သမ္မတရွေးကောက်ပွဲကနေ ဂျိုးဘိုင်ဒန်နှုတ်ထွက်ခဲ့မှုအပေါ် ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့် ဝေဖန်ပြစ်တင်

 1447

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲကနေ ပြိုင်ဘက်ဖြစ်သူ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် နှုတ်ထွက်သွားခြင်းကို တုံ့ပြန်ပြောဆိုလိုက်ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးသမ္မတတစ်ဦးအဖြစ် အမြဲတမ်း အမှတ်တရရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။ ဒေါ်နယ်ထရမ့် နဲ့ ဂျိုးဘိုင်ဒန်တို့ဟာ ဇွန်လအတွင်း ကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ဟာ မျှော်လင့်သလောက်ရလဒ်မကောင်းတဲ့အတွက် ဇူလိုင် ၂၁ ရက်မှာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့်အစီအစဉ်ကနေ နှုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဒုတိယကာမာလာဟာရစ်သာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ဂျိုးဘိုင်ဒန်ထက် ပိုမိုအနိုင်ရဖို့ လွယ်ကူတဲ့ပြိုင်ဘက်ဖြစ်ကြောင်း၊ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က "ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်မှုမရှိဘူး။ ဆင်ခြေတွေပေးပြီး သမ္မတရွေးကောက်ပွဲကနေ ထွက်တာမျိုးမဖြစ်သင့်ဘူး။ ဆရာဝန်တွေ၊ မီဒီယာသမားတွေ အပါအဝင် ဂျိုးဘိုင်ဒန် အနားမှာရှိနေတဲ့သူအားလုံးဟာ ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတအဖြစ် ဆက်လက်ရှိမနေသင့်တာ အားလုံးသိပါတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ်က နှုတ်ထွက်လိုခြင်းမရှိဘူး။ ဂျိုးဘိုင်ဒန်သမ္မတအဖြစ် ဆက်လက်ရှိနေ ခြင်းဟာ ကျွန်တော်တို့ ပြည်သူအားလုံး ထိခိုက်ရတယ်" လို့ ပြောပါတယ်။

Zawgyi Version;
သမၼတေ႐ြးေကာက္ပြဲကေန ဂ်ိဳးဘိုင္ဒန္ႏႈတ္ထြက္ခဲ့မႈအေပၚ ၿပိဳင္ဘက္ျဖစ္သူ ေဒၚနယ္ထရမ့္ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲကေန ၿပိဳင္ဘက္ျဖစ္သူ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္ ႏႈတ္ထြက္သြားျခင္းကို တုံ႔ျပန္ေျပာဆိုလိုက္ေၾကာင္း သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္ႏိုင္ငံသမိုင္းမွာ အဆိုး႐ြားဆုံးသမၼတတစ္ဦးအျဖစ္ အၿမဲတမ္း အမွတ္တရရွိေနမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ေဒၚနယ္ထရမ့္ နဲ႔ ဂ်ိဳးဘိုင္ဒန္တို႔ဟာ ဇြန္လအတြင္း က်င္းပခဲ့တဲ့ စကားစစ္ထိုးပြဲမွာ ဂ်ိဳးဘိုင္ဒန္ဟာ ေမွ်ာ္လင့္သေလာက္ရလဒ္မေကာင္းတဲ့အတြက္ ဇူလိုင္ ၂၁ ရက္မွာ ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္မယ့္အစီအစဥ္ကေန ႏႈတ္ထြက္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ ဒုတိယကာမာလာဟာရစ္သာ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မယ္ဆိုရင္ ဂ်ိဳးဘိုင္ဒန္ထက္ ပိုမိုအႏိုင္ရဖို႔ လြယ္ကူတဲ့ၿပိဳင္ဘက္ျဖစ္ေၾကာင္း၊ ေျပာပါတယ္။
ေဒၚနယ္ထရမ့္က "ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကံ့ခိုင္မႈမရွိဘူး။ ဆင္ေျခေတြေပးၿပီး သမၼတေ႐ြးေကာက္ပြဲကေန ထြက္တာမ်ိဳးမျဖစ္သင့္ဘူး။ ဆရာဝန္ေတြ၊ မီဒီယာသမားေတြ အပါအဝင္ ဂ်ိဳးဘိုင္ဒန္ အနားမွာရွိေနတဲ့သူအားလုံးဟာ ဂ်ိဳးဘိုင္ဒန္အေနနဲ႔ သမၼတအျဖစ္ ဆက္လက္ရွိမေနသင့္တာ အားလုံးသိပါတယ္။ ဒါေပမယ့္ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတအျဖစ္က ႏႈတ္ထြက္လိုျခင္းမရွိဘူး။ ဂ်ိဳးဘိုင္ဒန္သမၼတအျဖစ္ ဆက္လက္ရွိေန ျခင္းဟာ ကြၽန္ေတာ္တို႔ ျပည္သူအားလုံး ထိခိုက္ရတယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.