တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် ပြင်ဆင်နေ

 4204

Htay Oung (NP News) - ဇူလိုင် ၂၁

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ Ro-Ro ယို-ယိုလို့ခေါ်တဲ့ အရပ်ဘက် မော်တော်ယာဉ်သယ် မောင်းတက်မောင်းဆင်းရေယာဉ်များအသုံးပြုပြီး စစ်ရေးလေ့ကျင့်နေမှုဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့အတွက် ပြင်ဆင် နေခြင်းဖြစ်နိုင်ကြောင်း၊ ကောင်းကင်ဂြိုလ်တုမှတဆင့် ရိုက်ကူးရရှိခဲ့တဲ့ တူးဒီ ဓါတ်ပုံများကို ယိုမီယူရီရှင်ဘွန်း သတင်းစာနဲ့ ဂျပန်ကော့ကီကန် အမျိုးသားအင်စတီကျု့တို့ရဲ့ ခွဲခြမ်း စိတ်ဖြာလေ့လာမှုအရ ဒေသတွင်း တ ရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးရည်မှန်းချက်များနဲ့ အသင့်ပြင်ဆင်နေပုံများကို မီးမောင်းထိုးပြနေတယ်လို့ ယူရိုအေးရှားက ဇူလိုင်လ ၁၉ ရက်တွင် ရေးသားပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း “ပလန်းနက် လက်ဗ်” လို့ခေါ်တဲ့ အမေရိကန်အာကာသကုမ္ပဏီတစ်ခုက ရိုက်ကူး ရရှိခဲ့တဲ့ ဂြိုလ်တုဓာတ်ပုံများအရ ဟတ်ဘေးပြည်နယ် ချန်ဒီမြို့ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကို ကျူးကျော်လေ ဟန် ပုံစံတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပုံကို တွြေ့မင်ခဲ့ရပြီး ဖြစ်ပါတယ်။ ဓါတ်ပုံများမှာ မော်တော်ယာဉ် သယ် မောင်းတက်မောင်းဆင်းရေယာဉ်များကို ကိုယ်စားပြုကြောင်း ယူဆရတဲ့ မီတာ ၁၇၀ အလျားရှိ မြေပြင် အမှတ်အသားတစ်ခုကို ဖော်ပြထားပါတယ်။

အဲဒီသင်္ဘောတွေဟာ အကြီးစားမော်တော်ယာဉ်များကို သယ်ယူပို့ဆောင်နိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်း၊ သင်္ဘောတစ်စီးလျှင် လူ ၁၀၀၀ ခန့် လိုက်ပါတဲ့ မော်တော်ယာဉ် ၃၀၀ ခန့်ကို ရေကြောင်းဖြင့် သယ်ယူပြီး ကုန်းပေါ်ကို တိုက်ရိုက် မောင်းတက် နိုင်အောင် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ အဲ့ဒီနေရာမှာပဲ ၂၀၂၂-ခုနှစ် ရိုက်ကူးရရှိခဲ့တဲ့ ဂြိုလ်တုဓါတ်ပုံများကို ပုံကြီးချဲ့ စစ်ဆေး ကြည့်တဲ့အခါ အဲ့ဒီမောင်းတက်မောင်းဆင်း ရေယာဉ်များအတွင်းမှာ မော်တော်ယာဉ် အမြောက်အများကို တွေ့မြင်ကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ မော်တော်ယာဉ်များ၊ စစ်သည်များ၊ ခဲယမ်းမီးကျောက်များနဲ့ လောင်စာဆီတို့လို မရှိမ ဖြစ် လိုအပ်တဲ့ ပစ္စည်းများကို ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် လေ့ကျင့်နေတယ်လို့ လေ့လာသူများက ယုံကြည်ကြပါတယ်။ အဲ့ဒီ စစ်ရေးလေ့ကျင့်မှုဟာ အမှန်တကယ် ကုန်းရေနှစ်သွယ် စစ်ဆင်ရေးအတွက် လျင် မြန်စွာ ဖြန့်ကျက်ရာမှာ အလွန်ဆီလျော် အသုံးဝင်ပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်မှာ အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံဟာ ကိုယ်ပိုင်စစ်တပ်ကို အင်အားတိုးချဲ့ခြင်း မပြုပဲ နှစ်ပေါင်း အတော်ကြာနေခဲ့ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုများကြောင့် အင်အားတိုး ချဲ့လာတဲ့ ဂျပန်ရဲ့ စစ်အင်အားအဆင့် GFP ဟာ ၂၀၂၄-ခုနှစ်မှာ ကမ္ဘာ့ ၁၄၅ နိုင်ငံမှာ အဆင့် ၇-ဖြစ်လာပါ တယ်။ တစ်ပြိုက်နက်တည်းမှာပဲ “၂၀၂၄ ဂျပန်ကာကွယ်ရေး” စက္ကူဖြူစာတမ်းမှာ တရုတ်ရေတပ်နဲ့ မြေပြင် တပ်ဖွဲ့တွေဟာ ယို-ယို သင်္ဘောများကို အသုံးပြုပြီး ကုန်းရေနှစ်သွယ်စစ်ဆင်ရေးများအတွက် စစ်ရေး လေ့ ကျင့်မှုများကို အကြိမ်ကြိမ် ပြုလုပ်ထားကြောင်း အလေးအနက် ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ ထိုင်ဝမ် ကျွန်းတစ်ဝိုက် သူ့ရဲ့ စစ်အင်အား တည်ရှိမှုကို အခိုင်အမာ ဖြစ်စေရန်နဲ့ နယ်မြေစိုးမိုးမှု ထူထောင်ရေး တ ရုတ်ရဲ့ ကြီးမားတဲ့ အစီအစဉ်မှာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်က ၎င်းတို့ ပိုင်ဆိုင်ကြောင်း ကြေညာချက်ပါ ရေပြင်ဧရိယာဟာ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း ၂၀၁၆-ခုနှစ်မှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICJ က ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေ မယ့်လည်း ပေကျင်းဟာ တောင်တရုတ်ပင်လယ်အတွင်း အခြေစိုက်စခန်းများကို တိုးချဲ့တည်ဆောက်နေုပြီး အငြင်းပွားရေပြင်အတွင်း စစ်ရေးလေ့ကျင့်မှုများ ကင်းလှည့်ခြင်းများကို ပုံမှန်လိုလို လုပ်ဆောင်နေပါတယ်။ တရုတ်တို့ရဲ့ ပြင်းထန်တဲ့ ရပ်တည်ချက်ဟာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုနဲ့ စိုးရိမ်မှု အထူးသဖြင့် အမေရိ ကန်နိုင်ငံကို ဆွဲဆောင်သလို ဖြစ်လာနေပါတယ်။

မကြာသေးမီနှစ်များအတွင်း တရုတ်လေယာဉ်များနဲ့ သင်္ဘောများဟာ ထိုင်ဝမ်ကာကွယ်ရေးဇုန်အတွင်း ဖြတ် ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်ရှိ သူ့ရဲ့ စစ်အင်အားကို တိုးမြှင့်ခဲ့ပါတယ်။ အကယ်၍ ကျူး ကျော် ဝင်ရောက်မယ်ဆိုရင် ဒုံးကျည်များနဲ့ အဆက်မပြတ် ပစ်ခတ်ခြင်းဖြင့် ခုခံသူများကို ဦးနှိမ်ထားပြီး တိုက်ခိုက်တပ်များက ရုတ်တရက် ကမ်းတက်ဝင်ရောက်ခြင်းဖြင့် စတင်တိုက်ခိုက်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် လည်း တရုတ်ရေတပ်အနေနဲ့ အဲဒီ စစ်ဆင်ရေးအတွက် ပြင်ဆင်ထားပုံဟာ ပြည့်စုံလုံလောက်ပြီလို့ မပြောနိုင် သေးပါဘူး။ ထိုင်ဝမ်ကို အကြီးစားကျူးကျော်ဖို့ ဆိုတာ အလွန်ကျယ်ပြန့် ရှုတ်ထွေးလှတဲ့အတွက် ကမ္ဘာ့အကြီး ဆုံး ရေတပ်ကြီးတစ်ခု ဖြစ်ပေမယ့် လိုအပ်တဲ့ လက်နက်ကိရိယာနဲ့ အထောက်အပံ့တွေ ချို့တဲ့အားနည်း နေ သေးတယ်လို့ အမေရိကန်နဲ့ ထိုင်ဝမ် နှစ်နိုင်ငံစလုံးက မှတ်ချက် ပြုကြပါတယ်။

အဲဒီ လိုအပ်ချက် တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းတဲ့အနေနဲ့ တရုတ်က သူ့ရဲ့ စစ်ရေးဗျူဟာမှာ စီးပွားရေးလုပ်ငန်း သုံး သင်္ဘောများကို ထည့်သွင်းလာခဲ့ပါတယ်။ သင်္ဘောများကို အသုံးပြုပြီး တပ်ဖွဲ့ဝင်များကို ကမ်းခြေများ အ ရောက် တိုက်ရိုက်ပို့ဆောင်ပေးဖို့အတွက် ယို-ယိုသင်္ဘောများကို အသုံးပြုလာပါတယ်။ ၂၀၁၂-ခုနှစ်မှာ အဲ့ဒီ သင်္ဘောများတည်ဆောက်ရေးအတွက် သင်္ဘောကုမ္ပဏီများနဲ့ လက်တွဲဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရပါ တယ်။ ၂၀၁၉-ခုနှစ် တရုတ် ယို-ယိုသင်္ဘော “ဘန်ချွီဒို” ဟာ တန်ချိန် ၁၅,၀၀၀ ရှိပြီး မူလက တရုတ် နိုင်ငံထုတ် လျှပ်စစ်ကားများကို သယ်ပို့ပေးရာမှာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်း တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ် မတော်ရဲ့ လှုပ်ရှားမှုများမှာ တွေ့မြင်လာရပါတယ်။ ၂၀၂၂- ခုနှစ် သြဂုတ်လ အမေရိကန် အောက် လွှတ်တော် ဥက္ကဌ နန်စီပယ်လိုစီက ထိုင်ဝမ်ကို သွားရောက် လည်ပတ်ပြီးနောက် တရုတ်စစ်တပ်ရဲ့ ယို-ယို သင်္ဘော ၆-စီး ဟာ ပင်လယ်ဝါ ဘိုဟိုင်းပင်လယ်အော်မှတဆင့် ကျွန်းနိုင်ငံနဲ့ အနီးဆုံး တရုတ်မြို့ဖြစ်တဲ့ ရှားမင်းမြို့ကို ထွက် ခွာလာခဲ့ဖူးပါတယ်၊ ၂၀၂၃-ခုနှစ်မှာတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ ကမ်းတက် စစ်ရေး လေ့ကျင့်မှုများမှာ ယို-ယိုသင်္ဘောတွေကို ပုံမှန်လိုလို အပီအပြင် ထည့်သွင်းလာပါတယ်။

အဲဒီလို သင်္ဘောတွေချည့်သက်သက်ဟာ တိုက်ခိုက်ခံရဖို့ ထင်းထင်းကြီး ဖြစ်နေစရာရှိပေမယ့် တရုတ် ရေ တပ်နဲ့ လေတပ်တို့က အမှန်တကယ် ကျူးကျော်ချိန်နဲ့ ပေါင်းစပ်ပြီး အင်အားအလုံးအရင်းနဲ့ ကမ်းတက်စစ် ဆင်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ဆိုရင် ယို-ယို သင်္ဘောအုပ်စု တွေဟာ ထိုင်ဝမ်ကျူးကျော်ဖို့အတွက် ဆီလျော်နိုင်စရာ ရှိတယ်လို့ ပင်တာဂွန်က မှတ်ချက်ပေးပါတယ်။ အဲ့ဒီ သင်္ဘောတွေအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေများမှာ ဘယ်လို ထိရောက်မှု ရှိ-မရှိတော့ ရှင်းရှင်းလင်း လင်း မသိရသေး ပါဘူး။

(Eurosian Times., 19 July 2024,” China’s Invasion Of Taiwan: Satellite Image Shows PLA Drilled To Seize Taiwan Using Civilian RO-RO Ships” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
တ႐ုတ္က ထိုင္ဝမ္ကို က်ဴးေက်ာ္ရန္ ျပင္ဆင္ေန
Htay Oung (NP News) - ဇူလိုင္ ၂၁

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ရဲ႕ Ro-Ro ယို-ယိုလို႔ေခၚတဲ့ အရပ္ဘက္ ေမာ္ေတာ္ယာဥ္သယ္ ေမာင္းတက္ေမာင္းဆင္းေရယာဥ္မ်ားအသုံးျပဳၿပီး စစ္ေရးေလ့က်င့္ေနမႈဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္ဖို႔အတြက္ ျပင္ဆင္ ေနျခင္းျဖစ္ႏိုင္ေၾကာင္း၊ ေကာင္းကင္ၿဂိဳလ္တုမွတဆင့္ ႐ိုက္ကူးရရွိခဲ့တဲ့ တူးဒီ ဓါတ္ပုံမ်ားကို ယိုမီယူရီရွင္ဘြန္း သတင္းစာနဲ႔ ဂ်ပန္ေကာ့ကီကန္ အမ်ိဳးသားအင္စတီက်ဳ႕တို႔ရဲ႕ ခြဲျခမ္း စိတ္ျဖာေလ့လာမႈအရ ေဒသတြင္း တ ႐ုတ္ႏိုင္ငံရဲ႕ ႀကီးထြားလာေနတဲ့ စစ္ေရးရည္မွန္းခ်က္မ်ားနဲ႔ အသင့္ျပင္ဆင္ေနပုံမ်ားကို မီးေမာင္းထိုးျပေနတယ္လို႔ ယူ႐ိုေအးရွားက ဇူလိုင္လ ၁၉ ရက္တြင္ ေရးသားပါတယ္။

ၿပီးခဲ့တဲ့ ေမလတုန္းကလည္း “ပလန္းနက္ လက္ဗ္” လို႔ေခၚတဲ့ အေမရိကန္အာကာသကုမၸဏီတစ္ခုက ႐ိုက္ကူး ရရွိခဲ့တဲ့ ၿဂိဳလ္တုဓာတ္ပုံမ်ားအရ ဟတ္ေဘးျပည္နယ္ ခ်န္ဒီၿမိဳ႕ တ႐ုတ္စစ္တပ္ဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္ေလ ဟန္ ပုံစံတူ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနပုံကို ေတြျ့မင္ခဲ့ရၿပီး ျဖစ္ပါတယ္။ ဓါတ္ပုံမ်ားမွာ ေမာ္ေတာ္ယာဥ္ သယ္ ေမာင္းတက္ေမာင္းဆင္းေရယာဥ္မ်ားကို ကိုယ္စားျပဳေၾကာင္း ယူဆရတဲ့ မီတာ ၁၇၀ အလ်ားရွိ ေျမျပင္ အမွတ္အသားတစ္ခုကို ေဖာ္ျပထားပါတယ္။

အဲဒီသေဘၤာေတြဟာ အႀကီးစားေမာ္ေတာ္ယာဥ္မ်ားကို သယ္ယူပို႔ေဆာင္ႏိုင္ဖို႔အတြက္ ဒီဇိုင္းထုတ္ထားျခင္း ျဖစ္ေၾကာင္း၊ သေဘၤာတစ္စီးလွ်င္ လူ ၁၀၀၀ ခန႔္ လိုက္ပါတဲ့ ေမာ္ေတာ္ယာဥ္ ၃၀၀ ခန႔္ကို ေရေၾကာင္းျဖင့္ သယ္ယူၿပီး ကုန္းေပၚကို တိုက္႐ိုက္ ေမာင္းတက္ ႏိုင္ေအာင္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း၊ အဲ့ဒီေနရာမွာပဲ ၂၀၂၂-ခုႏွစ္ ႐ိုက္ကူးရရွိခဲ့တဲ့ ၿဂိဳလ္တုဓါတ္ပုံမ်ားကို ပုံႀကီးခ်ဲ႕ စစ္ေဆး ၾကည့္တဲ့အခါ အဲ့ဒီေမာင္းတက္ေမာင္းဆင္း ေရယာဥ္မ်ားအတြင္းမွာ ေမာ္ေတာ္ယာဥ္ အေျမာက္အမ်ားကို ေတြ႕ျမင္ေၾကာင္း သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္စစ္တပ္ဟာ ေမာ္ေတာ္ယာဥ္မ်ား၊ စစ္သည္မ်ား၊ ခဲယမ္းမီးေက်ာက္မ်ားနဲ႔ ေလာင္စာဆီတို႔လို မရွိမ ျဖစ္ လိုအပ္တဲ့ ပစၥည္းမ်ားကို ထိေရာက္စြာ သယ္ယူပို႔ေဆာင္ႏိုင္ဖို႔အတြက္ ေလ့က်င့္ေနတယ္လို႔ ေလ့လာသူမ်ားက ယုံၾကည္ၾကပါတယ္။ အဲ့ဒီ စစ္ေရးေလ့က်င့္မႈဟာ အမွန္တကယ္ ကုန္းေရႏွစ္သြယ္ စစ္ဆင္ေရးအတြက္ လ်င္ ျမန္စြာ ျဖန႔္က်က္ရာမွာ အလြန္ဆီေလ်ာ္ အသုံးဝင္ပါလိမ့္မယ္။

ဒုတိယကမာၻစစ္မွာ အေရးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ဂ်ပန္ႏိုင္ငံဟာ ကိုယ္ပိုင္စစ္တပ္ကို အင္အားတိုးခ်ဲ႕ျခင္း မျပဳပဲ ႏွစ္ေပါင္း အေတာ္ၾကာေနခဲ့ပါတယ္။ တ႐ုတ္နဲ႔ ေျမာက္ကိုရီးယားတို႔ရဲ႕ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ အင္အားတိုး ခ်ဲ႕လာတဲ့ ဂ်ပန္ရဲ႕ စစ္အင္အားအဆင့္ GFP ဟာ ၂၀၂၄-ခုႏွစ္မွာ ကမာၻ႔ ၁၄၅ ႏိုင္ငံမွာ အဆင့္ ၇-ျဖစ္လာပါ တယ္။ တစ္ၿပိဳက္နက္တည္းမွာပဲ “၂၀၂၄ ဂ်ပန္ကာကြယ္ေရး” စကၠဴျဖဴစာတမ္းမွာ တ႐ုတ္ေရတပ္နဲ႔ ေျမျပင္ တပ္ဖြဲ႕ေတြဟာ ယို-ယို သေဘၤာမ်ားကို အသုံးျပဳၿပီး ကုန္းေရႏွစ္သြယ္စစ္ဆင္ေရးမ်ားအတြက္ စစ္ေရး ေလ့ က်င့္မႈမ်ားကို အႀကိမ္ႀကိမ္ ျပဳလုပ္ထားေၾကာင္း အေလးအနက္ ေဖာ္ျပထားပါတယ္။ ဒီလုပ္ရပ္ဟာ ထိုင္ဝမ္ ကြၽန္းတစ္ဝိုက္ သူ႔ရဲ႕ စစ္အင္အား တည္ရွိမႈကို အခိုင္အမာ ျဖစ္ေစရန္နဲ႔ နယ္ေျမစိုးမိုးမႈ ထူေထာင္ေရး တ ႐ုတ္ရဲ႕ ႀကီးမားတဲ့ အစီအစဥ္မွာ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္က ၎တို႔ ပိုင္ဆိုင္ေၾကာင္း ေၾကညာခ်က္ပါ ေရျပင္ဧရိယာဟာ အျပည္ျပည္ဆိုင္ရာ တရားဥပေဒနဲ႔ ညီၫြတ္ျခင္း မရွိေၾကာင္း ၂၀၁၆-ခုႏွစ္မွာ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICJ က ဆုံးျဖတ္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပ မယ့္လည္း ေပက်င္းဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း အေျခစိုက္စခန္းမ်ားကို တိုးခ်ဲ႕တည္ေဆာက္ေနုၿပီး အျငင္းပြားေရျပင္အတြင္း စစ္ေရးေလ့က်င့္မႈမ်ား ကင္းလွည့္ျခင္းမ်ားကို ပုံမွန္လိုလို လုပ္ေဆာင္ေနပါတယ္။ တ႐ုတ္တို႔ရဲ႕ ျပင္းထန္တဲ့ ရပ္တည္ခ်က္ဟာ ႏိုင္ငံတကာရဲ႕ အာ႐ုံစူးစိုက္မႈနဲ႔ စိုးရိမ္မႈ အထူးသျဖင့္ အေမရိ ကန္ႏိုင္ငံကို ဆြဲေဆာင္သလို ျဖစ္လာေနပါတယ္။

မၾကာေသးမီႏွစ္မ်ားအတြင္း တ႐ုတ္ေလယာဥ္မ်ားနဲ႔ သေဘၤာမ်ားဟာ ထိုင္ဝမ္ကာကြယ္ေရးဇုန္အတြင္း ျဖတ္ ေက်ာ္ဝင္ေရာက္ခဲ့ၿပီး ထိုင္ဝမ္ကြၽန္းအနီးတစ္ဝိုက္ရွိ သူ႔ရဲ႕ စစ္အင္အားကို တိုးျမႇင့္ခဲ့ပါတယ္။ အကယ္၍ က်ဴး ေက်ာ္ ဝင္ေရာက္မယ္ဆိုရင္ ဒုံးက်ည္မ်ားနဲ႔ အဆက္မျပတ္ ပစ္ခတ္ျခင္းျဖင့္ ခုခံသူမ်ားကို ဦးႏွိမ္ထားၿပီး တိုက္ခိုက္တပ္မ်ားက ႐ုတ္တရက္ ကမ္းတက္ဝင္ေရာက္ျခင္းျဖင့္ စတင္တိုက္ခိုက္ႏိုင္ဖြယ္ရွိပါတယ္။ ဒါေပမယ့္ လည္း တ႐ုတ္ေရတပ္အေနနဲ႔ အဲဒီ စစ္ဆင္ေရးအတြက္ ျပင္ဆင္ထားပုံဟာ ျပည့္စုံလုံေလာက္ၿပီလို႔ မေျပာႏိုင္ ေသးပါဘူး။ ထိုင္ဝမ္ကို အႀကီးစားက်ဴးေက်ာ္ဖို႔ ဆိုတာ အလြန္က်ယ္ျပန႔္ ရႈတ္ေထြးလွတဲ့အတြက္ ကမာၻ႔အႀကီး ဆုံး ေရတပ္ႀကီးတစ္ခု ျဖစ္ေပမယ့္ လိုအပ္တဲ့ လက္နက္ကိရိယာနဲ႔ အေထာက္အပံ့ေတြ ခ်ိဳ႕တဲ့အားနည္း ေန ေသးတယ္လို႔ အေမရိကန္နဲ႔ ထိုင္ဝမ္ ႏွစ္ႏိုင္ငံစလုံးက မွတ္ခ်က္ ျပဳၾကပါတယ္။

အဲဒီ လိုအပ္ခ်က္ တစ္စိတ္တစ္ပိုင္းကို ေျဖရွင္းတဲ့အေနနဲ႔ တ႐ုတ္က သူ႔ရဲ႕ စစ္ေရးဗ်ဴဟာမွာ စီးပြားေရးလုပ္ငန္း သုံး သေဘၤာမ်ားကို ထည့္သြင္းလာခဲ့ပါတယ္။ သေဘၤာမ်ားကို အသုံးျပဳၿပီး တပ္ဖြဲ႕ဝင္မ်ားကို ကမ္းေျခမ်ား အ ေရာက္ တိုက္႐ိုက္ပို႔ေဆာင္ေပးဖို႔အတြက္ ယို-ယိုသေဘၤာမ်ားကို အသုံးျပဳလာပါတယ္။ ၂၀၁၂-ခုႏွစ္မွာ အဲ့ဒီ သေဘၤာမ်ားတည္ေဆာက္ေရးအတြက္ သေဘၤာကုမၸဏီမ်ားနဲ႔ လက္တြဲေဆာင္႐ြက္ခဲ့ေၾကာင္း ေတြ႕ရွိ ရပါ တယ္။ ၂၀၁၉-ခုႏွစ္ တ႐ုတ္ ယို-ယိုသေဘၤာ “ဘန္ခြၽီဒို” ဟာ တန္ခ်ိန္ ၁၅,၀၀၀ ရွိၿပီး မူလက တ႐ုတ္ ႏိုင္ငံထုတ္ လွ်ပ္စစ္ကားမ်ားကို သယ္ပို႔ေပးရာမွာ အသုံးျပဳခဲ့ေပမယ့္ ေနာက္ပိုင္း တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ ေရးတပ္ မေတာ္ရဲ႕ လႈပ္ရွားမႈမ်ားမွာ ေတြ႕ျမင္လာရပါတယ္။ ၂၀၂၂- ခုႏွစ္ ၾသဂုတ္လ အေမရိကန္ ေအာက္ လႊတ္ေတာ္ ဥကၠဌ နန္စီပယ္လိုစီက ထိုင္ဝမ္ကို သြားေရာက္ လည္ပတ္ၿပီးေနာက္ တ႐ုတ္စစ္တပ္ရဲ႕ ယို-ယို သေဘၤာ ၆-စီး ဟာ ပင္လယ္ဝါ ဘိုဟိုင္းပင္လယ္ေအာ္မွတဆင့္ ကြၽန္းႏိုင္ငံနဲ႔ အနီးဆုံး တ႐ုတ္ၿမိဳ႕ျဖစ္တဲ့ ရွားမင္းၿမိဳ႕ကို ထြက္ ခြာလာခဲ့ဖူးပါတယ္၊ ၂၀၂၃-ခုႏွစ္မွာေတာ့ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ ကမ္းတက္ စစ္ေရး ေလ့က်င့္မႈမ်ားမွာ ယို-ယိုသေဘၤာေတြကို ပုံမွန္လိုလို အပီအျပင္ ထည့္သြင္းလာပါတယ္။

အဲဒီလို သေဘၤာေတြခ်ည့္သက္သက္ဟာ တိုက္ခိုက္ခံရဖို႔ ထင္းထင္းႀကီး ျဖစ္ေနစရာရွိေပမယ့္ တ႐ုတ္ ေရ တပ္နဲ႔ ေလတပ္တို႔က အမွန္တကယ္ က်ဴးေက်ာ္ခ်ိန္နဲ႔ ေပါင္းစပ္ၿပီး အင္အားအလုံးအရင္းနဲ႔ ကမ္းတက္စစ္ ဆင္ဖို႔အတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ႏိုင္ပါတယ္။ ဒီလိုနည္းလမ္းမ်ိဳးနဲ႔ဆိုရင္ ယို-ယို သေဘၤာအုပ္စု ေတြဟာ ထိုင္ဝမ္က်ဴးေက်ာ္ဖို႔အတြက္ ဆီေလ်ာ္ႏိုင္စရာ ရွိတယ္လို႔ ပင္တာဂြန္က မွတ္ခ်က္ေပးပါတယ္။ အဲ့ဒီ သေဘၤာေတြအေနနဲ႔ တိုက္ပြဲျဖစ္ေနတဲ့ အေျခအေနမ်ားမွာ ဘယ္လို ထိေရာက္မႈ ရွိ-မရွိေတာ့ ရွင္းရွင္းလင္း လင္း မသိရေသး ပါဘူး။

(Eurosian Times., 19 July 2024,” China’s Invasion Of Taiwan: Satellite Image Shows PLA Drilled To Seize Taiwan Using Civilian RO-RO Ships” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.