ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့် ဒေသခံများစုပေါင်းကား နေရပ်ဒေသအသီးသီးမှစစ်ဘေးရှောင်များအား ကူညီပေးမည်
1431
သန့်ဇင် (NP News) - ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် သံဃာတော်များ နှင့် ဒေသခံများစုပေါင်း၍ နေရပ်ဒေသသအသီးသီးမှစစ်ဘေးရှောင်များ၏ နေရေး၊ စားရေးပြဿနာများကို ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျိုင်းတုံကို စစ်ဘေးရှောင်လာတဲ့လူတွေက အဖွဲ့အစည်းနဲ့လာတာတော့မဟုတ်ဘူးပေါ့နော်။ တစ်ရက်၊ (၂)ရက်နေပြီး တာချီလိတ်ဘက် သွားတာများတယ်။ တချို့ကလည်း ဘုန်းကြီးကျောင်းတွေမှာဝင်လိုက်ထွက်လိုက်နဲ့ဆိုတော့ ပြဿနာတွေရှိလာတော့ သံဃာတွေအားလုံးနဲ့ ရွာသူရွာသားတွေနဲ့ စုးပေါင်းပြီး လက်ခံနိုင်တဲ့ကျောင်းတွေမှာ တစ်ကျောင်းကို လူ(၃၀)(၄၀)လောက် လက်ခံပေးမယ်ပေါ့။ ရက်ရှည်လာရင်တော့ ကျွေးဖို့မွေးဖို့က ဒါကာဒါကာမတွေစုပေါင်းပြီး ဆန်တွေ၊ ဆီတွေတတ်နိုင်သလောက် ကူညီဖို့တော့ အဲလိုစီစဉ်ထားပါတယ်”ဟု ကျိုင်းတုံမြို့သို့ စစ်ဘေးရှောင်လာသူများအား ကူညီရာတွင် ကြီးမှူးသည့်တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
ကျိုင်းတုံမြို့သို့ စစ်ဘေးရှောင်လာသူများအား ကူညီရာတွင် ကာလတိုပြောင်းရွှေ့လာသူများအတွက်သာ ရည်ရွယ်ကူညီခြင်းဖြစ်ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “ရက်ရှည်နေဖို့ကတော့ မဖြစ်သေးဘူးပေါ့။ ဒီဘက်မှာကနယ်စပ်ဘက်သွားတာများတယ်လေ။ ရက်ရှည်နေတဲ့လူတွေအတွက် မဟုတ်ပဲ။ ခဏလာပြီး စစ်ရှောင်သူတွေအတွက် နေရာချထားပြီး စားရေး၊ နေရေး ကူညီပေးတာမျိုးပါ။ အခုလည်းလာနေကြတာပဲ။ ကား(၂)စီး(၃)စီး လောက်နဲ့ တစ်ကျောင်းဝင်နေပြီး (၂)ရက်၊ (၃)ရက်လောက်နေပြီး သွားကြတာပေါ့နော်။ အဲဒီတော့ လာတည်းတဲ့ကျောင်းလည်း တာဝန်ပေါ့သွားအောင် စားရေး၊ သောက်ရေးကူညီနိုင်အောင် ဒီလိုလုပ်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ကျိုင်းတုံမြို့၌ နေရပ်စွန့်ခွာစစ်ဘေးရှောင်များအား ခေတ္တတည်းခိုနေ ထိုင်ရန် တည်းခိုနေရာ(၁၀)နေရာထိ လျာထားပေးပြီး တာဝန်ရှိသူများက တည်းခိုနေရာတစ်ခုလျှင် လူဦးနေ(၃၀)မှ (၅၀)ထိသတ်မှတ်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။ “သတ်မှတ်ထားတဲ့ နေရာ(၁၀)နေရာမှာပဲ စီစဉ်ထားတာပေါ့။ ဒါပေမဲ့ တချို့အိမ်လွတ်တဲ့နေရာတွေမှာဆိုရင်တော့ ထားပေးလိုက်မှာပေါ့။ အဲဒါကတော့ ပုဂ္ဂလိကအစီအစဉ်နဲ့လုပ်တာမျိုးတွေတော့ရှိပါတယ်။ ဒီဟာကတော့ လာတဲ့လူတွေကို ဟိုကျောင်းမှာနေ၊ ဒီကျောင်းမှာနေ အဲလိုမျိုးနဲ့ပဲ နေရာချထားပေးတာပေါ့။ ရွာမှာရှိတဲ့ဘုန်းကြီးကျောင်းတွေကလည်း ပံ့ပိုးကူညီလို့ရအောင်လည်း လုပ်တာပါ။ လာရောက် တည်းခိုတဲ့လူက တစ်ကျောင်းနဲ့တစ်ကျောင်းကတော့မတူဘူးပေါ့။ ဝင်လိုက်ထွက်လိုက်တော့ရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA နှင့် TNLA တို့က ပြီးခဲ့သည် ဇွန်လ ၂၅ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအဆက်ဟုထုတ်ပြန်ကာ တိုက်ပွဲများပြန်လည်ဖော်ဆောင်လာသည့်အတွက် ဒေသခံအများအပြားနေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိနေသည်။
zawgyi version
က်ိဳင္းတုံၿမိဳ႕ရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံမ်ားစုေပါင္းကား ေနရပ္ေဒသအသီးသီးမွစစ္ေဘးေရွာင္မ်ားအား ကူညီေပးမည္
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕တြင္ သံဃာေတာ္မ်ား ႏွင့္ ေဒသခံမ်ားစုေပါင္း၍ ေနရပ္ေဒသသအသီးသီးမွစစ္ေဘးေရွာင္မ်ား၏ ေနေရး၊ စားေရးျပႆနာမ်ားကို ကူညီေပးမည္ျဖစ္ေၾကာင္း သိရသည္။
“က်ိဳင္းတုံကို စစ္ေဘးေရွာင္လာတဲ့လူေတြက အဖြဲ႕အစည္းနဲ႔လာတာေတာ့မဟုတ္ဘူးေပါ့ေနာ္။ တစ္ရက္၊ (၂)ရက္ေနၿပီး တာခ်ီလိတ္ဘက္ သြားတာမ်ားတယ္။ တခ်ိဳ႕ကလည္း ဘုန္းႀကီးေက်ာင္းေတြမွာဝင္လိုက္ထြက္လိုက္နဲ႔ဆိုေတာ့ ျပႆနာေတြရွိလာေတာ့ သံဃာေတြအားလုံးနဲ႔ ႐ြာသူ႐ြာသားေတြနဲ႔ စုးေပါင္းၿပီး လက္ခံႏိုင္တဲ့ေက်ာင္းေတြမွာ တစ္ေက်ာင္းကို လူ(၃၀)(၄၀)ေလာက္ လက္ခံေပးမယ္ေပါ့။ ရက္ရွည္လာရင္ေတာ့ ေကြၽးဖို႔ေမြးဖို႔က ဒါကာဒါကာမေတြစုေပါင္းၿပီး ဆန္ေတြ၊ ဆီေတြတတ္ႏိုင္သေလာက္ ကူညီဖို႔ေတာ့ အဲလိုစီစဥ္ထားပါတယ္”ဟု က်ိဳင္းတုံၿမိဳ႕သို႔ စစ္ေဘးေရွာင္လာသူမ်ားအား ကူညီရာတြင္ ႀကီးမႉးသည့္တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
က်ိဳင္းတုံၿမိဳ႕သို႔ စစ္ေဘးေရွာင္လာသူမ်ားအား ကူညီရာတြင္ ကာလတိုေျပာင္းေ႐ႊ႕လာသူမ်ားအတြက္သာ ရည္႐ြယ္ကူညီျခင္းျဖစ္ေၾကာင္းလည္း အထက္ပါတာဝန္ရွိသူက ဆိုသည္။ “ရက္ရွည္ေနဖို႔ကေတာ့ မျဖစ္ေသးဘူးေပါ့။ ဒီဘက္မွာကနယ္စပ္ဘက္သြားတာမ်ားတယ္ေလ။ ရက္ရွည္ေနတဲ့လူေတြအတြက္ မဟုတ္ပဲ။ ခဏလာၿပီး စစ္ေရွာင္သူေတြအတြက္ ေနရာခ်ထားၿပီး စားေရး၊ ေနေရး ကူညီေပးတာမ်ိဳးပါ။ အခုလည္းလာေနၾကတာပဲ။ ကား(၂)စီး(၃)စီး ေလာက္နဲ႔ တစ္ေက်ာင္းဝင္ေနၿပီး (၂)ရက္၊ (၃)ရက္ေလာက္ေနၿပီး သြားၾကတာေပါ့ေနာ္။ အဲဒီေတာ့ လာတည္းတဲ့ေက်ာင္းလည္း တာဝန္ေပါ့သြားေအာင္ စားေရး၊ ေသာက္ေရးကူညီႏိုင္ေအာင္ ဒီလိုလုပ္တာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ က်ိဳင္းတုံၿမိဳ႕၌ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္မ်ားအား ေခတၱတည္းခိုေန ထိုင္ရန္ တည္းခိုေနရာ(၁၀)ေနရာထိ လ်ာထားေပးၿပီး တာဝန္ရွိသူမ်ားက တည္းခိုေနရာတစ္ခုလွ်င္ လူဦးေန(၃၀)မွ (၅၀)ထိသတ္မွတ္ေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။ “သတ္မွတ္ထားတဲ့ ေနရာ(၁၀)ေနရာမွာပဲ စီစဥ္ထားတာေပါ့။ ဒါေပမဲ့ တခ်ိဳ႕အိမ္လြတ္တဲ့ေနရာေတြမွာဆိုရင္ေတာ့ ထားေပးလိုက္မွာေပါ့။ အဲဒါကေတာ့ ပုဂၢလိကအစီအစဥ္နဲ႔လုပ္တာမ်ိဳးေတြေတာ့ရွိပါတယ္။ ဒီဟာကေတာ့ လာတဲ့လူေတြကို ဟိုေက်ာင္းမွာေန၊ ဒီေက်ာင္းမွာေန အဲလိုမ်ိဳးနဲ႔ပဲ ေနရာခ်ထားေပးတာေပါ့။ ႐ြာမွာရွိတဲ့ဘုန္းႀကီးေက်ာင္းေတြကလည္း ပံ့ပိုးကူညီလို႔ရေအာင္လည္း လုပ္တာပါ။ လာေရာက္ တည္းခိုတဲ့လူက တစ္ေက်ာင္းနဲ႔တစ္ေက်ာင္းကေတာ့မတူဘူးေပါ့။ ဝင္လိုက္ထြက္လိုက္ေတာ့ရွိတယ္”ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ MNDAA ႏွင့္ TNLA တို႔က ၿပီးခဲ့သည္ ဇြန္လ ၂၅ ရက္မွစတင္ကာ ၁၀၂၇ စစ္ဆင္ေရးအဆက္ဟုထုတ္ျပန္ကာ တိုက္ပြဲမ်ားျပန္လည္ေဖာ္ေဆာင္လာသည့္အတြက္ ေဒသခံအမ်ားအျပားေနရပ္စြန္႔ခြာစစ္ေဘးေရွာင္ေနရလ်က္ရွိေနသည္။