တောင်ကိုရီးယား K-pop အဖွဲ့ 2NE1 comeback ပြန်လာမည်

 528

ရောင်နီ (NP News) - ဇူလိုင် ၂၃

တောင်ကိုရီးယား ကမ္ဘာကျော်အမျိုးသမီး CL၊ Sandara Park၊ Minzy နဲ့ Park Bom အဖွဲ့ဝင် ၄ ဦး ပါဝင်တဲ့ 2NE1 အဖွဲ့ဟာ ၄င်းရဲ့ ၁၅ နှစ်မြောက် ကမ္ဘာလုံးဆိုင်ရာဖျော်ဖြေရေးခရီးစဉ်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီသတင်းကို YG Entertainment တည်ထောင်သူ ယန်းဟန်ဆက်ခ် က တနင်္လာနေ့ (ဇူလိုင် ၂၂ ရက်) မှာ YouTube မှာ ဗီဒီယိုတစ်ခုနဲ့အတူ ကြေညာခဲ့တာဖြစ်ပါတယ်။ ဖျော်ဖြေရေးခရီးစဉ်ကို အခုနှစ် အောက်တိုဘာလကစ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ စတင်ပြုလုပ်မှာဖြစ်ပြီး၊ ဂျပန်နိုင်ငံ၊ အိုဆာကာနဲ့ တိုကျိုမြို့တို့မှာလည်း နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလမှာ သွားရောက်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်ဖျော်ဖြေပွဲတွေ အတွပ်ကတော့ အချိန်ဇယား ချိန်ညှိနေဆဲဖြစ်တာကြောင့် အခြားနိုင်ငံနဲ့ တွေမှာတော့ ဘယ်အချိန်သွားရောက်ဖျော်ဖြေမယ်ဆိုတာ မသိရသေးပါဘူး။

2NE1 အဖွဲ့ဟာ ၂၀၀၉ ခုနှစ် မေလက Fire single နဲ့ ပွဲဦးထွက်ခဲ့ပြီး I Don't Care၊ Lonely နဲ့ Come Back Home အပါအဝင် သီချင်းတွေနဲ့ နာမည်ကျော်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင် Minzy အဖွဲ့မှ ထွက်ခွာပြီးနောက် အဖွဲ့ဟာ disband ဖြစ်ခဲ့ပြီး တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေသာ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။
အခု comeback ဟာ ၈ နှစ်အကြာမှာမှ ပထမဆုံးအကြိမ် 2NE1 ရဲ့ အဖွဲ့ဝင် ၄ ဦးလုံး တစ်စုတစည်းတည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား K-pop အဖြဲ႕ 2NE1 comeback ျပန္လာမည္
ေရာင္နီ (NP News) - ဇူလိုင္ ၂၃

ေတာင္ကိုရီးယား ကမာၻေက်ာ္အမ်ိဳးသမီး CL၊ Sandara Park၊ Minzy နဲ႔ Park Bom အဖြဲ႕ဝင္ ၄ ဦး ပါဝင္တဲ့ 2NE1 အဖြဲ႕ဟာ ၄င္းရဲ႕ ၁၅ ႏွစ္ေျမာက္ ကမာၻလုံးဆိုင္ရာေဖ်ာ္ေျဖေရးခရီးစဥ္အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒီသတင္းကို YG Entertainment တည္ေထာင္သူ ယန္းဟန္ဆက္ခ္ က တနလၤာေန႔ (ဇူလိုင္ ၂၂ ရက္) မွာ YouTube မွာ ဗီဒီယိုတစ္ခုနဲ႔အတူ ေၾကညာခဲ့တာျဖစ္ပါတယ္။ ေဖ်ာ္ေျဖေရးခရီးစဥ္ကို အခုႏွစ္ ေအာက္တိုဘာလကစ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ စတင္ျပဳလုပ္မွာျဖစ္ၿပီး၊ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာနဲ႔ တိုက်ိဳၿမိဳ႕တို႔မွာလည္း ႏိုဝင္ဘာလကုန္နဲ႔ ဒီဇင္ဘာလမွာ သြားေရာက္ေဖ်ာ္ေျဖသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ထပ္ေဖ်ာ္ေျဖပြဲေတြ အတြပ္ကေတာ့ အခ်ိန္ဇယား ခ်ိန္ညႇိေနဆဲျဖစ္တာေၾကာင့္ အျခားႏိုင္ငံနဲ႔ ေတြမွာေတာ့ ဘယ္အခ်ိန္သြားေရာက္ေဖ်ာ္ေျဖမယ္ဆိုတာ မသိရေသးပါဘူး။

2NE1 အဖြဲ႕ဟာ ၂၀၀၉ ခုႏွစ္ ေမလက Fire single နဲ႔ ပြဲဦးထြက္ခဲ့ၿပီး I Don't Care၊ Lonely နဲ႔ Come Back Home အပါအဝင္ သီခ်င္းေတြနဲ႔ နာမည္ေက်ာ္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ အဖြဲ႕ဝင္ Minzy အဖြဲ႕မွ ထြက္ခြာၿပီးေနာက္ အဖြဲ႕ဟာ disband ျဖစ္ခဲ့ၿပီး တစ္ကိုယ္ေတာ္ အႏုပညာလႈပ္ရွားမႈေတြသာ ဆက္လက္လုပ္ေဆာင္ခဲ့တာပါ။
အခု comeback ဟာ ၈ ႏွစ္အၾကာမွာမွ ပထမဆုံးအႀကိမ္ 2NE1 ရဲ႕ အဖြဲ႕ဝင္ ၄ ဦးလုံး တစ္စုတစည္းတည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.