အစ္စရေးရဲ့တာဝေးပစ်လက်နက်တွေက ဘယ်နေရာမှာမဆိုရှိတဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်တယ်လို့ ဝန်ကြီးချုပ်နေတန်ရာဟု ပြော

 887

Pika (NP News) - ဇူလိုင် ၂၂

အစ္စရေးနယ်စပ်ကနေ ကီလိုမီတာ(၁၇၀၀)ကျော်အဝေးမှာရှိတဲ့ ရန်သူတွေကို တိကျပြီး အောင်မြင်တဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့ အစ္စရေးစစ်တပ်ကို ဝန်ကြီးချုပ်နေတန်ရာဟုက ချီးကျူးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။

ဒါ့ပြင် အဲဒီတိကျတဲ့တိုက်ခိုက်မှုဟာ အစ္စရေးရန်သူတွေအားလုံးအတွက် ရှင်းလင်းပြတ်သားတဲ့သတိပေးမှုတစ်ခုဖြစ်တယ်လို့လည်း နေတန်ရာဟုကပြောကြားခဲ့ပါတယ်။ ဇူလိုင်လ(၂၀)ရက်နေ့မှာ အစ္စရေးစစ်တပ်ဟာ ယီမင်နိုင်ငံ Hodeidah ဆိပ်ကမ်းမြို့ကို ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ပစ်မှတ်ထားတဲ့ ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် Hodeidah မြို့ရဲ့ ရေနံဆိပ်ကမ်းမှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၈၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယီမင်နိုင်ငံ Sanaa မြို့မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစောပိုင်းအချက်အလက်တွေအရသိရပါတယ်။

နေတန်ရာဟုက "ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ ဆိပ်ကမ်းဟာ ရိုးရိုးဆိပ်ကမ်းတစ်ခုမဟုတ်ပါဘူး။ အဲဒီဆိပ်ကမ်းကို စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးပြုနေတာပါ။ အဲဒီဆိပ်ကမ်းဟာ အီရန်က ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ပေးနေတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝင်ရောက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Tel Aviv မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးမှာ ဒရုန်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကို တိုက်ရိုက်တုံ့ပြန်တဲ့အနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာပါ"လို့ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ(၁၉)ရက်နေ့အစောပိုင်းကဖြစ်ပွားခဲ့တဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးကို ဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အစ္စရေးနိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ နေတန်ရာဟုက "ယီမင်နိုင်ငံကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေက ကျွန်တော်တို့ရဲ့တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ မရောက်ရှိနိုင်တဲ့ နေရာမရှိဘူးဆိုတဲ့အချက်ကို ရန်သူတွေသိအောင် ရှင်းရှင်းလင်းလင်းပြသခဲ့တာမျိုးဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
အစၥေရးရဲ႕တာေဝးပစ္လက္နက္ေတြက ဘယ္ေနရာမွာမဆိုရွိတဲ့ ရန္သူေတြကို တိုက္ခိုက္ႏိုင္တယ္လို႔ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ေျပာ
Pika (NP News) - ဇူလိုင္ ၂၂

အစၥေရးနယ္စပ္ကေန ကီလိုမီတာ(၁၇၀၀)ေက်ာ္အေဝးမွာရွိတဲ့ ရန္သူေတြကို တိက်ၿပီး ေအာင္ျမင္တဲ့တိုက္ခိုက္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့တဲ့ အစၥေရးစစ္တပ္ကို ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ခ်ီးက်ဴးစကားေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

ဒါ့ျပင္ အဲဒီတိက်တဲ့တိုက္ခိုက္မႈဟာ အစၥေရးရန္သူေတြအားလုံးအတြက္ ရွင္းလင္းျပတ္သားတဲ့သတိေပးမႈတစ္ခုျဖစ္တယ္လို႔လည္း ေနတန္ရာဟုကေျပာၾကားခဲ့ပါတယ္။ ဇူလိုင္လ(၂၀)ရက္ေန႔မွာ အစၥေရးစစ္တပ္ဟာ ယီမင္ႏိုင္ငံ Hodeidah ဆိပ္ကမ္းၿမိဳ႕ကို ပထမဆုံးအႀကိမ္အျဖစ္ တိုက္႐ိုက္ပစ္မွတ္ထားတဲ့ ႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။ အဲဒီတိုက္ခိုက္မႈေၾကာင့္ Hodeidah ၿမိဳ႕ရဲ႕ ေရနံဆိပ္ကမ္းမွာ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၈၀)ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ယီမင္ႏိုင္ငံ Sanaa ၿမိဳ႕မွာရွိတဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အေစာပိုင္းအခ်က္အလက္ေတြအရသိရပါတယ္။

ေနတန္ရာဟုက "ကြၽန္ေတာ္တို႔တိုက္ခိုက္ခဲ့တဲ့ ဆိပ္ကမ္းဟာ ႐ိုး႐ိုးဆိပ္ကမ္းတစ္ခုမဟုတ္ပါဘူး။ အဲဒီဆိပ္ကမ္းကို စစ္ေရးရည္႐ြယ္ခ်က္ေတြအတြက္ အသုံးျပဳေနတာပါ။ အဲဒီဆိပ္ကမ္းဟာ အီရန္က ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ေထာက္ပံ့ေပးေနတဲ့ စစ္လက္နက္ပစၥည္းေတြ ဝင္ေရာက္တဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။ Tel Aviv ၿမိဳ႕မွာရွိတဲ့ အေမရိကန္ေကာင္စစ္ဝန္႐ုံးအနီးမွာ ဒ႐ုန္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာကို တိုက္႐ိုက္တုံ႔ျပန္တဲ့အေနနဲ႔ ဒီလိုတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာပါ"လို႔ေျပာဆိုခဲ့ပါတယ္။

ဇူလိုင္လ(၁၉)ရက္ေန႔အေစာပိုင္းကျဖစ္ပြားခဲ့တဲ့ အေမရိကန္ေကာင္စစ္ဝန္႐ုံးအနီးကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈျဖစ္စဥ္အတြင္း အစၥေရးႏိုင္ငံသားတစ္ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ေနတန္ရာဟုက "ယီမင္ႏိုင္ငံကို အစၥေရးရဲ႕တိုက္ခိုက္မႈေတြက ကြၽန္ေတာ္တို႔ရဲ႕တာေဝးပစ္စစ္လက္နက္ပစၥည္းေတြ မေရာက္ရွိႏိုင္တဲ့ ေနရာမရွိဘူးဆိုတဲ့အခ်က္ကို ရန္သူေတြသိေအာင္ ရွင္းရွင္းလင္းလင္းျပသခဲ့တာမ်ိဳးျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Picture

09691787614

26/07/2024 20:48

သူ့နိုင်ငံအတွက် ပြတ်သားစွာ လုပ်​ဆောင်တယ်လို့ မြင်ပါတယ်

Related news

© 2021. All rights reserved.