ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတရွေးကောက်ပွဲက နှုတ်ထွက်ခြင်းနှင့်ပတ်သက်၍ ရုရှား၏ တုံ့ပြန်ချက်
2350
ALynn (NP News) - ဇူလိုင် ၂၂
ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သမ္မတဂျိုးဘိုင်ဒန် ပြိုင်ပွဲမှ နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုရာတွင် “ရုရှားအနေဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို စောင့်ဆိုင်းနေခြင်းထက် အခြားသောအရေးကြီးကိစ္စများ ဆောင်ရွက်ရန် ရှိကြောင်း” ဖော်ပြခဲ့သည်။
“ရုရှား-ယူကရိန်းပဋိပက္ခအတွင်း အနိုင်ရရှိရေးမှာ ရုရှား၏ ဦးစားပေးကိစ္စရပ်များတွင် ပါဝင်နေကြောင်း” ၎င်းက တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၁ ရက်) နှောင်းပိုင်းတွင် ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် Life ကို ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုနှစ်အစောပိုင်းတွင် “အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဘိုင်ဒန် အနိုင်ရရှိ ခြင်းကို ပိုမိုလိုလားကြောင်း၊ ဘိုင်ဒန်က ခေတ်ဟောင်းနိုင်ငံရေးသမားတစ်ဦးဖြစ်သည့်အတွက် ပိုမိုခန့်မှန်းရလွယ် ကြောင်း” ဖော်ပြခဲ့ဖူးသည်ကိုလည်း Peskov က မော်စကို၏ ရပ်တည်ချက်အဖြစ် ပြန်လည်ရည်ညွှန်းခဲ့သည်။ “သို့သော် ရွေးကောက်ပွဲကျင်းပဖို့ အချိန်လေးလလောက်လိုသေးကြောင်း၊ ထိုအချိန်ကာလအတွင်း အများကြီး ပြောင်းလဲနိုင်ခြေရှိကြောင်း” ကိုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ဘိုင်ဒန်က တနင်္ဂနွေနေ့ အစောပိုင်းက သမ္မတပြိုင်ပွဲမှ နှုတ်ထွက်ကြောင်းအား “၎င်းအနေဖြင့် ပြန်လည် ရွေးကောက်ခံဖို့ စိတ်အားထက်သန်ခဲ့ကြောင်း၊ သို့သော် နိုင်ငံနှင့် ဒီမိုကရက်တစ်ပါတီ၏ အကျိုးစီးပွားအတွက် ရည်ရွယ်၍ နှုတ်ထွက်ဖို့ဖြစ်လာခဲ့ကြောင်း” ဖော်ပြရင်း ကြေညာခဲ့သည်။
ဒီမိုကရက်တစ်ပါတီအတွက် အကောင်းဆုံးရွေးချယ်မှုအဖြစ် ၎င်း၏ ဒုသမ္မတ Kamala Harris ကို သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံခဲ့သည်။ Harris ကို ထိပ်တန်းဒီမိုကရက်တစ် နိုင်ငံရေးသမားများနှင့် ပါတီကြီးများမှ အလှူရှင်များစွာက ကနဦးကတည်းက ကျောထောက်နောက်ခံပြုထားပြီးဖြစ်သည်။
Zawgyi Version;
ဂ်ိဳးဘိုင္ဒန္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲက ႏႈတ္ထြက္ျခင္းႏွင့္ပတ္သက္၍ ႐ုရွား၏ တုံ႔ျပန္ခ်က္
ALynn (NP News) - ဇူလိုင္ ၂၂
ကရင္မလင္နန္းေတာ္ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က သမၼတဂ်ိဳးဘိုင္ဒန္ ၿပိဳင္ပြဲမွ ႏႈတ္ထြက္ျခင္းႏွင့္ ပတ္သက္၍ မွတ္ခ်က္ျပဳရာတြင္ “႐ုရွားအေနျဖင့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲရလဒ္ကို ေစာင့္ဆိုင္းေနျခင္း ထက္ အျခားေသာအေရးႀကီးကိစၥမ်ား ေဆာင္႐ြက္ရန္ ရွိေၾကာင္း” ေဖာ္ျပခဲ့သည္။
“႐ုရွား-ယူကရိန္းပဋိပကၡအတြင္း အႏိုင္ရရွိေရးမွာ ႐ုရွား၏ ဦးစားေပးကိစၥရပ္မ်ားတြင္ ပါဝင္ေနေၾကာင္း” ၎က တနဂၤေႏြေန႔ (ဇူလိုင္လ ၂၁ ရက္) ေႏွာင္းပိုင္းတြင္ ႐ုရွားသတင္းဌာနတစ္ခုျဖစ္သည့္ Life ကို ေျပာၾကားခဲ့သည္။
႐ုရွားသမၼတ ဗလာဒီမာပူတင္က ယခုႏွစ္အေစာပိုင္းတြင္ “အေမရိကန္သမၼတေ႐ြးေကာက္ပြဲ၌ ဘိုင္ဒန္ အႏိုင္ရရွိ ျခင္းကို ပိုမိုလိုလားေၾကာင္း၊ ဘိုင္ဒန္က ေခတ္ေဟာင္းႏိုင္ငံေရးသမားတစ္ဦးျဖစ္သည့္အတြက္ ပိုမိုခန႔္မွန္းရလြယ္ ေၾကာင္း” ေဖာ္ျပခဲ့ဖူးသည္ကိုလည္း Peskov က ေမာ္စကို၏ ရပ္တည္ခ်က္အျဖစ္ ျပန္လည္ရည္ၫႊန္းခဲ့သည္။ “သို႔ေသာ္ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အခ်ိန္ေလးလေလာက္လိုေသးေၾကာင္း၊ ထိုအခ်ိန္ကာလအတြင္း အမ်ားႀကီး ေျပာင္းလဲႏိုင္ေျခရွိေၾကာင္း” ကိုလည္း ၎က မွတ္ခ်က္ျပဳခဲ့သည္။
ဘိုင္ဒန္က တနဂၤေႏြေန႔ အေစာပိုင္းက သမၼတၿပိဳင္ပြဲမွ ႏႈတ္ထြက္ေၾကာင္းအား “၎အေနျဖင့္ ျပန္လည္ ေ႐ြးေကာက္ခံဖို႔ စိတ္အားထက္သန္ခဲ့ေၾကာင္း၊ သို႔ေသာ္ ႏိုင္ငံႏွင့္ ဒီမိုကရက္တစ္ပါတီ၏ အက်ိဳးစီးပြားအတြက္ ရည္႐ြယ္၍ ႏႈတ္ထြက္ဖို႔ျဖစ္လာခဲ့ေၾကာင္း” ေဖာ္ျပရင္း ေၾကညာခဲ့သည္။
ဒီမိုကရက္တစ္ပါတီအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈအျဖစ္ ၎၏ ဒုသမၼတ Kamala Harris ကို သမၼတ ဂ်ိဳးဘိုင္ဒန္က ေထာက္ခံခဲ့သည္။ Harris ကို ထိပ္တန္းဒီမိုကရက္တစ္ ႏိုင္ငံေရးသမားမ်ားႏွင့္ ပါတီႀကီးမ်ားမွ အလႉရွင္မ်ားစြာက ကနဦးကတည္းက ေက်ာေထာက္ေနာက္ခံျပဳထားၿပီးျဖစ္သည္။