ကနေဒါ၊ ပြင်သစ်၊ နယူးဇီလန်တို့နဲ့ ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဖိလစ်ပိုင်အစိုးရမျက်စိကျနေ

 249

Pika (NP News) - ဇူလိုင် ၂၂

ဖိလစ်ပိုင်နိုင်ငံဟာ ကနေဒါ၊ ပြင်သစ်၊ နယူးဇီလန်အပြင် အခြားနိုင်ငံတွေနဲ့ တပ်ဖွဲ့ဝင်တွေအပြန်အလှန်ထားရှိမယ့် သဘောတူညီချက်ကို ရယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro က ဇူလိုင်လ(၂၂)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီသဘောတူညီချက်ကို လာမယ့်၂၀၂၅ ခုနှစ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ၎င်းက ANC ပြောကြားခဲ့ပါတယ်။ အဲဒီသဘောတူညီချက်တွေဟာ ဖိလစ်ပိုင်နိုင်ငံတွင်းမှာ အခြားနိုင်ငံတွေရဲ့တပ်ဖွဲ့တွေကို ထားရှိပေးမှာဖြစ်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်လိမ့်မယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။ ၎င်းက "ဒီသဘောတူညီချက်က ကာကွယ်ရေးမဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့နီးနေပါပြီ"လို့ ပြောဆိုခဲ့ပါ တယ်။ ဖိလစ်ပိုင်နဲ့ဂျပန်တို့ဟာ ၎င်းတို့ရဲ့နယ်မြေအတွင်းမှာ တပ်ဖွဲ့ဝင်တွေအပြန်အလှန် ဖြန့်ကျက်ထားရှိခွင့်ပေးမယ့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ဇူလိုင်လအစောပိုင်းက လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ကနေဒါ၊ ပြင်သစ် နဲ့ နယူးဇီလန်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေမိုင်(၂၀၀)သီးသန့်စီးပွားဇုန်အတွင်း ၎င်းရဲ့တောင်းဆိုမှုတွေကို ထောက်ခံကြောင်း ပြသခဲ့ကြတယ်လို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြပါတယ်။

zawgyi version
ကေနဒါ၊ ျပင္သစ္၊ နယူးဇီလန္တို႔နဲ႔ ကာကြယ္ေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးဖို႔ ဖိလစ္ပိုင္အစိုးရမ်က္စိက်ေန
Pika (NP News) - ဇူလိုင္ ၂၂

ဖိလစ္ပိုင္ႏိုင္ငံဟာ ကေနဒါ၊ ျပင္သစ္၊ နယူးဇီလန္အျပင္ အျခားႏိုင္ငံေတြနဲ႔ တပ္ဖြဲ႕ဝင္ေတြအျပန္အလွန္ထားရွိမယ့္ သေဘာတူညီခ်က္ကို ရယူႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီး Gilberto Teodoro က ဇူလိုင္လ(၂၂)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အဲဒီသေဘာတူညီခ်က္ကို လာမယ့္၂၀၂၅ ခုႏွစ္မွာ လက္မွတ္ေရးထိုးႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ ၎က ANC ေျပာၾကားခဲ့ပါတယ္။ အဲဒီသေဘာတူညီခ်က္ေတြဟာ ဖိလစ္ပိုင္ႏိုင္ငံတြင္းမွာ အျခားႏိုင္ငံေတြရဲ႕တပ္ဖြဲ႕ေတြကို ထားရွိေပးမွာျဖစ္ၿပီး အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုလုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ ၎ကေျပာၾကားခဲ့ပါတယ္။ ၎က "ဒီသေဘာတူညီခ်က္က ကာကြယ္ေရးမဟာမိတ္အဖြဲ႕ရဲ႕ ရည္မွန္းခ်က္နဲ႔နီးေနပါၿပီ"လို႔ ေျပာဆိုခဲ့ပါ တယ္။ ဖိလစ္ပိုင္နဲ႔ဂ်ပန္တို႔ဟာ ၎တို႔ရဲ႕နယ္ေျမအတြင္းမွာ တပ္ဖြဲ႕ဝင္ေတြအျပန္အလွန္ ျဖန႔္က်က္ထားရွိခြင့္ေပးမယ့္ သေဘာတူညီခ်က္ကို ၿပီးခဲ့တဲ့ဇူလိုင္လအေစာပိုင္းက လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ကေနဒါ၊ ျပင္သစ္ နဲ႔ နယူးဇီလန္ႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္မွာရွိတဲ့ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ေရမိုင္(၂၀၀)သီးသန႔္စီးပြားဇုန္အတြင္း ၎ရဲ႕ေတာင္းဆိုမႈေတြကို ေထာက္ခံေၾကာင္း ျပသခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား ႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။

Related news

© 2021. All rights reserved.