အိမ်နီးချင်းယီမင် ဟူသီတို့ကို အစ္စရေးစစ်လေယာဉ်များက တိုက်ခိုက်မှုတွင် မိမိတို့ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆော်ဒီနိုင်ငံ ငြင်းဆို

 1080

Htay Oung (NP News) - ဇူလိုင် ၂၂

အိမ်နီးချင်းယီမင် ဟူသီတို့ကို အစ္စရေးစစ်လေယာဉ်များက လာရောက်တိုက်ခိုက်မှုမှာ မိမိတို့နိုင်ငံအနေနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ မိမိတို့ ဘုရင့်နိုင်ငံတော်ရဲ့ ဝေဟင်ပိုင်နက်ကို အသုံးပြုပြီး မည်သည့် အဖွဲ့အစည်းကိုမဆို ထိုးစစ်ဆင်တိုက်ခိုက်ခွင့်ပြုုမှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့ X လူမှုကွန်ရက်မှာ ရေးသားတယ်လို့ အာရပ်သတင်း အေဂျင်စီက ဇူလိုင်လ ၂၁ ရက်မှာဖော်ပြပါတယ်။

သောကြာနေ့ အရုဏ်မတက်မီ ဂျူးမြို့တော် တဲလ်အဗီမြိ့ အမေရိကန်သံရုံးအနီး လူနေတိုက်ခန်းတစ်ခန်းကို ဟူသီတို့ပစ်လွှတ်တယ်လို့ ယူဆရတဲ့
ဒရုန်းတစ်စင်းက တိုက်ခိုက်တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ စနေနေ့မှာ အစ္စရေးစစ်လေယာဉ်များက အသွားတစ်ကြောင်းတည်း မိုင် ၁၀၀၀ ကျော် အကွာဝေးကို ပျံသန်းလာပြီး ဟူသီတို့ထိန်းချုပ်ထားတဲ့ ယီမင် နိုင်ငံအနောက်ဖက် “ဟော့ဒိုင်းဒတ်“ ပင်လယ်နီဆိပ်ကမ်းမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအတ်ဂဲလင့်ကတော့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဟူသီသူပုန်များအနေနဲ့ သူတို့လက်ချက် ဟုတ် မဟုတ် ငြင်းဆန်ခွင့် မရှိဘူးဆိုတာ သင်ခန်စာပေးဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

ယီမင်နိုင်ငံရဲ့ နယ်မြေအတော်များများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီ ပြည်သူ့စစ်တွေက ထိန်းချုပ်ထားပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများအပေါ် စာနာကြောင်း ပြသတဲ့အနေနဲ့စူးအက်တူးမြောင်းဝင်ထွက်ရာ ပင်လယ်နီနဲ့ ဘက်အယ်လ်မန်ဒက်ရေလက်ကြားအတွင်း ခုတ်မောင်းသွားလာနေတဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတို့ကို ဟူသီတို့က တိုက်ခိုက်နေပါတယ်။ တဲလ်အဗီ လူနေတိုက်ခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ ခရီးဝေးပျံသန်းနိုင်ဖို့ စွမ်းအင်ချွေတာတဲ့အနေနဲ့ သယ်ဆောင်ပေါက်ကွဲပစ္စည်းထိပ်ဖူး အရွယ်အစားကို ဟူသီတို့ ပြုပြင်အသုံးပြနေတဲ့ အီရန်လုပ် “ဆမ်မက်-သရီး” အမျိုးအစား ဒရုန်းဖြစ်ပါတယ်။ အဲ့ဒီ ဒရုန်းအမျိုးအစားဟာ ကြားဖြတ်ဟန့်တားဖို့ ခက်ခဲရာမှာ ထင်ရှားပြီး အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး ထောက်လှမ်းမှုကို လှည့်စားကျော်ဖြတ်လာနိုင်ပုံရပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်ဆီသိုလှောင်ရာ စက်ရုံကို ထိမှန်ခဲ့ပြီး လူ သုံးဦး သေဆုံး ၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရကြောင်း ဟူသီတို့ရဲ့ အာဘော်ကို ထုတ်လွှင့်ပေးနေတဲ့ အယ်လ်မာ ရှီရာက သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးတို့က မထင်မှတ်ပဲ လျှပ်တပြက် လက်တုံ့ပြန် တိုက်ခိုက်ပေမယ့် တုန်လှုပ်ဟန်မပြသတဲ့ ဟူသီအရာရှိများက အစ္စရေးနဲ့ ကူးသန်းရောင်းဝယ်နေတဲ့ သင်္ဘောများကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက်နေပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ရန်လိုမှုဟာ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ရာမှာ ယီမင်ပြည် သူတွေနဲ့ သူတို့ရဲ့ ရဲစွမ်းသတ္တိပြည့်ဝတဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဆုံးဖြတ်ချက်နဲ့ သံဓိဌာန်ခိုင်မာမှုကိုသာ အားကောင်းစေမှာ ဖြစ်ကြောင်း၊ အမေရိကန်-ဇီယွန်ဝါဒီအစွန်းရောက်တို့အပေါ် ပိုမိုကြမ်းတမ်းစွာ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ တဲလ်အဗီမြို့ လူနေတိုက်ခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုဟာ လက်ဘနွန်ဟားမတ်စ်စစ်သွေး ကြွတို့နဲ့ မဟာမိတ် ဖြစ်သူ ယီမင် ဟူသီတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ယမန်နေ့ ယီမင်ဆိပ်ကမ်းကို လက်တုန့်ပြန်မှုဟာ ဟူသီတို့အပေါ် အစ္စရေးက တိုက်ရိုက်တိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်ပြီး အီရန်မှ ယီမင် သို့ လက်နက်ခဲယမ်းများလွှဲပြောင်းရာမှာ အရေးပါတဲ့ ဆိပ်ကမ်းမြို့ရှိ ဟူသီတို့ရဲ့ စစ်စခန်းများနဲ့ ရေနံစက်ရုံတို့ ကို ထိမှန်ခဲ့ပါတယ်။ ရန်ဘက် အီရန်နဲ့ အခြားနိုင်ငံများရဲ့ ရေဒါထောက်လှမ်းမှုကို ဖြတ်သန်းပြီး မိုင် ၁၀၀၀ ကျော်မှ ပစ်မှတ်များကို ချေမှုန်းဖို့အတွက် အစ္စရေး လေတပ်ဟာ F-15, F-35 ဂျက်တိုက်လေယာဉ်များနဲ့ ဘိုရင်း 707 ဝေဟင်ဆီဖြည့် လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။

စစ်ဆင်ရေးအတွက် အစ္စရေးထိပ်တန်းအရာရှိကြီးများ အကြိမ်ကြိမ် အကြံပြုဆွေးနွေးခဲ့ကြပြီး တိုက်ခိုက်မယ့်နေ့ နံနက်ပိုင်းမှာ သုံးသပ်ချက် အကြမ်းရေးဆွဲပါတယ်။ တင်းကျပ်တဲ့ အထူးအရေးပေါ်အစည်းအဝေးနဲ့ အစိုးရအ ဖွဲ့ဝင် ဝန်ကြီးများကို ဆင့်ခေါ်ခဲ့ပြီး စစ်ဆင်ရေးကို အတည်ပြုပါတယ်။ ရန်သူ့ရေဒါထောက်လှမ်းမှုကို ရှောင်ကွင်းဖို့ဆိုတာ အလွန်နိမ့်တဲ့ အမြင့်ပေမှာ ပျံသန်းရမှာဖြစ်တဲ့အတွက် ဆော်ဒီအာရေးဗီးယားရဲ့ အကူအညီမပါဝင်ပဲ မဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ စစ်ဆင်ရေးမှာ အစ္စရေးဂျက်တိုက်လေယာဉ်အုပ်နဲ့အတူ ဝေဟင်ထောက်လှမ်းရေးနဲ့ ကင်းထောက်ရေး “နက်ရွှန်း” လေတပ်အုပ်စု၊ ပင်လယ်နီရေပြင်ရှိ အစ္စရေးစစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောတို့က ကူညီခဲ့ကြကြောင်း ပစ်မှတ်မှ မိုင် ၆၀ ခန့်အကွာမှာ အထူးခဲယမ်းများနဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အထူးသဖြင့် အစ္စရေးအနေနဲ့ သူ့ရဲ့ ရန်ဘက်နိုင်ငံများကို ရင်ဆိုင်ရာမှာ အမေရိကန်နဲ့ ဗြိတိန်တို့အပေါ် မှီခိုနေမည် မဟုတ်ကြောင်း အချက်ပြမှုဖြစ်လာပါတယ်။ ဆိပ်ကမ်းကို တိုက်ခိုက်ယုံနဲ့ ဟူသီတို့ လှုပ်ရှားမှုကို ဟန့်တားနိုင်ဖွယ် မရှိပေမယ့် ယီမင်စစ်သွေးကြွတို့ကို အသိအမှတ်ပြုထားတဲ့ နိုင်ငံများရဲ့ ခြိမ်းခြောက်မှုကိုတော့ ချေဖျက်နိုင်မယ်လို့ ယူဆရပါတယ်။ “လက်တစ်ဆုံး စစ်ဆင်ရေး” Operation Outstretched Arm လို့ အမည်ပေးထားတဲ့ အစ္စရေးလေတပ်ရဲ့ တိုက်ခိုက်မှုဟာ ခရီးအလွန်ဝေးကွာသည့်တိုင် အစ္စရေးတို့အနေနဲ့ အံ့သြဖွယ်လက်လှမ်း မီနိုင်မှုကို ပြသနေပါတယ်။ မိုင်ပေါင်း ၁၄၀၀ နီးပါးကွာဝေးပြီး မြေထဲပင်လယ်တောင်ဘက် အာဖရိကတိုက်မြောက်ပိုင်း တူနီးရှားနိုင်ငံမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့များကို ပစ်မှတ်ထားတဲ့ ၁၉၈၅-ခုနှစ် “သစ်သားခြေထောက်စစ်ဆင်ရေး“ ပြီးလျှင် အစ္စရေးလေတပ်ရဲ့ ဒုတိယမြောက် အံ့မခန်း တိုက်ပွဲဝင်စွမ်း ရည်ပြသခြင်းလည်း ဖြစ်ပါတယ်။

(Arab News., 21 July 2024,” Saudi Arabia denies involvement in Israeli targeting of Houthi-controlled port in Yemen” ကို ဆီလျော်အောင်ဖြည့်စွက် ဘာသာပြန်ဆိုသည်။)

zawgyi version
အိမ္နီးခ်င္းယီမင္ ဟူသီတို႔ကို အစၥေရးစစ္ေလယာဥ္မ်ားက တိုက္ခိုက္မႈတြင္ မိမိတို႔ပါဝင္ပတ္သက္ျခင္း မရွိေၾကာင္း ေဆာ္ဒီႏိုင္ငံ ျငင္းဆို
Htay Oung (NP News) - ဇူလိုင္ ၂၂

အိမ္နီးခ်င္းယီမင္ ဟူသီတို႔ကို အစၥေရးစစ္ေလယာဥ္မ်ားက လာေရာက္တိုက္ခိုက္မႈမွာ မိမိတို႔ႏိုင္ငံအေနနဲ႔ တစ္စုံတစ္ရာ ပါဝင္ပတ္သက္ျခင္း မရွိေၾကာင္း၊ မိမိတို႔ ဘုရင့္ႏိုင္ငံေတာ္ရဲ႕ ေဝဟင္ပိုင္နက္ကို အသုံးျပဳၿပီး မည္သည့္ အဖြဲ႕အစည္းကိုမဆို ထိုးစစ္ဆင္တိုက္ခိုက္ခြင့္ျပဳုမွာ မဟုတ္ေၾကာင္း ေဆာ္ဒီအာေရးဗီးယား ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက တနဂၤေႏြေန႔ X လူမႈကြန္ရက္မွာ ေရးသားတယ္လို႔ အာရပ္သတင္း ေအဂ်င္စီက ဇူလိုင္လ ၂၁ ရက္မွာေဖာ္ျပပါတယ္။

ေသာၾကာေန႔ အ႐ုဏ္မတက္မီ ဂ်ဴးၿမိဳ႕ေတာ္ တဲလ္အဗီၿမိ့ အေမရိကန္သံ႐ုံးအနီး လူေနတိုက္ခန္းတစ္ခန္းကို ဟူသီတို႔ပစ္လႊတ္တယ္လို႔ ယူဆရတဲ့
ဒ႐ုန္းတစ္စင္းက တိုက္ခိုက္တဲ့အတြက္ အရပ္သားတစ္ဦး ေသဆုံးခဲ့ပါတယ္။ စေနေန႔မွာ အစၥေရးစစ္ေလယာဥ္မ်ားက အသြားတစ္ေၾကာင္းတည္း မိုင္ ၁၀၀၀ ေက်ာ္ အကြာေဝးကို ပ်ံသန္းလာၿပီး ဟူသီတို႔ထိန္းခ်ဳပ္ထားတဲ့ ယီမင္ ႏိုင္ငံအေနာက္ဖက္ “ေဟာ့ဒိုင္းဒတ္“ ပင္လယ္နီဆိပ္ကမ္းၿမိဳ႕ကို တိုက္ခိုက္ခဲ့ပါတယ္။ အစၥေရးကာကြယ္ေရးဝန္ႀကီး ယိုအတ္ဂဲလင့္ကေတာ့ သူတို႔ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈဟာ ဟူသီသူပုန္မ်ားအေနနဲ႔ သူတို႔လက္ခ်က္ ဟုတ္ မဟုတ္ ျငင္းဆန္ခြင့္ မရွိဘူးဆိုတာ သင္ခန္စာေပးဖို႔ ရည္႐ြယ္ထားေၾကာင္း ေျပာပါတယ္။

ယီမင္ႏိုင္ငံရဲ႕ နယ္ေျမအေတာ္မ်ားမ်ားကို အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီ ျပည္သူ႔စစ္ေတြက ထိန္းခ်ဳပ္ထားပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈခံေနရတဲ့ ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းမ်ားအေပၚ စာနာေၾကာင္း ျပသတဲ့အေနနဲ႔စူးအက္တူးေျမာင္းဝင္ထြက္ရာ ပင္လယ္နီနဲ႔ ဘက္အယ္လ္မန္ဒက္ေရလက္ၾကားအတြင္း ခုတ္ေမာင္းသြားလာေနတဲ့ ကုန္သြယ္ေရေၾကာင္း သေဘၤာတို႔ကို ဟူသီတို႔က တိုက္ခိုက္ေနပါတယ္။ တဲလ္အဗီ လူေနတိုက္ခန္းကို တိုက္ခိုက္ခဲ့တဲ့ ဒ႐ုန္းဟာ ခရီးေဝးပ်ံသန္းႏိုင္ဖို႔ စြမ္းအင္ေခြၽတာတဲ့အေနနဲ႔ သယ္ေဆာင္ေပါက္ကြဲပစၥည္းထိပ္ဖူး အ႐ြယ္အစားကို ဟူသီတို႔ ျပဳျပင္အသုံးျပေနတဲ့ အီရန္လုပ္ “ဆမ္မက္-သရီး” အမ်ိဳးအစား ဒ႐ုန္းျဖစ္ပါတယ္။ အဲ့ဒီ ဒ႐ုန္းအမ်ိဳးအစားဟာ ၾကားျဖတ္ဟန႔္တားဖို႔ ခက္ခဲရာမွာ ထင္ရွားၿပီး အစၥေရးရဲ႕ ေလေၾကာင္းကာကြယ္ေရး ေထာက္လွမ္းမႈကို လွည့္စားေက်ာ္ျဖတ္လာႏိုင္ပုံရပါတယ္။

အစၥေရးရဲ႕ တိုက္ခိုက္မႈေၾကာင့္ ဓာတ္အားေပးစက္႐ုံနဲ႔ ဓာတ္ဆီသိုေလွာင္ရာ စက္႐ုံကို ထိမွန္ခဲ့ၿပီး လူ သုံးဦး ေသဆုံး ၈၇ ဦး ဒဏ္ရာရခဲ့တယ္လို႔ သိရွိရေၾကာင္း ဟူသီတို႔ရဲ႕ အာေဘာ္ကို ထုတ္လႊင့္ေပးေနတဲ့ အယ္လ္မာ ရွီရာက သတင္းထုတ္ျပန္ပါတယ္။ အစၥေရးတို႔က မထင္မွတ္ပဲ လွ်ပ္တျပက္ လက္တုံ႔ျပန္ တိုက္ခိုက္ေပမယ့္ တုန္လႈပ္ဟန္မျပသတဲ့ ဟူသီအရာရွိမ်ားက အစၥေရးနဲ႔ ကူးသန္းေရာင္းဝယ္ေနတဲ့ သေဘၤာမ်ားကို ဆက္လက္တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ၿခိမ္းေျခာက္ေနပါတယ္။ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရန္လိုမႈဟာ ဂါဇာကမ္းေျမာင္ေဒသကို ေထာက္ပံ့ရာမွာ ယီမင္ျပည္ သူေတြနဲ႔ သူတို႔ရဲ႕ ရဲစြမ္းသတၱိျပည့္ဝတဲ့ လက္နက္ကိုင္တပ္ဖြဲ႕မ်ားရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ သံဓိဌာန္ခိုင္မာမႈကိုသာ အားေကာင္းေစမွာ ျဖစ္ေၾကာင္း၊ အေမရိကန္-ဇီယြန္ဝါဒီအစြန္းေရာက္တို႔အေပၚ ပိုမိုၾကမ္းတမ္းစြာ တုံ႔ျပန္သြားမွာ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ တဲလ္အဗီၿမိဳ႕ လူေနတိုက္ခန္းကို ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈဟာ လက္ဘႏြန္ဟားမတ္စ္စစ္ေသြး ႂကြတို႔နဲ႔ မဟာမိတ္ ျဖစ္သူ ယီမင္ ဟူသီတို႔က လုပ္ေဆာင္ခဲ့ျခင္းျဖစ္တယ္လို႔ အစၥေရးက ေျပာပါတယ္။ ယမန္ေန႔ ယီမင္ဆိပ္ကမ္းကို လက္တုန႔္ျပန္မႈဟာ ဟူသီတို႔အေပၚ အစၥေရးက တိုက္႐ိုက္တိုက္ခိုက္မႈ ပထမဆုံးအႀကိမ္ျဖစ္ၿပီး အီရန္မွ ယီမင္ သို႔ လက္နက္ခဲယမ္းမ်ားလႊဲေျပာင္းရာမွာ အေရးပါတဲ့ ဆိပ္ကမ္းၿမိဳ႕ရွိ ဟူသီတို႔ရဲ႕ စစ္စခန္းမ်ားနဲ႔ ေရနံစက္႐ုံတို႔ ကို ထိမွန္ခဲ့ပါတယ္။ ရန္ဘက္ အီရန္နဲ႔ အျခားႏိုင္ငံမ်ားရဲ႕ ေရဒါေထာက္လွမ္းမႈကို ျဖတ္သန္းၿပီး မိုင္ ၁၀၀၀ ေက်ာ္မွ ပစ္မွတ္မ်ားကို ေခ်မႈန္းဖို႔အတြက္ အစၥေရး ေလတပ္ဟာ F-15, F-35 ဂ်က္တိုက္ေလယာဥ္မ်ားနဲ႔ ဘိုရင္း 707 ေဝဟင္ဆီျဖည့္ ေလယာဥ္မ်ားကို အသုံးျပဳခဲ့ေၾကာင္း သိရွိရပါတယ္။

စစ္ဆင္ေရးအတြက္ အစၥေရးထိပ္တန္းအရာရွိႀကီးမ်ား အႀကိမ္ႀကိမ္ အႀကံျပဳေဆြးေႏြးခဲ့ၾကၿပီး တိုက္ခိုက္မယ့္ေန႔ နံနက္ပိုင္းမွာ သုံးသပ္ခ်က္ အၾကမ္းေရးဆြဲပါတယ္။ တင္းက်ပ္တဲ့ အထူးအေရးေပၚအစည္းအေဝးနဲ႔ အစိုးရအ ဖြဲ႕ဝင္ ဝန္ႀကီးမ်ားကို ဆင့္ေခၚခဲ့ၿပီး စစ္ဆင္ေရးကို အတည္ျပဳပါတယ္။ ရန္သူ႔ေရဒါေထာက္လွမ္းမႈကို ေရွာင္ကြင္းဖို႔ဆိုတာ အလြန္နိမ့္တဲ့ အျမင့္ေပမွာ ပ်ံသန္းရမွာျဖစ္တဲ့အတြက္ ေဆာ္ဒီအာေရးဗီးယားရဲ႕ အကူအညီမပါဝင္ပဲ မျဖစ္ႏိုင္ေၾကာင္း စစ္ေရးကြၽမ္းက်င္သူမ်ားက ေထာက္ျပၾကပါတယ္။ စစ္ဆင္ေရးမွာ အစၥေရးဂ်က္တိုက္ေလယာဥ္အုပ္နဲ႔အတူ ေဝဟင္ေထာက္လွမ္းေရးနဲ႔ ကင္းေထာက္ေရး “နက္႐ႊန္း” ေလတပ္အုပ္စု၊ ပင္လယ္နီေရျပင္ရွိ အစၥေရးစစ္သေဘၤာမ်ား၊ ေရငုပ္သေဘၤာတို႔က ကူညီခဲ့ၾကေၾကာင္း ပစ္မွတ္မွ မိုင္ ၆၀ ခန႔္အကြာမွာ အထူးခဲယမ္းမ်ားနဲ႔ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

အထူးသျဖင့္ အစၥေရးအေနနဲ႔ သူ႔ရဲ႕ ရန္ဘက္ႏိုင္ငံမ်ားကို ရင္ဆိုင္ရာမွာ အေမရိကန္နဲ႔ ၿဗိတိန္တို႔အေပၚ မွီခိုေနမည္ မဟုတ္ေၾကာင္း အခ်က္ျပမႈျဖစ္လာပါတယ္။ ဆိပ္ကမ္းကို တိုက္ခိုက္ယုံနဲ႔ ဟူသီတို႔ လႈပ္ရွားမႈကို ဟန႔္တားႏိုင္ဖြယ္ မရွိေပမယ့္ ယီမင္စစ္ေသြးႂကြတို႔ကို အသိအမွတ္ျပဳထားတဲ့ ႏိုင္ငံမ်ားရဲ႕ ၿခိမ္းေျခာက္မႈကိုေတာ့ ေခ်ဖ်က္ႏိုင္မယ္လို႔ ယူဆရပါတယ္။ “လက္တစ္ဆုံး စစ္ဆင္ေရး” Operation Outstretched Arm လို႔ အမည္ေပးထားတဲ့ အစၥေရးေလတပ္ရဲ႕ တိုက္ခိုက္မႈဟာ ခရီးအလြန္ေဝးကြာသည့္တိုင္ အစၥေရးတို႔အေနနဲ႔ အံ့ၾသဖြယ္လက္လွမ္း မီႏိုင္မႈကို ျပသေနပါတယ္။ မိုင္ေပါင္း ၁၄၀၀ နီးပါးကြာေဝးၿပီး ေျမထဲပင္လယ္ေတာင္ဘက္ အာဖရိကတိုက္ေျမာက္ပိုင္း တူနီးရွားႏိုင္ငံမွာ ခိုလႈံေနတဲ့ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕မ်ားကို ပစ္မွတ္ထားတဲ့ ၁၉၈၅-ခုႏွစ္ “သစ္သားေျခေထာက္စစ္ဆင္ေရး“ ၿပီးလွ်င္ အစၥေရးေလတပ္ရဲ႕ ဒုတိယေျမာက္ အံ့မခန္း တိုက္ပြဲဝင္စြမ္း ရည္ျပသျခင္းလည္း ျဖစ္ပါတယ္။

(Arab News., 21 July 2024,” Saudi Arabia denies involvement in Israeli targeting of Houthi-controlled port in Yemen” ကို ဆီေလ်ာ္ေအာင္ျဖည့္စြက္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.