ်ား လုပ္ေဆာင္မည္မဟုတ္ ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတိေပးထားသည္။

Related news

© 2021. All rights reserved.