အိန္ဒိယနိုင်ငံ၊ ခဲရာလာမှာ Nipah ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး သေဆုံး

 2447

ရောင်နီ(NP News) - ဇူလိုင် ၂၂

အိန္ဒိယနိုင်ငံ၊ ခဲရာလာမှာ Nipah ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၁ ရက်) က နှလုံးရပ်သေဆုံးသွားခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာဂျော့ဂျ် က ပြောကြားခဲ့ပါတယ်။

လူနာဟာ တနင်္ဂနွေနေ့(ဇူလိုင်လ ၂၁ ရက်) နံနက်က ဆီးထွက်နှုန်း ကျဆင်းသွားပြီး နှလုံးလည်းရပ်သွားခဲ့ကာ အခြားအသက်ကယ် နည်းလမ်းတွေနဲ့ ကြိုးစားကုသခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ တနင်္ဂနွေ၊ မနက် ၁၁နာရီခွဲမှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Nipah ဗိုင်းရပ်စ်ဟာ သစ်သီး၊ လင်းနို့နဲ့ အခြားတိရိစ္ဆာန်တွေမှာ ပျံ့နှံ့ရှိနေနိုင်ပြီး လူသားကိုလည်း ကူးစက်နိုင်ပါတယ်။ ဒါ့ပြင် လူမှတစ်ဆင့် အခြားလူသားကိုလည်း ကူးစက်နိုင်စွမ်းရှိပြီး အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။

Nipah ရောဂါဖြစ်ပွားမှုဟာ အာရှတိုက်ရဲ့ အချို့နေရာတွေမှာ နှစ်စဉ်လိုလို ဖြစ်ပွားလေ့ရှိပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာတော့ အဖြစ်အများဆုံးပဲ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်တွေနဲ့ အနီးကပ် အလုပ်လုပ်သူတွေ၊ ရောဂါပိုးရှိတဲ့လူကို ပြုစုစောင့်ရှောက်ပေးနေသူတွေ၊ ရောဂါပိုးရှိတဲ့ လူ၊ တိရစ္ဆာန်တို့ရဲ့ ခန္ဓာကိုယ်ထဲက ထွက်တဲ့အရည်နဲ့ ထိတွေ့မိသူတွေမှာ ကူးစက်ခံရနိုင်တယ်လို့ သိရပါတယ်။

zawgyi version
အိႏၵိယႏိုင္ငံ၊ ခဲရာလာမွာ Nipah ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ဆယ္ေက်ာ္ သက္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံး
ေရာင္နီ(NP News) - ဇူလိုင္ ၂၂

အိႏၵိယႏိုင္ငံ၊ ခဲရာလာမွာ Nipah ဗိုင္းရပ္စ္ ကူးစက္ခံရျခင္းေၾကာင့္ အသက္ ၁၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ တနဂၤေႏြေန႔ (ဇူလိုင္လ ၂၁ ရက္) က ႏွလုံးရပ္ေသဆုံးသြားခဲ့တယ္လို႔ ျပည္နယ္က်န္းမာေရးဝန္ႀကီး ဗီနာေဂ်ာ့ဂ်္ က ေျပာၾကားခဲ့ပါတယ္။

လူနာဟာ တနဂၤေႏြေန႔(ဇူလိုင္လ ၂၁ ရက္) နံနက္က ဆီးထြက္ႏႈန္း က်ဆင္းသြားၿပီး ႏွလုံးလည္းရပ္သြားခဲ့ကာ အျခားအသက္ကယ္ နည္းလမ္းေတြနဲ႔ ႀကိဳးစားကုသခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ တနဂၤေႏြ၊ မနက္ ၁၁နာရီခြဲမွာ ကြယ္လြန္သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ Nipah ဗိုင္းရပ္စ္ဟာ သစ္သီး၊ လင္းႏို႔နဲ႔ အျခားတိရိစာၦန္ေတြမွာ ပ်ံ႕ႏွံ႔ရွိေနႏိုင္ၿပီး လူသားကိုလည္း ကူးစက္ႏိုင္ပါတယ္။ ဒါ့ျပင္ လူမွတစ္ဆင့္ အျခားလူသားကိုလည္း ကူးစက္ႏိုင္စြမ္းရွိၿပီး အသက္ဆုံးရႈံးတဲ့အထိ ျပင္းထန္ပါတယ္။

Nipah ေရာဂါျဖစ္ပြားမႈဟာ အာရွတိုက္ရဲ႕ အခ်ိဳ႕ေနရာေတြမွာ ႏွစ္စဥ္လိုလို ျဖစ္ပြားေလ့ရွိၿပီး ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယမွာေတာ့ အျဖစ္အမ်ားဆုံးပဲ ျဖစ္ပါတယ္။ ေရာဂါပိုးရွိတဲ့ တိရိစာၦန္ေတြနဲ႔ အနီးကပ္ အလုပ္လုပ္သူေတြ၊ ေရာဂါပိုးရွိတဲ့လူကို ျပဳစုေစာင့္ေရွာက္ေပးေနသူေတြ၊ ေရာဂါပိုးရွိတဲ့ လူ၊ တိရစာၦန္တို႔ရဲ႕ ခႏၶာကိုယ္ထဲက ထြက္တဲ့အရည္နဲ႔ ထိေတြ႕မိသူေတြမွာ ကူးစက္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Picture

heintay zar

22/07/2024 15:13

သွေးလွန်တုပ်ကွေး(DHF)နဲ့ပတ်သတ်ပြီးဖြည့်စွက်ပြောကြည့်ချင်ပါတယ်ခင်ဗျ။သွေးကြောတွင်းသွေးသွားလာမှု အဆင်‌‌ေပြအောင်ထိန်းညှိပေးတဲ့(‌ေသွးအပျစ်အကျဲplatelus ကိုဖျက်ဆီးပြစ်တာပါ။ဒါကြေင့် လူနာကလေးဖြစ် လူကြီးဖြစ် ဓါတ်ဆားရည်များများဝင်အောင်တိုက်သင့်ပါတယ်ခင်ဗျ။

Related news

© 2021. All rights reserved.