ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးက ထပ်မံနုတ်ထွက်ဖို့ ရီပတ်ဘလီကန်ပါတီဝင်များတိုက်တွန်းတောင်းဆို

 754

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ပြီးနောက် ၎င်းကို သမ္မတရာထူးကပါ ထပ်မံနုတ်ထွက်ဖို့ ရီပတ်ဘလီကန်ပါတီဝင်များက တောင်းဆိုနေကြောင်းသိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ပေမယ့် ဇန်နဝါရီလအထိ သက်တမ်းဆက်ရှိနေမယ့် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

ဇွန်လအတွင်းကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ဟာ ပြိုင်ဘက်ဒေါ်နယ်ထရမ့်လောက် စွမ်းရည်ကောင်းတွေ ပြသနိုင်ခြင်းမရှိတဲ့အတွက် ဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ဖို့ ဒီမိုကရက်တစ်ပါတီဝင်များနဲ့ အမတ်တွေကတိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့အမတ်တစ်ဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဟာ အမေရိကန်ပြည်သူတွေကို လိမ်လည်နေကြောင်း၊ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြည့်စုံကောင်းမွန်မှုမရှိဘူးဆိုရင် သမ္မတရာထူးကနေလည်း နုတ်ထွက်သင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီဝင်အမတ်တစ်ဦးဖြစ်တဲ့ ရစ်ချာဟတ်ဆန်က "ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး သမိုင်းအရှုပ်ထွေးတစ်ခုဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှုမရှိဘူးဆိုတဲ့အချက်နဲ့ သမ္မတအဖြစ်ဆက်လက်တာဝန်ယူနိုင်မှုမရှိဘူးဆိုတဲ့အချက်ကို ဒီမိုကရက်တစ်ပါတီဝင်တွေ ကြိုတင်သိရှိထားပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်ပါတီဟာ ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို လိမ်လည်ကာ ဝိုင်းဝန်းဖုံးအုပ်ထားတယ်။ ဂျိုးဘိုင်ဒန်ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာကောင်းမွန်မှုမရှိဘူးဆိုရင် နျူကလီးယားကုဒ်နံပါတ်တွေကိုသာ သိရှိခွင့်ရတဲ့ သမ္မတရာထူးနဲ့လည်းမထိုက်တန်ဘူး"လို့ပြောပါတယ်။ ဒါ့ပြင် ၎င်းက "ဂျိုးဘိုင်ဒန်ဟာ သမ္မတ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ကျန်းမာရေးမကောင်းဘူးဆိုရင် သမ္မတ အဖြစ်တာဝန်ယူတာမျိုးလည်းမဖြစ်သင့်ဘူး၊ဂျိုးဘိုင်ဒန်ဟာ သ မ္မတအဖြစ်တာဝန်ယူနေခြင်းကနေ ချက်ချင်းနုတ်ထွက်သင့်တယ်" လို့ပြောပါတယ်။

zawgyi version
ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္မႈမွ ႏုတ္ထြက္ခဲ့တဲ့ ဂ်ိဳးဘိုင္ဒန္ကို သမၼတရာထူးက ထပ္မံႏုတ္ထြက္ဖို႔ ရီပတ္ဘလီကန္ပါတီဝင္မ်ားတိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ႏိုဝင္ဘာလအတြင္း က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲက ႏုတ္ထြက္ခဲ့ၿပီးေနာက္ ၎ကို သမၼတရာထူးကပါ ထပ္မံႏုတ္ထြက္ဖို႔ ရီပတ္ဘလီကန္ပါတီဝင္မ်ားက ေတာင္းဆိုေနေၾကာင္းသိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေ႐ြးေကာက္ပြဲက ႏုတ္ထြက္ခဲ့ေပမယ့္ ဇန္နဝါရီလအထိ သက္တမ္းဆက္ရွိေနမယ့္ သမၼတရာထူးကို ဆက္လက္ထမ္းေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ဇြန္လအတြင္းက်င္းပခဲ့တဲ့ စကားစစ္ထိုးပြဲမွာ ဂ်ိဳးဘိုင္ဒန္ဟာ ၿပိဳင္ဘက္ေဒၚနယ္ထရမ့္ေလာက္ စြမ္းရည္ေကာင္းေတြ ျပသႏိုင္ျခင္းမရွိတဲ့အတြက္ ဂ်ိဳးဘိုင္ဒန္ကို သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္မႈမွ ႏုတ္ထြက္ဖို႔ ဒီမိုကရက္တစ္ပါတီဝင္မ်ားနဲ႔ အမတ္ေတြကတိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ ရီပတ္ဘလီကန္ပါတီရဲ႕အမတ္တစ္ဦးျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီဟာ အေမရိကန္ျပည္သူေတြကို လိမ္လည္ေနေၾကာင္း၊ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကိုပါဝင္ယွဥ္ၿပိဳင္ဖို႔ စိတ္ပိုင္းဆိုင္ရာက်န္းမာေရး ျပည့္စုံေကာင္းမြန္မႈမရွိဘူးဆိုရင္ သမၼတရာထူးကေနလည္း ႏုတ္ထြက္သင့္ေၾကာင္း ေတာင္းဆိုခဲ့ပါတယ္။

ရီပတ္ဘလီကန္ပါတီဝင္အမတ္တစ္ဦးျဖစ္တဲ့ ရစ္ခ်ာဟတ္ဆန္က "ဂ်ိဳးဘိုင္ဒန္နဲ႔ပတ္သက္ၿပီး သမိုင္းအရႈပ္ေထြးတစ္ခုျဖစ္ပါတယ္။ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္မႈမရွိဘူးဆိုတဲ့အခ်က္နဲ႔ သမၼတအျဖစ္ဆက္လက္တာဝန္ယူႏိုင္မႈမရွိဘူးဆိုတဲ့အခ်က္ကို ဒီမိုကရက္တစ္ပါတီဝင္ေတြ ႀကိဳတင္သိရွိထားပါတယ္။ ဒါေပမဲ့ ဒီမိုကရက္တစ္ပါတီဟာ ဂ်ိဳးဘိုင္ဒန္နဲ႔ပတ္သက္ၿပီး အေမရိကန္ျပည္သူေတြကို လိမ္လည္ကာ ဝိုင္းဝန္းဖုံးအုပ္ထားတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ စိတ္ပိုင္းဆိုင္ရာက်န္းမာေကာင္းမြန္မႈမရွိဘူးဆိုရင္ န်ဴကလီးယားကုဒ္နံပါတ္ေတြကိုသာ သိရွိခြင့္ရတဲ့ သမၼတရာထူးနဲ႔လည္းမထိုက္တန္ဘူး"လို႔ေျပာပါတယ္။ ဒါ့ျပင္ ၎က "ဂ်ိဳးဘိုင္ဒန္ဟာ သမၼတ ေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ဖို႔ က်န္းမာေရးမေကာင္းဘူးဆိုရင္ သမၼတ အျဖစ္တာဝန္ယူတာမ်ိဳးလည္းမျဖစ္သင့္ဘူး၊ဂ်ိဳးဘိုင္ဒန္ဟာ သ မၼတအျဖစ္တာဝန္ယူေနျခင္းကေန ခ်က္ခ်င္းႏုတ္ထြက္သင့္တယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.