ရုရှားက ပင်လယ်ဖြူအတွင်းမှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်

 914

Pika (NP News) - ဇူလိုင် ၂၂

ရုရှားစစ်သင်္ဘောတွေဟာ သင်္ဘောယာဉ်တန်းတွေကို ကာကွယ်ဖို့ လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပင်လယ်ဖြူမှာ စစ်ရေးလေ့ကျင့်မှုတွေကို လုပ် ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောကြားချက်ကို ကိုးကားပြီး TASS သတင်းအေဂျင်စီက ဇူလိုင်လ(၂၁)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ပုံမှန်တိုက်ခိုက်ရေး လေ့ကျင့်မှုတစ်ခုဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ စစ်ရေးလေ့ ကျင့်မှုအတွင်း ရေငုပ်သင်္ဘောတိုက်ဖျက်ရေးသင်္ဘောငယ်နှစ်စီးဖြစ်တဲ့ Onega နဲ့ the Naryan-Mar တို့ဟာ လေကြောင်းနဲ့ရေကြောင်းကနေ တစ်ပြိုင်နက်တိုက်ခိုက်တဲ့ ဖြစ်ရပ်မျိုးတွေမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ ရေဒီယိုအီလက်ထရွန်းနစ်စစ်ပွဲဆိုင်ရာ ပစ္စည်းကိရိယာတွေ အသုံးပြုတာမျိုးတွေကို လေ့ကျင့်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

TASS သတင်းအေဂျင်စီက"အဲဒီနေ့မတိုင်ခင်မှာ Onega နဲ့ the Naryan-Mar သင်္ဘောတို့ဟာ အခြေအနေအရ ရန်သူတွေရဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေကို ချေမှုန်းဖို့လေ့ကျင့်ရေးနဲ့ တိုက်ခိုက်ရေးမစ်ရှင်တွေကို လုပ်ဆောင်ခဲ့ပါတယ်"လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ လေကြောင်းရန်ကာကွယ်ရေးအတွက် လေ့ကျင့်မှုတွေလုပ်ဆောင်နေစဉ်အချိန်အတွင်း ရုရှားစစ်သင်္ဘောတွေဟာ လေယာဉ်ပစ်ဒုံးကျည်စနစ်တွေ၊ ရေတပ်သုံးအမြောက်တွေနဲ့အတူ အတုပြုလုပ်ထားတဲ့ လေကြောင်းပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ TASS သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

zawgyi version
႐ုရွားက ပင္လယ္ျဖဴအတြင္းမွာ ေရတပ္စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္
Pika (NP News) - ဇူလိုင္ ၂၂

႐ုရွားစစ္သေဘၤာေတြဟာ သေဘၤာယာဥ္တန္းေတြကို ကာကြယ္ဖို႔ ေလ့က်င့္မႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပင္လယ္ျဖဴမွာ စစ္ေရးေလ့က်င့္မႈေတြကို လုပ္ ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး TASS သတင္းေအဂ်င္စီက ဇူလိုင္လ(၂၁)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အဲဒီစစ္ေရးေလ့က်င့္မႈေတြဟာ ပုံမွန္တိုက္ခိုက္ေရး ေလ့က်င့္မႈတစ္ခုျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့ပါတယ္။ စစ္ေရးေလ့ က်င့္မႈအတြင္း ေရငုပ္သေဘၤာတိုက္ဖ်က္ေရးသေဘၤာငယ္ႏွစ္စီးျဖစ္တဲ့ Onega နဲ႔ the Naryan-Mar တို႔ဟာ ေလေၾကာင္းနဲ႔ေရေၾကာင္းကေန တစ္ၿပိဳင္နက္တိုက္ခိုက္တဲ့ ျဖစ္ရပ္မ်ိဳးေတြမွာ စစ္လက္နက္ပစၥည္းေတြနဲ႔ ေရဒီယိုအီလက္ထ႐ြန္းနစ္စစ္ပြဲဆိုင္ရာ ပစၥည္းကိရိယာေတြ အသုံးျပဳတာမ်ိဳးေတြကို ေလ့က်င့္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

TASS သတင္းေအဂ်င္စီက"အဲဒီေန႔မတိုင္ခင္မွာ Onega နဲ႔ the Naryan-Mar သေဘၤာတို႔ဟာ အေျခအေနအရ ရန္သူေတြရဲ႕ ေလေၾကာင္းကေနတိုက္ခိုက္မႈေတြကို ေခ်မႈန္းဖို႔ေလ့က်င့္ေရးနဲ႔ တိုက္ခိုက္ေရးမစ္ရွင္ေတြကို လုပ္ေဆာင္ခဲ့ပါတယ္"လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ေရးသားေဖာ္ျပထားပါတယ္။ ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ ေလ့က်င့္မႈေတြလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ႐ုရွားစစ္သေဘၤာေတြဟာ ေလယာဥ္ပစ္ဒုံးက်ည္စနစ္ေတြ၊ ေရတပ္သုံးအေျမာက္ေတြနဲ႔အတူ အတုျပဳလုပ္ထားတဲ့ ေလေၾကာင္းပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ TASS သတင္းေအဂ်င္စီက ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.