တောင်တရုတ်ပင်လယ်အတွင်း ပြန်လည်ထောက်ပံ့ရေးမစ်ရှင်များအတွက် ယာယီအစီအစဉ်ကို တရုတ်နှင့် ဖိလစ်ပိုင်တို့ သဘောတူညီခဲ့

 293

ALynn (NP News) - ဇူလိုင် ၂၂

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်ကမ်းခြေရှိ ရေတပ်သင်္ဘောတစ်စင်းအား ပြန်လည် ထောက်ပံ့ရေးမစ်ရှင်များအတွက် ယာယီစီမံချက်များအပေါ် သဘောတူညီမှုရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက် (တနင်္ဂနွေနေ့) တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဌာန (DFA) သည် Second Thomas Shoal ရှိ Sierra Madre သင်္ဘာအတွက် ဖိလစ်ပိုင်၏ ပြန်လည်ထောက်ပံ့ရေးမစ်ရှင်များအတွက် အစီအစဉ်အသေးစိတ်ကိုမူ ဖော်ပြမထားပါ။
သို့သော် ယခုလအစောပိုင်းတွင် အပြန်အလှန်စေ့စပ်ညှိနှိုင်းရေးအစီအစဉ်၌ နှစ်ဘက်အကြား "ပွင့်ပွင့်လင်းလင်း အပြုသဘောဆောင်သော ဆွေးနွေးမှုများ" ကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ "နှစ်ဖက်စလုံးက တောင်တရုတ်ပင်လယ်တွင်း တင်းမာနေသောအခြေအနေကို အရှိန်လျှော့ဖို့နဲ့ ကွဲပြားမှုတွေကို ညှိနှိုင်းဆွေးနွေးပြီး စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ကြကာ တောင်တရုတ်ပင်လယ်မှာ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်စေခြင်း မရှိသော ရပ်တည်ချက်တွေကို သဘောတူထားပါတယ်" ဟု DFA က ပြောကြားခဲ့သည်။
မနီလာရှိ တရုတ်သံရုံးသည် ယခုသီတင်းပတ်အတွင်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ပေ။

ဖိလစ်ပိုင်ရေတပ်သင်္ဘောကို ၁၉၉၉ ခုနှစ်တွင် မနီလာက ကမ်းရိုးတန်းတစ်ဝိုက်ရှိ အငြင်းပွားရေပိုင်နက်ဆိုင်ရာ အခိုင်အမာပြောဆိုမှုကို အားကောင်းစေရန် ချထားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သင်္ဘောသားအနည်းငယ်ကိုပါ ထားရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုက အကူအညီပေးဖို့ ကမ်းလှမ်းထားသော်လည်း ပြန်လည်ထောက်ပံ့ရေးမစ်ရှင်များကို ဖိလစ်ပိုင် ၎င်းတို့ကိုယ်တိုင်လုပ်ဆောင်မည်ဟု လုံခြုံရေးအရာရှိများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အမေရိကန်သည် ၎င်း၏သဘောတူညီချက်အရ Second Thomas Shoal ရှိ Sierra Madre ကို ထောက်ပံ့နိုင်စေရန်အတွက် လိုအပ်သည်များကို လုပ်ဆောင်မည် ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး Eduardo Ano ကမူ ပြန်လည်ထောက်ပံ့ရေးလုပ်ငန်းများကို ဖိလစ်ပိုင်နိုင်ငံကသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်၏ စစ်ဆင်ရေးများကို အကူအညီပေးရန် အမေရိကန်ထံမှ ကမ်းလှမ်းမှုများကို ဖိလစ်ပိုင်က ပယ်ချခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်တွင် တင်းမာမှုများသည် တရုတ်ကမ်းခြေစောင့်တပ်၏ "ရည်ရွယ်ချက်ရှိရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် လုပ်ဆောင်ခြင်း" ဖြစ်ကြောင်း မနီလာက ဖော်ပြခဲ့ပြီး ပြီးခဲ့သည့်လက ဖိလစ်ပိုင်စစ်သားတစ်ဦး လက်တစ်ချောင်းဆုံးရှုံးကာ လွန်ခဲ့သည့်နှစ်တွင် အကြမ်းဖက်မှုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

Zawgyi Version:
ေတာင္တ႐ုတ္ပင္လယ္အတြင္း ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္မ်ားအတြက္ ယာယီအစီအစဥ္ကို တ႐ုတ္ႏွင့္ ဖိလစ္ပိုင္တို႔ သေဘာတူညီခဲ့
ALynn (NP News) - ဇူလိုင္ ၂၂

ဖိလစ္ပိုင္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ေတာင္တ႐ုတ္ပင္လယ္ကမ္းေျခရွိ ေရတပ္သေဘၤာတစ္စင္းအား ျပန္လည္ ေထာက္ပံ့ေရးမစ္ရွင္မ်ားအတြက္ ယာယီစီမံခ်က္မ်ားအေပၚ သေဘာတူညီမႈရရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဇူလိုင္ ၂၁ ရက္ (တနဂၤေႏြေန႔) တြင္ ထုတ္ျပန္ခဲ့သည္။

ႏိုင္ငံျခားေရးဌာန (DFA) သည္ Second Thomas Shoal ရွိ Sierra Madre သဘၤာအတြက္ ဖိလစ္ပိုင္၏ ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္မ်ားအတြက္ အစီအစဥ္အေသးစိတ္ကိုမူ ေဖာ္ျပမထားပါ။
သို႔ေသာ္ ယခုလအေစာပိုင္းတြင္ အျပန္အလွန္ေစ့စပ္ညႇိႏႈိင္းေရးအစီအစဥ္၌ ႏွစ္ဘက္အၾကား "ပြင့္ပြင့္လင္းလင္း အျပဳသေဘာေဆာင္ေသာ ေဆြးေႏြးမႈမ်ား" ကို လုပ္ေဆာင္ခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ "ႏွစ္ဖက္စလုံးက ေတာင္တ႐ုတ္ပင္လယ္တြင္း တင္းမာေနေသာအေျခအေနကို အရွိန္ေလွ်ာ့ဖို႔နဲ႔ ကြဲျပားမႈေတြကို ညႇိႏႈိင္းေဆြးေႏြးၿပီး စီမံခန႔္ခြဲဖို႔ လိုအပ္ေၾကာင္း အသိအမွတ္ျပဳခဲ့ၾကကာ ေတာင္တ႐ုတ္ပင္လယ္မွာ တစ္ဖက္နဲ႔တစ္ဖက္ ထိခိုက္ေစျခင္း မရွိေသာ ရပ္တည္ခ်က္ေတြကို သေဘာတူထားပါတယ္" ဟု DFA က ေျပာၾကားခဲ့သည္။
မနီလာရွိ တ႐ုတ္သံ႐ုံးသည္ ယခုသီတင္းပတ္အတြင္း မွတ္ခ်က္ေပးရန္ ေတာင္းဆိုခ်က္ကို ျပန္လည္တုံ႔ျပန္ျခင္း မရွိခဲ့ေပ။

ဖိလစ္ပိုင္ေရတပ္သေဘၤာကို ၁၉၉၉ ခုႏွစ္တြင္ မနီလာက ကမ္း႐ိုးတန္းတစ္ဝိုက္ရွိ အျငင္းပြားေရပိုင္နက္ဆိုင္ရာ အခိုင္အမာေျပာဆိုမႈကို အားေကာင္းေစရန္ ခ်ထားခဲ့ျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ သေဘၤာသားအနည္းငယ္ကိုပါ ထားရွိခဲ့သည္။ အေမရိကန္ျပည္ေထာင္စုက အကူအညီေပးဖို႔ ကမ္းလွမ္းထားေသာ္လည္း ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္မ်ားကို ဖိလစ္ပိုင္ ၎တို႔ကိုယ္တိုင္လုပ္ေဆာင္မည္ဟု လုံၿခဳံေရးအရာရွိမ်ားက တနဂၤေႏြေန႔တြင္ ေျပာၾကားခဲ့သည္။

အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Jake Sullivan က အေမရိကန္သည္ ၎၏သေဘာတူညီခ်က္အရ Second Thomas Shoal ရွိ Sierra Madre ကို ေထာက္ပံ့ႏိုင္ေစရန္အတြက္ လိုအပ္သည္မ်ားကို လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ေသာၾကာေန႔တြင္ ေျပာၾကားခဲ့သည္။ ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Eduardo Ano ကမူ ျပန္လည္ေထာက္ပံ့ေရးလုပ္ငန္းမ်ားကို ဖိလစ္ပိုင္ႏိုင္ငံကသာ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္း ဖိလစ္ပိုင္၏ စစ္ဆင္ေရးမ်ားကို အကူအညီေပးရန္ အေမရိကန္ထံမွ ကမ္းလွမ္းမႈမ်ားကို ဖိလစ္ပိုင္က ပယ္ခ်ခဲ့ေၾကာင္း Reuters သတင္းတြင္ ေဖာ္ျပထားသည္။ ေတာင္တ႐ုတ္ပင္လယ္ အျငင္းပြားေရပိုင္နက္တြင္ တင္းမာမႈမ်ားသည္ တ႐ုတ္ကမ္းေျခေစာင့္တပ္၏ "ရည္႐ြယ္ခ်က္ရွိရွိ အရွိန္အဟုန္ျပင္းျပင္းျဖင့္ လုပ္ေဆာင္ျခင္း" ျဖစ္ေၾကာင္း မနီလာက ေဖာ္ျပခဲ့ၿပီး ၿပီးခဲ့သည့္လက ဖိလစ္ပိုင္စစ္သားတစ္ဦး လက္တစ္ေခ်ာင္းဆုံးရႈံးကာ လြန္ခဲ့သည့္ႏွစ္တြင္ အၾကမ္းဖက္မႈအျဖစ္သို႔ ေရာက္ရွိလာခဲ့သည္။

Related news

© 2021. All rights reserved.