အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာအရေးကို ထည့်သွင်းဆွေးနွေးမယ်

 1038

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ လာအိုနိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ရာ မြန်မာအရေးကို ထည့်သွင်းဆွေးနွေးဖွယ်ရှိနေ ကြောင်း သိရပါတယ်။

လာအိုနိုင်ငံဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၂၄ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ရာ မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ်များ တက်ရောက်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာအစိုးရဟာ ယခင်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်းမျိုး မရှိပေမယ့် လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် အတွင်းကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားအဖြစ် နိုင်ငံရေးနဲ့ မပတ်သက်တဲ့ကိုယ်စားလှယ်ကို စေလွှတ်သွားဖွယ်ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဆစ်ဟာတို ဆူယိုဒီပရိုက မြန်မာနိုင်ငံဟာလည်း လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးမပတ်သက်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အဲဒီ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအတွင်း မြန်မာအရေးအပြင် တောင်တရုတ်ပင်လယ်အရေး၊ နျူကလီးယားကင်းစင်ရေးနဲ့ ဒေသ အတွင်း လုံခြုံရေးကိစ္စများကို ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအတြင္း ျမန္မာအေရးကို ထည့္သြင္းေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂

အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူေနတဲ့ လာအိုႏိုင္ငံဟာ လာမယ့္ရက္ပိုင္းအတြင္း အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးမ်ားအစည္းအေဝးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပမွာျဖစ္ရာ ျမန္မာအေရးကို ထည့္သြင္းေဆြးေႏြးဖြယ္ရွိေန ေၾကာင္း သိရပါတယ္။
လာအိုႏိုင္ငံဟာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ဇူလိုင္ ၂၄ ရက္ေန႔မွာ စတင္က်င္းပမွာျဖစ္ရာ ျမန္မာ အပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားက ကိုယ္စားလွယ္မ်ား တက္ေရာက္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ျမန္မာအစိုးရဟာ ယခင္က အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ျမန္မာႏိုင္ငံကိုယ္စားျပဳ ကိုယ္စားလွယ္ ေစလႊတ္ခဲ့ျခင္းမ်ိဳး မရွိေပမယ့္ လာအိုႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္ အတြင္းက်င္းပမယ့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ျမန္မာကိုယ္စားအျဖစ္ ႏိုင္ငံေရးနဲ႔ မပတ္သက္တဲ့ကိုယ္စားလွယ္ကို ေစလႊတ္သြားဖြယ္ရွိေနပါတယ္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အာဆီယံေရးရာပူးေပါင္းေဆာင္႐ြက္ေရးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဆစ္ဟာတို ဆူယိုဒီပ႐ိုက ျမန္မာႏိုင္ငံဟာလည္း လာမယ့္ရက္ပိုင္းအတြင္း က်င္းပမယ့္ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးတက္ေရာက္ဖို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုင္ငံေရးမပတ္သက္တဲ့ ကိုယ္စားလွယ္အဖြဲ႕ကို ေစလႊတ္ဖြယ္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ အဲဒီ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝးအတြင္း ျမန္မာအေရးအျပင္ ေတာင္တ႐ုတ္ပင္လယ္အေရး၊ န်ဴကလီးယားကင္းစင္ေရးနဲ႔ ေဒသ အတြင္း လုံၿခဳံေရးကိစၥမ်ားကို ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.