မြဝတီမြို့ရှိ အွန်လိုင်းမှလိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၈ ဦးကို ပြန်ကယ်တင်

 1670

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂

မြန်မာနိုင်ငံ မြဝတီမြို့ရှိအွန်လိုင်းမှတဆင့် လိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၈ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အိန္ဒိယသံရုံးက အိန္ဒိယနိုင်ငံသား ၈ဦးကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် ကူညီပေးခဲ့သော မြန်မာအာဏာပိုင်များနှင့် ဒေသခံအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း၊ အဆိုပါ အိန္ဒိယနိုင်ငံသားများသည် ထိုင်းနှင့်မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင်အခြေပြုနေသည့် အွန်လိုင်းမှတဆင့်လိမ်လည်နေသည့်ဂိုဏ်းများ၏ ဖြားယောင်းသွေးဆောင်ခြင်းကိုခံခဲ့ရကြောင်း ဖော်ပြထားသည်။

"အိန္ဒိယနိုင်ငံသား၈ ဦးဟာ မြဝတီမြို့ ဖာလူဒေသရှိ အွန်လိုင်းမှတဆင့် လိမ်လည်မှုများ ကျူးလွန်နေတဲ့ အုပ်စုတွေရဲ့သားကောင်ဖြစ်ခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယသားတွေကို ပြန်လည်ကယ်ထားနိုင်ခဲ့ပြီ၊။အဲဒီအိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတွေထဲ ပြန်လည်လွှဲပြောင်းပေးထားတယ်။ မြန်မာအာဏာပိုင်တွေဟာ အဲဒီ အိန္ဒိယနိုင်ငံသားတွေကို လိုအပ်တဲ့အကူအညီတွေ ကူညီထောက်ပံ့ပေးထားတယ်" အိန္ဒိယသံရုံးက ဟုပြောသည်။

အိန္ဒိယအစိုးရသည် အိန္ဒိယနိုင်ငံသားများကို အွန်လိုင်းမှတဆင့် လိမ်လည်နေသည့်ဂိုဏ်းများ၏ ဖြားယောင်းမှုများကို သတိထားရန် တိုက်တွန်းတောင်းဆိုနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသားများသည် မြဝတီမြို့တောင်ပိုင်း ဖာလူဒေသအခြေစိုက်လှုပ်ရှားသည့် အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများ၏ လက်ထဲတွင် ပိတ်မိနေခြင်းများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

Zawgyi Version;
ျမဝတီၿမိဳ႕ရွိ အြန္လိုင္းမွလိမ္လည္ေနသည့္ဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိေနသည့္ အိႏၵိယႏိုင္ငံသား ၈ ဦးကို ျပန္ကယ္တင္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂

ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ရွိအြန္လိုင္းမွတဆင့္ လိမ္လည္မႈမ်ား က်ဴးလြန္ေနသည့္ ဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိေနသည့္ အိႏၵိယႏိုင္ငံသား ၈ ဦးကို ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယသံ႐ုံး၏ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

အိႏၵိယသံ႐ုံးက အိႏၵိယႏိုင္ငံသား ၈ဦးကို ျပန္လည္ကယ္ထုတ္ႏိုင္ရန္အတြက္ ကူညီေပးခဲ့ေသာ ျမန္မာအာဏာပိုင္မ်ားႏွင့္ ေဒသခံအဖြဲ႕အစည္းမ်ားကို ေက်းဇူးတင္ေၾကာင္း၊ အဆိုပါ အိႏၵိယႏိုင္ငံသားမ်ားသည္ ထိုင္းႏွင့္ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္ေသာ ျမဝတီၿမိဳ႕တြင္အေျချပဳေနသည့္ အြန္လိုင္းမွတဆင့္လိမ္လည္ေနသည့္ဂိုဏ္းမ်ား၏ ျဖားေယာင္းေသြးေဆာင္ျခင္းကိုခံခဲ့ရေၾကာင္း ေဖာ္ျပထားသည္။

"အိႏၵိယႏိုင္ငံသား၈ ဦးဟာ ျမဝတီၿမိဳ႕ ဖာလူေဒသရွိ အြန္လိုင္းမွတဆင့္ လိမ္လည္မႈမ်ား က်ဴးလြန္ေနတဲ့ အုပ္စုေတြရဲ႕သားေကာင္ျဖစ္ခဲ့ရတယ္။ လက္ရွိအခ်ိန္မွာေတာ့ အိႏၵိယသားေတြကို ျပန္လည္ကယ္ထားႏိုင္ခဲ့ၿပီ၊။အဲဒီအိႏၵိယႏိုင္ငံသားေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တာဝန္ရွိသူေတြထဲ ျပန္လည္လႊဲေျပာင္းေပးထားတယ္။ ျမန္မာအာဏာပိုင္ေတြဟာ အဲဒီ အိႏၵိယႏိုင္ငံသားေတြကို လိုအပ္တဲ့အကူအညီေတြ ကူညီေထာက္ပံ့ေပးထားတယ္" အိႏၵိယသံ႐ုံးက ဟုေျပာသည္။

အိႏၵိယအစိုးရသည္ အိႏၵိယႏိုင္ငံသားမ်ားကို အြန္လိုင္းမွတဆင့္ လိမ္လည္ေနသည့္ဂိုဏ္းမ်ား၏ ျဖားေယာင္းမႈမ်ားကို သတိထားရန္ တိုက္တြန္းေတာင္းဆိုေနေၾကာင္း သိရသည္။ အိႏၵိယႏိုင္ငံသားမ်ားသည္ ျမဝတီၿမိဳ႕ေတာင္ပိုင္း ဖာလူေဒသအေျခစိုက္လႈပ္ရွားသည့္ အြန္လိုင္းမွတဆင့္ လိမ္လည္ေနသည့္ ဂိုဏ္းမ်ား၏ လက္ထဲတြင္ ပိတ္မိေနျခင္းမ်ား ပိုမိုျမင့္တက္လာေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.