ရွေးကောက်ပွဲသည် လက်ရှိအခက်အခဲ အကျပ်အတည်းများကို ကျော်လွှားစေနိုင်သည့် ပြီးပြည့်စုံသောနည်းလမ်းတစ်ခုမဟုတ်ကြောင်းနှင့် အားလုံးညီ မျှပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲလုပ်ရန်လိုကြောင်းသုံးသပ်
1412
သန့်ဇင် (NP News) - ဇူလိုင် ၂၂
လာမည့်ရွေးကောက်ပွဲသည် လက်ရှိအခက် အခဲအကျပ်အတည်းများကိုကျော်လွှားစေနိုင်သည့် ပြီးပြည့်စုံသောနည်းလမ်းတစ်ခုမဟုတ်ကြောင်းနှင့် အားလုံးညီမျှပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲလုပ်ရန်လိုကြောင်း 7 EAO Alliance အဖွဲ့မှပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News သို့ သုံးသပ်ပြောကြားသည်။
ရွေးကောက်ပွဲသည် စစ်တပ်၏ထွက်ပေါက်ဖြစ်သည်ဟု လမ်းကြောင်းလွှဲစကားများကို တည်ငြိမ်အေး ချမ်းမှုမလိုလားသူများက ပြောကြားလေ့ရှိပြီး ရွေးကောက်ပွဲသာလျှင် လက်ရှိပြဿနာအားလုံး၏ ဖြေရှင်းနည်းအစဖြစ်ကြောင်း တည်ငြိမ်ရေးလိုလားသူများက ဆိုသည်။
“ကျွန်တော်တို့ဒေသအပါအဝင်ပေါ့လေ ပြည် သူလူထုတွေက ပစ်ခတ်တိုက်ခိုက်မှုဒဏ်ကိုခံစားခဲ့ရတယ်။ လက်ရှိလည်းခံစားနေရဆဲဖြစ်တယ်။ အိုးပစ်အိမ်ပစ်သွားလာနေရတာတို့ အိုးအိမ်ပျက်စီး ဆုံးရှုံးတာတို့ စသဖြင့်ပေါ့လေ။ ကိုယ့်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် စိန်ခေါ်မှုကြီးကြီးမားရှိနေတဲ့ကာလတစ်ခုအောက်မှာကတော့ ကျွန်တော်တို့အနေ နဲ့ ရွေးကောက်ပွဲဆိုတဲ့ကိစ္စရပ်ကိုတော့ နားတော့မ လည်ဘူးပေါ့လေ။ ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးဆိုင်တဲ့ကိစ္စရပ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်သူလူထုတွေရဲ့ အရပ်ဘက်အာဏာပိုင်စိုးမှုပေါ့။ အဲဒီလိုမျိုးလုပ်ဖို့က လက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အခင်းအကျင်းအရ အခြေအနေတွေက စိန်ခေါ် မှုအများကြီးရှိတယ်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင် လိုတဲ့ပါတီတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းပဲ မှတ်ပုံတင်လို့ရတဲ့ လူလည်းရှိတယ်။ မှတ်ပုံတင်လို့ မရတဲ့လူလည်းရှိတယ်။ လူထုထောက်ခံမှုရှိရဲ့သားနဲ့ လောလောဆယ်ဆယ်အခင်းအကျင်းမှာ မပါဝင်နိုင် သေးတဲ့ အစုအဖွဲ့နိုင်ငံရေးအင်အားစုတွေလည်း အများကြီးရှိတဲ့အပေါ်မှာ ရွေးကောက်ပွဲဆိုတာက လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲ အကျပ်အတည်း တွေကိုကျော်လွှားစေနိုင်လောက်တဲ့ ပြီးပြည့်စုံတဲ့နည်း လမ်းတစ်ခုလို့တော့ ကျွန်တော်တို့အနေနဲ့ ခံယူဖို့က တော့ လက်ရှိအခြေအနေက အင်မတန်မှပဲ ခက်ခဲတယ်လို့ နားလည်ပါတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
7 EAO Alliance အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ကာလများတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့သော်လည်း တိုးတက်ကောင်းမွန်လာခြင်းမရှိ သည့်အတွက် ရွေးကောက်ပွဲအပြီးတက်လာမည့် အစိုးရသစ်လက်ထက်၌ အစိုးရအပါအဝင် အခြား သော အဖွဲ့အစည်း များနှင့်တွေ့ဆုံဆွေးနွေးသွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
“နောက်လာမယ့် အစိုးရနဲ့ဖြစ်ဖြစ် ဘယ်လိုပဲဖြစ် ဖြစ် လက်ရှိအနေနဲ့ကတော့ လက်ရှိတစ်နိုင်ငံလုံးကြုံ တွေ့နေရတဲ့ အခက်အခဲအကျပ်အတည်း အထူး သဖြင့် ပြည်သူလူထုနိစ္စဒူဝခံစားနေရတဲ့ အနိဋ္ဌာရုံ တရားတွေ ကင်းလွတ်နိုင်ဖို့အတွက် စကားပြောဖို့လို အပ်တယ်ဆိုတာကို ယုံကြည်သွားတဲ့အပေါ်မှာ အစိုးရနဲ့ ပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာ အင်အားစုတွေနဲ့ဖြစ်ဖြစ် နိုင်ငံရေးပါတီတွေ၊ အရပ် ဘက်အဖွဲ့အစည်း၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးနဲ့ကတော့ လက်ခံပြီးအားလုံးညီမျှပါဝင်တဲ့ သဘောတူညီမှု စကားဝိုင်းတွေ့ဆုံဆွေးနွေးပွဲဖြစ် မြောက်ဖို့ကတော့ မလွဲမသွေလိုအပ်တယ်လို့ ယူဆပါ တယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် လက်ရှိပဋိက္ခဖြစ်ပွားနေသောအဖွဲ့ အစည်းများ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှု သည် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ကြောင်းနှင့် အမှန်တကယ်လိုအပ်သည့်နည်းလမ်းတစ်ခုဖြစ်သော ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လက်ခံကြိုဆို ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးလှဌေးကဆိုသည်။
“တွေ့ဆုံဆွေးနွေးတယ်ဆိုတာက ကောင်းတဲ့ ကိစ္စတစ်ခုပေါ့နော်။ အခုက ပဋိပက္ခတွေဖြစ်ပွားနေတဲ့အဖွဲ့အစည်းအသီးသီးရှိတယ်။ ဒီအဖွဲ့အစည်း အသီးသီးက မျက်နှာချင်းဆိုင်ဆွေးနွေးပွဲမရှိဘဲနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ဘယ် ဘက်ကပဲ ဖြစ်ဖြစ် ပျက်စီးဖို့ပဲ ရှိတယ်လေ။ ကောင်းဖို့မလွယ်ကူ တဲ့ကိစ္စပေါ့နော်။ ဒါကြောင့်ကောင်းစေချင်တယ်။ ကောင်းအောင်သွားကြမယ်ဆိုရင် တွေ့ဆုံဆွေးနွေး ရေး နည်းလမ်းဆိုတာက လက်လွှတ်လို့မရဘူးဗျ။ လို ကိုလိုအပ်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဒါကတော့ ကောင်းတယ်။ အဲလိုမျိုးလုပ်ကြမယ်ဆိုရင်လည်း ကျွန်တော်တို့က ကြိုဆိုပါတယ်လို့ပဲပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။ နစက က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု သတင်းစကားပေးထားပြီး ဖျက်ဆီးရေးသမားများကလည်း ပျက်စီးစေရန် စတင်ကြိုးပမ်းနေကြသည်။
zawgyi version
ေ႐ြးေကာက္ပြဲသည္ လက္ရွိအခက္အခဲ အက်ပ္အတည္းမ်ားကို ေက်ာ္လႊားေစႏိုင္သည့္ ၿပီးျပည့္စုံေသာနည္းလမ္းတစ္ခုမဟုတ္ေၾကာင္းႏွင့္ အားလုံးညီ မွ်ပါဝင္ေသာ ႏိုင္ငံေရးေဆြးေႏြးပြဲလုပ္ရန္လိုေၾကာင္းသုံးသပ္
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂
လာမည့္ေ႐ြးေကာက္ပြဲသည္ လက္ရွိအခက္ အခဲအက်ပ္အတည္းမ်ားကိုေက်ာ္လႊားေစႏိုင္သည့္ ၿပီးျပည့္စုံေသာနည္းလမ္းတစ္ခုမဟုတ္ေၾကာင္းႏွင့္ အားလုံးညီမွ်ပါဝင္ေသာႏိုင္ငံေရးေဆြးေႏြးပြဲလုပ္ရန္လိုေၾကာင္း 7 EAO Alliance အဖြဲ႕မွေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က NP News သို႔ သုံးသပ္ေျပာၾကားသည္။
ေ႐ြးေကာက္ပြဲသည္ စစ္တပ္၏ထြက္ေပါက္ျဖစ္ သည္ဟု လမ္းေၾကာင္းလႊဲစကားမ်ားကို တည္ၿငိမ္ေအး ခ်မ္းမႈမလိုလားသူမ်ားက ေျပာၾကားေလ့ရွိၿပီး ေ႐ြးေကာက္ပြဲသာလွ်င္ လက္ရွိျပႆနာအားလုံး၏ ေျဖရွင္းနည္းအစျဖစ္ေၾကာင္း တည္ၿငိမ္ေရးလိုလား သူမ်ားက ဆိုသည္။
“ကြၽန္ေတာ္တို႔ေဒသအပါအဝင္ေပါ့ေလ ျပည္ သူလူထုေတြက ပစ္ခတ္တိုက္ခိုက္မႈဒဏ္ကိုခံစားခဲ့ရတယ္။ လက္ရွိလည္းခံစားေနရဆဲျဖစ္တယ္။ အိုးပစ္အိမ္ပစ္သြားလာေနရတာတို႔ အိုးအိမ္ပ်က္စီး ဆုံးရႈံးတာတို႔ စသျဖင့္ေပါ့ေလ။ ကိုယ့္ေဒသတည္ၿငိမ္ ေအးခ်မ္းေရးအတြက္ စိန္ေခၚမႈႀကီးႀကီးမားရွိေနတဲ့ကာလတစ္ခုေအာက္မွာကေတာ့ ကြၽန္ေတာ္တို႔အေန နဲ႔ ေ႐ြးေကာက္ပြဲဆိုတဲ့ကိစၥရပ္ကိုေတာ့ နားေတာ့မ လည္ဘူးေပါ့ေလ။ ကြၽန္ေတာ္တို႔အေနနဲ႔ တစ္ႏိုင္ငံ လုံးဆိုင္တဲ့ကိစၥရပ္ကို အဆုံးအျဖတ္ေပးႏိုင္တဲ့ ျပည္သူလူထုေတြရဲ႕ အရပ္ဘက္အာဏာပိုင္စိုးမႈေပါ့။ အဲဒီလိုမ်ိဳးလုပ္ဖို႔က လက္ရွိကြၽန္ေတာ္တို႔ရင္ဆိုင္ေနရတဲ့ အခင္းအက်င္းအရ အေျခအေနေတြက စိန္ေခၚ မႈအမ်ားႀကီးရွိတယ္။ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ ၿပိဳင္ လိုတဲ့ပါတီေတြကိုျပန္ၾကည့္မယ္ဆိုရင္လည္းပဲ မွတ္ပုံတင္လို႔ရတဲ့ လူလည္းရွိတယ္။ မွတ္ပုံတင္လို႔ မရတဲ့လူလည္းရွိတယ္။ လူထုေထာက္ခံမႈရွိရဲ႕သားနဲ႔ ေလာေလာဆယ္ဆယ္အခင္းအက်င္းမွာ မပါဝင္ႏိုင္ ေသးတဲ့ အစုအဖြဲ႕ႏိုင္ငံေရးအင္အားစုေတြလည္း အမ်ားႀကီးရွိတဲ့အေပၚမွာ ေ႐ြးေကာက္ပြဲဆိုတာက လက္ရွိျဖစ္ေပၚေနတဲ့ အခက္အခဲ အက်ပ္အတည္း ေတြကိုေက်ာ္လႊားေစႏိုင္ေလာက္တဲ့ ၿပီးျပည့္စုံတဲ့နည္း လမ္းတစ္ခုလို႔ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ခံယူဖို႔က ေတာ့ လက္ရွိအေျခအေနက အင္မတန္မွပဲ ခက္ခဲတယ္လို႔ နားလည္ပါတယ္”ဟု ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က ဆိုသည္။
7 EAO Alliance အဖြဲ႕အေနျဖင့္ ၿပီးခဲ့သည့္ ကာလမ်ားတြင္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳ လုပ္ခဲ့ေသာ္လည္း တိုးတက္ေကာင္းမြန္လာျခင္းမရွိ သည့္အတြက္ ေ႐ြးေကာက္ပြဲအၿပီးတက္လာမည့္ အစိုးရသစ္လက္ထက္၌ အစိုးရအပါအဝင္ အျခား ေသာ အဖြဲ႕အစည္း မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးသြားရန္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေနာက္လာမယ့္ အစိုးရနဲ႔ျဖစ္ျဖစ္ ဘယ္လိုပဲျဖစ္ ျဖစ္ လက္ရွိအေနနဲ႔ကေတာ့ လက္ရွိတစ္ႏိုင္ငံလုံးႀကဳံ ေတြ႕ေနရတဲ့ အခက္အခဲအက်ပ္အတည္း အထူး သျဖင့္ ျပည္သူလူထုနိစၥဒူဝခံစားေနရတဲ့ အနိ႒ာ႐ုံ တရားေတြ ကင္းလြတ္ႏိုင္ဖို႔အတြက္ စကားေျပာဖို႔လို အပ္တယ္ဆိုတာကို ယုံၾကည္သြားတဲ့အေပၚမွာ အစိုးရနဲ႔ ပဲျဖစ္ျဖစ္၊ တပ္မေတာ္နဲ႔ျဖစ္ျဖစ္၊ ႏိုင္ငံတကာ အင္အားစုေတြနဲ႔ျဖစ္ျဖစ္ ႏိုင္ငံေရးပါတီေတြ၊ အရပ္ ဘက္အဖြဲ႕အစည္း၊ တိုင္းရင္းသားေခါင္းေဆာင္ေတြအားလုံးနဲ႔ကေတာ့ လက္ခံၿပီးအားလုံးညီမွ်ပါဝင္တဲ့ သေဘာတူညီမႈ စကားဝိုင္းေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ ေျမာက္ဖို႔ကေတာ့ မလြဲမေသြလိုအပ္တယ္လို႔ ယူဆပါ တယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ လက္ရွိပဋိကၡျဖစ္ပြားေနေသာအဖြဲ႕ အစည္းမ်ား မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးမႈ သည္ ေကာင္းမြန္ေသာ ကိစၥတစ္ခု ျဖစ္ေၾကာင္းႏွင့္ အမွန္တကယ္လိုအပ္သည့္နည္းလမ္းတစ္ခုျဖစ္ေသာ ေၾကာင့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လက္ခံႀကိဳဆို ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ဦးလွေဌးကဆိုသည္။
“ေတြ႕ဆုံေဆြးေႏြးတယ္ဆိုတာက ေကာင္းတဲ့ ကိစၥတစ္ခုေပါ့ေနာ္။ အခုက ပဋိပကၡေတြျဖစ္ပြားေနတဲ့အဖြဲ႕အစည္းအသီးသီးရွိတယ္။ ဒီအဖြဲ႕အစည္း အသီးသီးက မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးပြဲမရွိဘဲနဲ႔ ဒီအတိုင္းဆက္သြားေနမယ္ဆိုရင္ ဘယ္ ဘက္ကပဲ ျဖစ္ျဖစ္ ပ်က္စီးဖို႔ပဲ ရွိတယ္ေလ။ ေကာင္းဖို႔မလြယ္ကူ တဲ့ကိစၥေပါ့ေနာ္။ ဒါေၾကာင့္ေကာင္းေစခ်င္တယ္။ ေကာင္းေအာင္သြားၾကမယ္ဆိုရင္ ေတြ႕ဆုံေဆြးေႏြး ေရး နည္းလမ္းဆိုတာက လက္လႊတ္လို႔မရဘူးဗ်။ လို ကိုလိုအပ္တဲ့နည္းလမ္းတစ္ခုပါပဲ။ ဒါကေတာ့ ေကာင္းတယ္။ အဲလိုမ်ိဳးလုပ္ၾကမယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔က ႀကိဳဆိုပါတယ္လို႔ပဲေျပာခ်င္ပါတယ္” ဟု ၎ကဆိုသည္။ နစက က ၂၀၂၅ ခုႏွစ္တြင္ ေ႐ြးေကာက္ပြဲက်င္းပသြားမည္ဟု သတင္းစကားေပးထားၿပီး ဖ်က္ဆီးေရးသမားမ်ားကလည္း ပ်က္စီးေစရန္ စတင္ႀကိဳးပမ္းေနၾကသည္။