ပါလက်စတိုင်းကို နိုင်ငံအဖြစ် တည်ထောင်ခြင်းခွင့်မပြုရန် အစ္စရေး လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်

 413

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁

အစ္စရေး လွှတ်တော်ကိုယ်စားလှယ်များ သည် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် လက်ခံအသိမှတ်ပြုရန် ကန့်ကွက်ဆန့်ကျင့်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ဦးရှိနေသည့် အစ္စရေးလွှတ်တော်တွင် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိမှတ်ပြုရန် သင့်မသင့်ဆိုသောအချက်ကိုမဲခွဲဆုံးဖြတ်ခဲ့ရာအစ္စရေးနိုင်ငံကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိမှတ်မပြုရန် လွှတ်တော်ကိုယ်စားလှယ်(၆၈)ဦးက မဲပေးခဲ့ကြောင်းသိရသည်။

အစ္စရေးနိုင်ငံသိမ်းပိုက်ထားသည်နယ်မြေများတွင် ပါလက်စတိုင်းနိုင်ငံတည်ထောင်ခြင်းသည် အစ္စရေး နှင့်ပါလက်စတိုင်းကြားဖြစ်ပွားနေသည့်ပဋိပက္ခများနှင့် ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်လာ ဖွယ်ရှိသည်ဆိုသောဆုံးဖြတ်ချက်ကို အစ္စရေးလွှတ်တော်ကိုယ်စားလှယ်များ မဲပေးထောက်ခံခဲ့ခြင်းဖြစ် ကြောင်းသိရသည်။အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု သည် လာမည့် ရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံသို့သွားရောက်ဖွယ်ရှိနေရာ ထိုခရီး စဉ်မတိုင် အစ္စရေးလွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးလွှတ်တော်ကိုယ်စားလှယ်များက “ ဂျော်ဒန်နိုင်ငံအနောက်ဘက်မှာပါလက်စတိုင်း နိုင်ငံ တစ်နိုင်ငံတည်ထောင်ခြင်းကို ဆန့်ကျင်တယ်။ အစ္စရေးသိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ပါလက်စတိုင်း နိုင်ငံတည်ထောင်မယ့်အစီအစဉ်ဟာ အစ္စရေးပြည် သူတွေနဲ့ အစ္စရေးနိုင်ငံကို အန္တရာယ်တွေ ပိုမိုဖြစ်လာ နိုင်ဖွယ်ရှိတယ်” ဟုပြောသည်။ ပါလက်စတိုင်းနိုင်ငံ တည် ထောင်ခွင့်ပေးမည်ဆိုလျှင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့များသည် ပါလက်စတိုင်းနိုင်ငံကိုထိန်းချုပ်ရန်ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ပြီး ပါလက်စတိုင်းကို အစွန်းရောက်နိုင်ငံဖြစ်ရန် ကြိုးပမ်းမှုနှင့်အတူ အစ္စရေးနိုင်ငံကို ဖျက်ဆီးရန် ကြိုးပမ်းဖွယ်ရှိနေကြောင်း အစ္စရေးလွှတ်တော်ကိုယ်စားလှယ်များကခန့်မှန်း ပြောဆိုကြသည်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ်တည်ထောင်ခွင့် ခွင့်ပြုပေးမည်ဆိုလျှင် အကြမ်းဖက်လက်နက်ကိုင် အုပ်စုများကို ဆုပေးသလိုမျိုးဖြစ်ပြီး ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နှင့်ဟားမတ်စ်အုပ်စုကို ထောက်ခံ သူများအား ပိုမိုစိတ်အားတက်ကြွစေရန် ဖန်တီးပေးသလိုမျိုးဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အစ္စရေး လွှတ်တော်အမတ်များကပြောသည်။ပါလက်စတိုင်း အုပ်ချုပ်ရေးအာဏာပိုင် များကတော့ ပါလက်စတိုင်းလူမျိုးများကို နိုင်ငံတည်ထောင်ခွင့်မပေးဘူးဆိုလျှင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးရမည် မဟုတ်နိုင်ကြောင်း ပြော သည်။

zawgyi version






Related news

© 2021. All rights reserved.